FlashbacksteemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

Steemit မှာ ကျင်လည် လာခဲ့တာ လာမည့် June လထဲဆိုလျှင် (၂) နှစ်တောင်ပြည့်တော့မည် ဖြစ်၏။ (2017) က စတင်ခဲ့သည့် ကျနော့် steemit ခရီးသည် တနှစ်ခွဲလောက်ကြာပြီး (2019) January လရောက်ခါမှ SP 1000 ပြည့်တော့၏။ ဆရာတွေနှင့် ယှဉ်ကြည့်လိုက်လျှင် SP 1000 က မပြောပလောက်ပေမယ့် ကျနော့်အတွက်တော့ တကယ့်ကို အဖိုးတန်သည့် မှတ်တိုင်ပင် ဖြစ်၏။ SP 1000 ပြည့်အောင် အချိန်ဘယ်လောက်ယူ၊ ဘယ်မျှ ကြိုးစားခဲ့ရသည်ကို steemit မှာ ရှိနေသူတိုင်း သိကြပေလိမ့်မည်။ အရင်းအနှီး စိုက်နိုင်သူများ အဖို့ကတော့ SP အပြည့်မြန်ဖို့က သိပ်မခက်ပေ။

အစောပိုင်း ကာလ Steem, SBD ဈေးကောင်းနေစဉ်တုန်းကတော့ steem ၀ယ်စုပြီး SP တိုးအောင်လုပ်ဖို့ ခက်ခဲ့၏။ ယခု steem ဈေးကျနေချိန်ပြန်တော့ လက်ထဲ ပိုက်ဆံ မရှိသဖြင့် မ၀ယ်စု နိုင်ခဲ့ပေ။ ဆိုးလှ၏။ ကျနော့် steemit လမ်းစဉ်က တကယ့်ကို ရိုးရိုးကြီး ဖြစ်နေခဲ့၏။ နေ့စဉ် မဟုတ်တောင် ရက်ခြား လေး ပိုစ့်တင်ရင်းနှင့် SP စုခဲ့ရ၏။ ထိုသို့ စုနိုင်ခဲ့သည်မှာလည်း @kachinhenry ဦးဆောင်သည့် @steem-myanmar Community အဖွဲ့ကြောင့်ပင် ဖြစ်၏။ ကိုဟင်နရီကြောင့် နိုင်ငံရပ်ခြားမှ support ပေးသူများ ရရှိခဲ့၏။ ထို support ကို အားလုံး ညီတူမျှတူ ရပြီး ရှေ့ဆက်နိုင်အောင် MSC က စီမံခန့်ခွဲ ကူညီလုပ်ဆောင်ပေးခဲ့၏။ ကိုဟင်နရီနှင့် MSC မိသားစုဝင် အားလုံးကို ဤနေရာမှနေ၍ ကျေးဇူးတင်ကြောင်း ပြောလို၏။ အပေါ်ယံလေး မဟုတ်ပေ၊ တကယ့်ကို ရင်ထဲ အသည်းထဲကကို ကျေးဇူးတင်ရပါ၏။

1_G2WAemZCqwmJ8O1sIaknKA (1).png
photo from Google

SP များများနှင့် မြန်မြန် ပြည့်အောင် လုပ်ဆောင်နိုင်သည့် နည်းလမ်းများ များစွာ ရှိပေမယ့် ကျနော့် အတွက်တော့ အဆင်မပြေလှပေ။ အဓိက ကတော့ ကျနော်၏ မကျွမ်းကျင်မှု ဖြစ်၏။ တချို့ ဆရာ့ ဆရာများ ချပေး၊ ပြောပြပေးသည့် နည်းလမ်းများက ကျနော့်အတွက်တော့ မလွယ်ကူလှပေ။ သို့သော် သေချာ လေး လေ့လာ လိုက်လျှင်တော့ ဖြစ်နိုင်၏။ တချိန်ချိန်မှာ အချိန်ပေးပြီး လေ့လာမည်ဟု တေးထား၏။ အဘယ်ကြောင့် ဆိုသော် ကျနော်သည် steemit မှာ ပျော်နေပြီ ဖြစ်၏။ ဒီမှာ ကြာကြာနေနိုင်ဖို့ ကျနော် မျှော်မှန်း စိတ်ကူးထား၏။ Steemit ဂရုကြီး တပါး မဟုတ်ခဲ့လျှင်တောင် Steemit ဂျပိုး လောက်တော့ ဖြစ်ချင်၊ ဖြစ်လို လှ၏။

တနှစ်ကျော် ကာလအတွင်း မိမိ ကိုယ်ကို အားရခဲ့သည်များလည်း ရှိသလို၊ စိတ်ပျက်စေခဲ့မှုများလည်း ရှိ၏။ သို့သော် မိမိကိုယ်ကို ကိုတော့ ဘယ်တုန်းကမှ အပြစ်မတင်ပေ။ ဖြစ်ပြီးသွားသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး အမှား အမှန် စီစစ်ပြီး ပြင်ဆင် ဖြည့်စွက် လုပ်ဆောင်စရာများကို စီစဉ်ရုံမှ လွဲပြီး အခြား တပါးသော ခံစားချက်များနှင့် မိမိ ကိုယ်ကို နှိပ်စက်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် steemit မှာ လျှောက်လှမ်းခဲ့ဖူးသည့် ခရီးလမ်းနှင့် ပတ်သက်ပြီး စိတ်ညစ်ဖို့ထက် ပျော်ရွှင်မှုက အလေးသာလိမ့်မည်။

ယခုချိန်မှာတော့ SP 1000 ပြည့်ပြီ ဖြစ်၏။ နောက်ထပ် SP များ ပြည့်လာ၊ များလာဖို့ စုဆောင်းရပေလိမ့်ဦးမည်။ အစက မဖြစ်နိုင်ဘူး ထင်ခဲ့သည်များ တဖြည်းဖြည်း ဖြစ်လာနေခဲ့ပြီ ဖြစ်၏။ အချိန်တော့ ယူရမည်ပေါ့။ မျှော်လင့်ထားသည်များ ဖြစ်မြောက်လာဖို့ ဆက်လက် ချီတက်ရပေလိမ့်ဦးမည်။ ကိုဟင် ပြောသလိုပေါ့ steem ဈေး မတက်မှာ မပူနဲ့ လက်ထဲ လုံလောက်တဲ့ SP မရှိမှာပဲပူ ဆိုသလိုပေါ့။ steemit အသုံးပြုသူ အားလုံးနီးပါး 2019 ကို မျှော်လင့်ထားကြ၏။ အိပ်မက်တွေ အကောင်အထည် ပေါ်လာဖို့လည်း အချိန်တန်ပြီ မလား။ SMT နှင့် Dapp လေး တဖြည်းဖြည်း ရုပ်လုံး ပေါ်လာဖို့ မဝေးတော့ပြီ ထင်၏။ တဆင့်ပြီး တဆင့် ပြောင်းလဲ တိုးတက်လာမှုနှင့်အတူ steem ဈေးလေးပါ တက်လာခဲ့လျှင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။

Don Jaun

MSC 31

Sort:  

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click here to view your Board
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Support SteemitBoard's project! Vote for its witness and get one more award!

Steemit ဂျပိုး ကျုပ်လည်း တစ်ကောင်းပါခင်ဗျားလို့

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63851.10
ETH 3059.36
USDT 1.00
SBD 3.85