တက္ကသိုလ် ကျောင်းသား (Chapter 11)

in #myanmar5 years ago

FB_IMG_1527335451652.jpg

နောက်ဆုံးနှစ် (BE) တွင် စာစဉ်အတူလုပ်သည့် သူငယ်ချင်း မရှိတော့သဖြင့် ကိစ္စတော်တော်များများကို ကျနော် တယောက်ထဲ လုပ်ရတော့၏။ စာစဉ်ထွက်ခါနီး ရက်များတွင်တော့ သူငယ်ချင်းက လာပြန်ကူပေးလေ့ ရှိ၏။ နှစ်စပိုင်းလောက်က ထုတ်သည့် (၃)၊ (၄) ပတ်စဉ်လောက်ထိသာ လာကူပေး၏။ နောက်ပိုင်းတွင်တော့ သူ ဆွဲထားသည့် မျက်နှာဖုံး ဒီဇိုင်းများကို Gmail ကနေ သော်လည်းကောင်း၊ Memory Stick တွင်ထည့်၍ လူကြုံ တယောက်ယောက်နှင့် သော်လည်းကောင်း ပို့ပေး ထည့်ပေးလေ့ ရှိ၏။ လူကိုယ်တိုင်တော့ မလာတော့ပေ။ သူအနေနှင့်လည်း အခြားလုပ်ဆောင်စရာ ရှိသည်များကို လုပ်ဆောင်ရဦးမည် မဟုတ်လား။ ကျောင်းဆက်တက်ခွင့် မရတော့သဖြင့် အခြားလေ့လာစရာများကို လေ့လာမှု ပြုရဦးပေလိမ့်မည်။

သို့နှင့် နောက်ပိုင်းတွင်မူ စာစီစာရိုက်လည်း ကျနော်၊ စာလုံးပေါင်း သတ်ပုံ စစ်လည်း ကျနော်၊ သုတ၊ ရသ၊ ကာတွန်း၊ ကဗျာ အစရှိသည်တို့ကို မည်သည့်နေရာတွင် မည်သို့ ထားမည်တို့ကို နေရာချရာတွင်လည်း ကျနော်၊ စာရွက်များ Print ထုတ်ရာတွင်လည်း ကျနော်၊ စာစဉ် ရောင်းဝယ်ခြင်း အမှုမှာလည်း ကျနော် အစရှိသဖြင့် တာဝန်အားလုံးကို ကျနော် ယူရတော့၏။ ရှေ့ နှစ်က လုပ်ကိုင်ထားဖူးသည့် အတွေ့အကြုံကြောင့်သာ အဆင်ပြေပြေနှင့် ပြီးစီး၏။ သို့သော် တယောက်တည်း လုပ်ကိုင်ရခြင်း ဖြစ်သဖြင့် အချိန်တော့ ပိုကြာ၏။ ယခင် (၂) ယောက် အတူ လုပ်တုန်းက (၃) ရက်လောက်သာ အချိန်ယူရသော်လည်း ယခု တယောက်တည်း လုပ်ချိန်မှာတော့ တပတ်လောက်ကို အချိန်ယူရတော့၏။

ထိုကဲ့သို့ တပတ် ကြိုတင် လုပ်ဆောင်ထားမှာလည်း စာစဉ်ထွက်မည့် ရက်နှင့် အချိန်ကိုက် ထုတ်ဝေနိုင်မည် ဖြစ်၏။ စာစဉ် ထွက်ခါနီး (၄)၊ (၅) ရက်များတွင် ကျနော်၏ အိပ်ချိန်မှာ တရက်လျှင် (၂) နာရီလာက်သာ ရှိ၏။ နေ့လည် နေ့ခင်းက ကျောင်းသွားရသေးသဖြင့် ညဖက်မှသာ စာရိုက်နိုင်၏။ မိမိရေးထားသည့် စာ၊ အခြားသူများ ပေးပို့ထားသည့် စာမူများကို ပြန်လည်ပြီး ရိုက်ရ၏။ ထိုစဉ်က ကျနော်တို့ထံသို့ စာမူ ပေးပို့ သူများသည် မည်သူမှ Soft copy နှင့် မပေးကြပေ။ ထိုစဉ်က ကျောင်းသူ ကျောင်းသား အနည်းစုတွင်သာ computer, laptop ရှိကြ၏။ Smart Phone တောင် keypad phone များသာ ရှိ၏။ ဆိုရလျှင် ယခုလောက် ခေတ်မမီသေးပေ။ ညဖက် ညဖက် တော်တော်နှင့် မိအိပ်ပဲ စာစီ၊ စာရိုက်လုပ်နေလေ့ ရှိသော ကျနော့်ကို အမေက ဆူလေ့ ရှိ၏။

received_367207637048102.jpeg

စာစဉ် လုပ်နေစဉ် ကာလအတွင်း ကျနော်သည် တလလျှင် (၂) ပတ်လောက် အမေ၏ ဆူပူ၊ ဆုံးမမှုကို ခံရ၏။ အချိန်မှန် မအိပ်ဘူး၊ စာလုပ်တာလဲ မဟုတ်ပဲနဲ့၊ ဒါတွေ လုပ်နေလို့ ဘာတွေ ဖြစ်လာမှာ ကြနေ ဆိုပြီး မကြာမကြာ ပြောလေ့ ရှိ၏။ ထိုစဉ်က ကျနော် laptop ဖွင့်ပြီး စာရိုက်မည် ပြင်တိုင်း အမေက ထိုသို့ ပြောနေကြ ဖြစ်၏။ ကြာတော့ ကြားနေကြလို ဖြစ်သွားပြီး ဘယ်လိုမှ မနေတော့ပေ။ အမေလည်း ကျနော့်အား ပြောမရသဖြင့် လွှတ်သာ ထားရတော့၏။ ခိုး၊ ဆိုး၊ လု၊ နှိုက်၊ ဆေးသုံး၊ ရန်ဖြစ်နေခြင်း မဟုတ်ပြန်တော့လည်း အမေ့မှာ ကျနော့်ကို ပြောရခက်နေပြန်၏။

တရက်ရက် စာစဉ် လုပ်ဖို့ သူငယ်ချင်း ပို့ပေးထားသည့် laptop နှင့် စာရိုက်၊ စာစီ၏။ အားလုံး စီပြီး ရိုက်ပြီးသွားလျှင် printer နှင့် စာရွက်များ ထိုင်ထုတ်ပြီး နံပတ် အစီအစဉ်အလိုက် ထို ထုတ်ထားသည့် စာရွက်များကို ပြန်စီရပြန်၏။ စာစဉ်မှ စာရွက်များအားလုံးကို print ထုတ်၏။ မူရင်း တခုကို print ထုတ်ပြီး ထူမူရင်းမှ copy ပြန်ပွားခြင်း မဟုတ်ပေ။ ထိုစဉ်က စစ်အစိုးရ လက်ထက်သာ ဖြစ်သဖြင့် ကျောင်းသူ၊ ကျောင်းသားများကို ယခုကဲ့သို့သော စာပေလှုပ်ရှားမှုများအား တရားဝင်ခွင့်ပြုပေးထားခြင်း မရှိပေ။ သို့နှင့် မူရင်း တစောင်ထုတ်ပြီး copy ကူးဖို့မှာ မဖြစ်နိုင်ပေ။ copier ဆိုင်များကလည်း လက်ခံပြီး ဆောင်ရွက်ပေးမည် မဟုတ်ပေ။ သို့နှင့် သူငယ်ချင်း၏ ကိုယ်ပိုင် ၀ယ်ထားသည့် printer ဖြင့်သာ စာစဉ် စာရွက်အားလုံးကို print ထုတ်ရလေ၏။

ထို့ကြောင့် စာစဉ်ကို ကျနော် တယောက်တည်း လုပ်နေစဉ်ကာလက အိမ်တွင် ညနက်သည်အထိ တဂျောက်ဂျောက်၊ တဒီးဒီး၊ တဒေါင်ဒေါင် အသံများကို ကြားနေရလေ့ ရှိ၏။ အစပိုင်းမှာ အသားမကျ သဖြင့် အမေက ကျနော့်ကို ဆူ၏။ မင်း အိပ်ရေး မ၀တာကို အားမရလို့ အိမ်ကလူတွေကိုပါ အိပ်ရေး မ၀အောင် လုပ်မလို့လား ပေါ့။ အနှီ printer သံ၊ စာရိုက်သံက နေ့လည် နေ့ခင်းသာ မသိသာတာ၊ ညဖက် လူခြေတိတ်ချိန်ဆိုလျှင်တော့ အသံက သိသိသာသာကြီး ကျယ်နေသလိုကို ဖြစ်တော့၏။ သို့နှင့် ကျနောက်လည်း နောက်ပိုင်းတွင် ညဖက်များ၌ print မထုတ်တော့ပေ။ စာရိုက်လည်း အတန်ငယ် ကျွမ်းလာပြီ ဖြစ်သဖြင့် စာရိုက်သံလည်း ယခင်လောက် မကျယ်တော့ပေ။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

တက္ကသိုလ်ကျောင်းသားဘဝ အမှတ်တရလေးတွေပေါ့

Posted using Partiko Android

ဟုတ်တယ် မစု

ငယ်​ဘဝအ​ကြောင်း​လေး​တွေဘဲ ​ရေး​ကောင်းပါတယ်​ဗျာ
အလွမ်းေ ပြ​ပေါ့

ဟုတ်တယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အဟေး ဆာဒွန်တော့ နောက်ဆုံးနှစ်ရောက်သွားပြီ ☺

ဆွဲဆန့်ထားဦးမှ 😁

ဆာဒွန် တော်ချက်

ငှယ့် အမှန်တော့ ရှော်တာ

‌လေးစားပါတယ်‌ဗျာ။ချီးကျူးပါတယ်‌။

ကျေးဇူးပါ အကို

ခုလည်း ရိုက်နေတုန်းလားဘဒို။

ရိုက်တယ်
Steem မှာ 😁

ဟီး အပြင်မှာကော ထင်နေတာ

ကျောင်းသားဘ၀အ​ကြောင်းအရာ​လေး​တွေဖတ်​လို့​ကောင်း​ပါတယ်​...အမှတ်​တရ​တွေ​ပေါ့...

Posted using Partiko Android

ဟုတ် ကျေးဇူးပါဗျ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64999.89
ETH 3101.81
USDT 1.00
SBD 3.87