Reviews are Back

in #myanmar5 years ago

t5n9axz4v5.jpg

လွန်ခဲ့သော (၂) ပတ်လောက်က Weekend တွေမှာ movie review ပြန်ရေးမည်ဟု တွေးထား၊ တေးထားခဲ့၏။ သို့ပေမယ့် ပြီးခဲ့တဲ့ တပတ်ကတော့ မရေးဖြစ်၊ မရေးလိုက်ရပေ။ ဇာတ်ကားတွေက ကြည့်ဖြစ်၏။ သို့ပေမယ့် မရေး ဖြစ်နေခြင်း ဖြစ်၏။ ရေးမည် ရေးမည်နှင့် မေ့မေ့သွား၊ ကျော်ကျော်သွားခြင်း ဖြစ်၏။ မနေ့ည ကဆိုလျှင် ရုပ်ရှင် (၂) ကားဆက်တိုက်တောင် ကြည့် ဖြစ်၏။ Spiderman: Far from Home နှင့် Yesterday ဖြစ်၏။

Spiderman ကိုတော့ သိပ်ပြီး အကြိုက် မတွေ့လှပေ။ ကြည့်ရတာ ပေါ့နေသလိုလို၊ တခုခု လိုနေသလိုလို ခံစားရ၏။ Spiderman ကို ဟိုးယခင် မူလ အစ Spiderman ကို ပိုပြီး သဘောကျ နှစ်သက်မိ၏။ ထို့ကြောင့်ပင် သူ့နောက်ပိုင်း ရိုက်သည့် amazing spiderman နှင့် ခု လက်ရှိ spiderman ကားများကို လုံးဝ မကြည့်ပေ။ ခံစားရသည့် ရသပိုင်းက အတော်လေးကို ကွာဟ သွားသည်ကိုး။ ဒါက မိမိ တဦးတည်း၏ အမြင် ဖြစ်၏။ လက်ခံသည်ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ ကျနော် ခံစားမိသည်ကို ပြောခြင်း ဖြစ်၏။

ခု နောက်ဆုံး ထွက် Far from home ကိုတော့ အနည်းငယ် စိတ်ဝင်စားမိ၏။ End Game နောက်ပိုင်း အဘယ်ကဲ့သို့သော ချိတ်ဆက်မှုများနှင့် ဖြစ်လာမည်ကို သိလိုလှ၏။ ထို သိချင်စိတ်ကြောင့်ပဲ ကြည့် ဖြစ်သွားခြင်းဖြစ်၏။ သို့ပေမယ့် အထင်နှင့် အမြင် လွဲသွား၏။ ဇာတ်လမ်း ဇာတ်ကွက် ချိတ်ဆက်ထားပုံက မဆိုးလှပေမယ့် ကြည့်ရှုခံစားရသည့် နေရာမှာ အရသာ မတွေ့ ဖြစ်နေ၏။ ပမာပြရလျှင် နာမည်ကြီး ဈေးကြီးသည့် ဟင်းပွဲ ဖြစ်နေပေမယ့် အရသာက ထင်သလောက် မကောင်းနေသလိုမျိုး ဖြစ်ပေလိမ့်မည်။

သို့နှင့် ကျနော်လည်း Yesterday ကို ဆက်ကြည့် ဖြစ်၏။ ထိုကားကတော့ ဟာသ ဒရမ်မာ ကားလေး ဖြစ်၏။ ပေါ့ပေါ့ပါးပါးနှင့် ကြည့်လို့ကောင်း၏။ အခြားသူများတော့ မသိပေမယ့် ကျနော်ကတော့ ကြိုက်၏။ ဇာတ်လမ်းဇာတ်အိမ်လေးက ထူးခြား၏။ သာမန်ရိုးကျ ဇာတ်လမ်းမျိုးများနှင့် မတူဘဲ ခွဲထွက်နေသည့် ဇာတ်ကားမျိုးဟု ပြောလို့ ရမည် ထင်၏။ သီချင်းများ ကြိုက်နှစ်သက်သည့်သူများအဖို့ ထို ဇာတ်ကားလေးကို ကြိုက်မည် ထင်၏။ Beatles ကို ကြိုက်နှစ်သက်သည့် သူများ သဘောကျနိုင်လောက်သည့် ဇာတ်ကားမျိုးလေး ဖြစ်၏။

ဟာသ ဒရမ်မာ ဆိုပေမယ့် facny ဖက်တောင် သန်းချင်နေသေး၏။ ပြောရလျှင် comedy, drama, fancy စသည့် အမျိုးအစား ဇာတ်ကားမျိုး ဖြစ်၏။ သိပ္ပံဇာတ်ကား ကြည့်ပြီးမှ ထိုဇာတ်ကားမျိုးကို ဘယ်လိုကနေ ဘယ်လိုများ ဆက်ကြည့် ဖြစ်သွားသနည်းဟု မေးစရာရှိ၏။ အမှန်တော့ ထိုဇာတ်ကား (၂) ကားလုံး သူငယ်ချင်းနားက ယူလာခြင်းဖြစ်၏။ ကျနော်က yesterday ပဲ ယူမလို့ ဖြစ်၏။ အခြားသူငယ်ချင်းများက spiderman ကြည့်ချင်ကြခြင်း ဖြစ်၏။ ဖြစ်ချင်တော့ ဇာတ်ကားပါသည့် hard-disk ကို usb မှ တဆင့် ကျနော့် ph နှင့် ချိတ်ထားလိုက်ပြီကိုး။ သို့နှင့် တလက်စထဲပဲ ကျနော့် Ph ထဲကို spiderman ပါ ကူးယူပေးလိုက်ရခြင်း ဖြစ်၏။ ပြောချင်တာက ကျနော် တကယ် ကြည့်ချင်တာက yesterday ဖြစ်၏။ spiderman ကအပိုဆု အနေနှင့် ကပ်ပါလာခြင်း ဖြစ်၏။ မနက်ဖြန်တော့ yesterday ဇာတ်ကားအကြောင်းလေး ရေးပါဦးမည်။

Don Jaun

MSC 31

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64029.44
ETH 3157.04
USDT 1.00
SBD 4.02