On my Way

in #myanmar5 years ago

t5n9axz4v5.jpg

Steem ဈေး ကျနေခဲ့သည်မှာ တော်တော်လေး ကြာသွားခဲ့ပြီ ဖြစ်၏။ တနှစ်ပင် ရှိတော့မည် ထင်၏။ ခေတ်ကောင်းကို မီခဲ့ဖူးသောသူများ အဖို့ ယခုလို ရှည်ကြာစွာ ဈေးကျနေခြင်းက တော်တော်လေး ခံရခက်စေ၏။ တချိန်ချိန် ပြန်တက်နိုးနိုးနှင့် မျှော်လင့်နေခဲ့သည်မှာလည်း လည်ပင်း ရှည်လှပြီ ဖြစ်၏။ ဈေး မတက်ပေမယ့် တဆင့်ပြီး တဆင့် တိုးတက် ပြင်ဆင်လာသည့် steemit platform ၏ အခြေအနေများကြောင့် မျှော်လင့်ချက်တွေ ဆက်လက်ပြီး ရှင်သန်နေရ၏။

HF 20 မှသည် HF 21 သို့ ကူးပြောင်းသွားသည့် အချိန်ကာလအတွင်းမှာ ပြောင်းလဲမှုတွေ အများကြီး တွေ့ခဲ့ရ၏။ platform အနေနှင့် သိပ်ပြီး သိသိသာသာ ပြောင်းလဲသွားခြင်း မရှိပေမယ့် သုံးစွဲသူ အများစုကတော့ ပြောင်းသွားကြ၏။ HF 20 မှာပင် နည်းပါးနေပြီး ဖြစ်သော steemit အသုံးပြုသူများသည် HF 21 မှာတော့ ပိုပြီး နည်းသွားခဲ့ရ၏။ အချို့က active မဖြစ်ရုံလောက်သာ ဆိုပေမယ့် အချို့က လုံးဝကို power down ပြီး ထွက်ခွာသွားကြတော့၏။ Steemit ၏ ဆက်လက်ချီတက်မည့် ခရီးလမ်းမှာ သူတို့ မလိုက်လိုကြတော့ပေ။

အချို့ကတော့ မခွဲမခွာ steemit နှင့် တသားထဲ ရှိနေကြသေး၏။ ပြောင်းလဲခြင်းတိုင်းသည် အမြဲတမ်း အကောင်းတော့ မဖြစ်နိုင်ပေ။ အကောင်းအဆိုး ဒွန်တွဲနေသည့် လောကသဘာဝအရ ကောင်းခြင်း ဆိုးခြင်းတွေကတော့ ရှိနေဦးမည် ဖြစ်၏။ အဆိုးနည်းပြီး အကောင်းများနေလျှင် ကောင်းမွန်သည်ဟု ပြောလို့ ရသော်လည်း အကောင်းနည်းများ အဆိုးများနေလျှင်တော့ ထိုပြောင်းလဲခြင်းသည် မကောင်းမွန်သော ပြောင်းလဲခြင်းဟု ပြောရပေလိမ့်မည်။

Steemit ခေတ်မထခင်ကတည်းက စတင်ဝင်ရောက်ခဲ့ပြီး ခေတ်ကောင်းချိန်ကိုလည်း မီခဲ့သည့် ကျနော်တို့ အဖို့ ခုလို ခေတ်ပျက် (အမှန်တော့ လုံးဝကြီး ပျက်နေခြင်းမျိုး မဟုတ်ဘဲ ဈေးလေးလောက်သာ ကျနေခြင်း ဖြစ်၏) မှာလည်း ဆက်ရှိနေခဲ့၏။ ဘာလို့လဲပေါ့။ ယခင်လောက် အကျိုး ရလဒ်မှ မများတော့ပဲ ဘာလို့များ အားထုတ်ချင်နေရသေးတာလဲဟု မေးစရာ ရှိလှ၏။ တချိန်ချိန်မှာ ဆိုသည့် မျှော်လင့်ချက်ကြောင့် ဆက်ရှိနေခြင်းဖြစ်သည်ဟု ဖြေရမည် ထင်၏။ ထို့ထက် steemit ကို ချစ်သောကြောင့် ဖြစ်၏။

တနေ့ တနေ့ Steemit ထဲကို မ၀င်ကြည့်ဘဲ မနေနိုင်။ post တင်ခြင်း၊ vote နှင့် comment ပေးခြင်းများက ကျနော်၏ နေ့စဉ် အလုပ်များ ဖြစ်နေတော့၏။ ယခင်က နေ့စဉ် steem ဈေးကို လိုက်လံကြည့်ရှုမိ၊ ကြည့်ရှု ဖြစ်သော်လည်း ယခုအခါမှာတော့ ထိုဈေးကိုလည်း သတိမထားမိတော့ပေ။ ကြည့်လည်း မကြည့်ဖြစ်တော့ပေ။ ကြည့်လည်း ထူးမှ မထူးဘဲ။ ဈေးက ဒုံရင်း ဒုံရင်းကိုး။ မည်သို့ပင်ဆိုစေ ဈေး အတက်အကျသည် ကျနော်တို့၏ စာရေးသားခြင်း၊ ပိုစ့်တင်ခြင်းများကို ထိခိုက်စေခြင်း ယိမ်းရိုင်စေခြင်းငှာ မစွမ်းသာပေ။ ဈေးကျချင်ကျ၊ တက်ချင်တက် ကိုယ်တွေကတော့ ရေးနေဦးမည် ဖြစ်၏။

Don Jaun

MSC 31

Sort:  

You seem to be using older version of eSteem!
Please update to newest version to get most out of eSteem, Install Android, iOS mobile app. For desktop Windows, Mac, Linux Surfer app!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64507.66
ETH 3080.07
USDT 1.00
SBD 3.85