တက္ကသိုလ် ကျောင်းသား (Chapter 8)

in #myanmar6 years ago

FB_IMG_1527335451652.jpg

External ကျောင်းသားအဖြစ် ဖြတ်သန်းရခြင်းက အတော်လည်း ကသိကအောက် နိုင်လှ၏။ ဆယ်တန်းထိ မည်သည့် စာမေးပွဲမှ မအောင်ဖူးသည့် ကျနော် တက္ကသိုလ် ရောက်မှ အပြင်ဖြေ ဖြစ်သည့် အခြေအနေထိသို့ ရောက်သွား၏။ ကျောင်းတက်စရာ မလိုပေမယ့် လစဉ်ဖြေသည့် စာမေးပွဲများကိုတော့ ဖြေရသေး၏။ ထိုစဉ်က စာမေးပွဲကို 1 st term, 2 nd term ဆိုပြီး ခွဲမစစ်ပေ။ နောက်ဆုံး စာမေးပွဲတခုသာ ရှိပြီး ထို နောက်ဆုံး စာမေးပွဲ မတိုင်မီ ပထမ လပတ်၊ သုံး လပတ်၊ ခြောက်လပတ် ဆိုပြီး စာမေးပွဲများ ကျင်းပ၏။ Fourth Year မှာတော့ 1 st term, 2 nd term ဆိုပြီး စာမေးပွဲခွဲစစ် ပြန်၏။ မြေစမ်း ခရမ်းပျိုးလို့ မပြီးသော ပညာရေး စနစ်ပင် ဖြစ်၏။

ကျနော်သည် ကျောင်းသို့ နေ့စဉ် လာတက်ဖို့ မလိုသော်လည်း လပတ်စာမေးပွဲများကို တော့ လာဖြေရ၏။ ထိုစဉ်က အပြင်ဖြေ ကျနော်သည် ဆယ်တန်းစာမေးပွဲ ဖြေပြီးချိန် အားလပ်ရက်၊ တက္ကသိုလ် စာမေးပွဲများ ဖြေဆိုပြီးနောက် ရက်ရှည်ကျောင်းပိတ်ရက်များတွင် အလုပ် လုပ်လေ့ ရှိသော် စာအုပ်ဆိုင်တွင် အလုပ် ပြန်ဝင်လုပ်နေပြီ ဖြစ်၏။ စာမေးပွဲ ဖြေရသည့် ရက်များတွင် အလုပ်မှ ခဏခွင့်ယူပြီး ကျောင်းသို့ သွားရ၏။ စာမေးပွဲသည် နေ့လည်မှ ဖြစ်သဖြင့် မနက်တပိုင်းကိုတော့ အလုပ် လုပ်လိုက်သေး၏။ စာကျက်ထားဖို့လား။ ပူစရာမလိုပေ။ လပတ်စာမေးပွဲဟု သာ ခေါ်ခြင်း ဖြစ်၏။ တယေက်နှင့် တယောက် ကူးလို့ ရ၏။ စာအုပ်ထဲက ထုတ်ကူးလို့တော့ မရပေ။ စာကျက်ထား၊ စာရသည့်သူ ထံမှ ပြန်လည် ကူးချကြခြင်း ဖြစ်၏။

received_367207637048102.jpeg

အလုပ်တဖက်နှင့် ကျနော်မှာ့ စာကျက်ချိန် သိပ်မရပေ။ သို့နှင့် ကူးသာချရတော့၏။ အလုပ်သို့ ကျောင်းဝတ်စုံထည့်လာ၊ လိုင်းကားစီး၊ ကျောင်းရောက်တာ့ သန့်စင်ခန်းသို့ သွားပြီး အ၀တ်လဲ၊ နောက် စာမေးပွဲဖြေ ( စာကူး )၊ ပြီး လိုင်းကားစီး အလုပ်ပြန်သွားပေါ့။ ယခင်နှစ်က ကျနော် စာပြန်ပြောပြ၊ သင်ပြပေးခဲ့သော သူငယ်ချင်းများလည်း ပေါင်းကူး ပါသဖြင့် တတိယနှစ်ကို ပြန်တက်နေပြီ ဖြစ်၏။ ကျနော်နှင့် အတူတူပေါ့။ သူတို့ရှိနေသေးလို့သာ ကျနော့်မှာ စကားပြောဖော် ရှိနေခြင်း ဖြစ်၏။ ထို နှစ်တွင် အပြေဖြေ ကျနော့်ကို ထည့်မတွက်လျှင် ယောက်ျားလေး (၄) ယောက် ရှိ၏။ ထို (၄) ယောက်ထဲတွင် ကျနော်နှင့် မကြာမကြာ စကားလက်ဆုံ ကြလေ့ ရှိသူ တယောက် ရှိ၏။ သူသည် ကျနော် အလုပ်လုပ်သည့် စာအုပ်ဆိုင်မှာ မကြာမကြာ စာအုပ် လာဝယ်ဖူး၏။

အစောပိုင်းက တယောက်နှင့် တယောက် သတိမထားမိပေ။ နောက်မှ သတိထားမိ၊ မှတ်မိသွားခြင်း ဖြစ်၏။ စာအုပ် အကြောင်းတွေ၊ စာရေးဆရာ အကြောင်းတွေ အတော် ပြောဖြစ်ကြ၏။ လပတ်စာမေးပွဲများ သွားဖြေတိုင်း သူနှင့် စကားပြော ဖြစ်၏။ သူနှင့် စကားပြောပြောနေလေ့ ရှိသော ကျနော့်ကို ဟို သူငယ်ချင်းမ (၅) ယောက်က လာလာပြီး မေးလေ့ ရှိ၏။ နင် သူနဲ့ စကားပြောလို့ ရလား ဟင် .. တဲ့။ ဘာလို့လဲ ဟု ကျနော်မေးတော့ သူက တခန်းလုံးက ဘယ်သူနှင့်မှ စကားသိပ်ပြောတာ မဟုတ်ဘူးတဲ့။ သူ အကြာဆုံး စကားပြောတာ နင်တယောက်ပဲ ရှိတယ်ဟု တညီတညွှတ်ထဲ ဖြေကြ၏။ သူ့ ပုံစံကလည်း သူတို့ ပြောသလိုပင် နည်းနည်းတော့ ကန့်လန့် နိုင်၏။ သို့သော် ကျနော်နှင့်တော့ ပေါင်းလို့ သင်းလို့၊ ပြောလို့ ဆိုလို့ ကောင်း၏။

received_367159270386272.jpeg

အပြင်ဖြေနှစ်မှာတော့ ကဗျာစာအုပ် မလုပ် ဖြစ်ပေ။ (၇) တန်းနှစ်ကတည်းက ဆော့ကစားလာသည့် တိုက်ကွမ်ဒို အားကစားကိုလည်း မဆော့ ဖြစ်တော့ပေ။ ဆရာက မင်း ကျောင်းပြီးမှာပဲ လာဆော့တော့ကွာ ဟု မှာထား၏။ ပြည်နယ်လက်ရွေးစဉ်အဖြစ် ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်သည့် (၂) နှစ်လုံး စာမေးပွဲ မအောင်သောကြောင့် ဖြစ်၏။ ဆိုင်ဆိုင် မဆိုင်ဆိုင် ဆရာကတော့ ကျောင်းပြီးမှသာ ကျနော့်ကို ပြန်လာဆော့ဖို့ အသေအချာကို မှာ၏။ သို့နှင့် စာအုပ်ဆိုင် … ကျောင်း၊ ကျောင်း … စာအုပ်ဆိုင် စသည်ဖြင့် ကျနော့်နေ့ရက်များသည် ကုန်ဆုံးတော့၏။ ဂိမ်းလည်း မဆော့နိုင်တော့ပေ။

ဤသို့ဖြင့် နောက်ဆုံး စာမေးပွဲ ဖြေပြီးနောက် အောင်စာရင်းများ ထွက်၏။ ကျနော် အောင်၏။ Fourth Year သို့ တက်ခွင့် ရပြီ ဖြစ်၏။ ကျောင်းမှာ ကျနော်တို့ မေဂျာကို စာသင်ပေးသည့် ဆရာကတော့ ပြော၏။ အပြင်ဖြေထဲမှ ပြန်လာနိုင်တာ မင်းတယောက်ထဲ ရှိသေးတယ် ဆိုပြီး မှတ်ချက်ပေး၏။ ဆရာပြောတာလည်း မှန်၏။ အပြင်ဖြေကနေ ကျောင်းဖြေ အဖြစ်သို့ ပြန်လာနိုင်သူသည် ကျောင်း၏ သမိုင်းတလျှောက် ကျနော် တယောက်သာ ရှိ၏။ ထိုနှစ်မှ တခြား မေဂျာမှ အပြင်ဖြေများလည်း မအောင်ကြပေ။ ကျနော် ကျောင်းပြီးသွားချိန်ထိ အပြင်ဖြေများထဲတွင် ပြန်လာနိုင်သူမှာ ကျနော် တယောက်ထဲသာ ရှိ၏။ နောက်ပိုင်း နှစ်များကိုတော့ မသိပေ။ သို့ပေမယ့် ဆရာနှင့် ဆုံလို့၊ တွေ့လို့ မေးကြည့်တိုင်း ယခုချိန်ထိတော့ ကျနော့် စံချိန်ကို ချိုးနိုင်သူ မရှိသေးပေ။ ပြောရလျှင် စံချိန်တူသူကို မရှိသေးပေ။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

ကိုဒွန်‌‌ရေပြီး မှဖတ်‌မယ်‌‌နော်‌။

ရပါတယ် အကို

အဆက်​ကို​မျှောလျှက်​ပါ

Posted using Partiko Android

ဟုတ်

ကိုဒွန်ဘဝအကြောင်းလားဗျာ
ထူးခြားတာပေါ့နော့ တစ်ယောက်တည်းဆိုတော့

တယောက်တည်း ဖြစ်နေတဲ့ အချိန်တွေက များပါတယ်ဗျာ

စံချိန်ချိုးနိုင်တဲ့သူမရှိသေးဘူးဆိုတော့ တော်ရုံ အရည်အချင်းမဟုတ်ဘူးနော်။နဂိုရှိလို့နဂိုင်းထွက်တာနေမှာပါ။

ဟုတ်
ဒါပဲလေ ဒါပဲ
External ဖြစ်နေတာတောင် စံချိန်တိုင်းနေတာမျိုး ပေါ့ 😁

ကို ဒွန်က တိုက်ကွမ်ဒိုလည်း ရတယ်ပေါ့နော်

ရပါ့။
ကြွားတော့ မဟုတ်ဘူး။ ခါးပတ်နက်နော် 😊

စာမေးပွဲဖြေရတာ တော်တော်သက်သာတယ်နော်။ဟီး...ကူးလို့ရတယ်ဆိုတော့။

Posted using Partiko Android

ဟုတ်ပ
ကြာတော့ ပျင်းလာတယ် 😁

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66038.71
ETH 3178.89
USDT 1.00
SBD 4.05