သေချာပြီလား ... (Chapter 6)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

သူက တရက် ထပ်စောင့်မည် ပြော၏။ ဒီနေ့မှ message မ၀င်လျှင်တော့ သူ့ phone ကို ပြန်ယူ လိုက်မည် ပြော၏။ ကျနော်ကလည်း အကို့သဘောပါပဲလေဟု သာပြောလိုက်၏။ ထိုအကို မန္တလေး ပြန်ရောက်မှပဲ ကျနော်တို့ ၀ယ်ရောင်း ဆက်လုပ်ကြရုံသာ ရှိတော့၏။ ဒီနေ့လည်း message က မ၀င်ပေ။ Wave က တခါတလေ ထိုသို့ ဖြစ်တတ်သည်ဟုတော့ ပြောကြ၏။ ခက်နေသည်က သူက သူ့ဆီ message အ၀င် ရလိုနေခြင်း ဖြစ်၏။ ကျနော့်ဆီ ၀င်သည့် message ကို သူ့ထံသို့ forward လုပ်ပေးမည် ဆိုပြန်တော့လည်း သူက လက်မခံ ချင်ပေ။ သူပြောသလို ပြောင်းပြန် လွှဲဖို့ကိုလည်း ကျနော်က မလုပ်ချင်ပေ။ ကျနော်တို့ (၂) ယောက်မှာ သူ့ မယုံရဲ၊ ကိုယ့် မယုံရဲနှင့် ရယ်တော့ ရယ်နေရ၏။

ထိုနေ့ ညမှာတော့ သူက သူ့ phone ကို ပြန်ယူလိုက်တာ့မယ် ဆို၏။ ဂိတ်ကို ပြောပြီးတော့ပေါ့။ ထိုအခါ ကျနော်ကလည်း အကို ဂိတ်ပြောလေ။ ကျနော် ဒီဖက်ကနေ ပစ္စည်းပို့ခ ရှင်းပြီး ပြန်ပို့ပေးလိုက်မယ်။ လုံးဝ ဖောက် မကြည့်ပဲနဲ့ပေါ့။ ထိုအခါကျ သူက လက်မခံပေ။ မသွားနဲ့လေ အကိုရဲ့ အကိုသွားလိုက်ရင် သူတို့က အကို့ကို ပစ္စည်း ထုတ်ပေးလိုက်မှာပေါ့တဲ့။ သူ့သူပဲ ဂိတ်ကို လှမ်းပြောလိုက်မယ် ဆို၏။ ဟုတ်ပြီလေ အဲ့ဆိုရင်လည်း ပြီးပေါ့ ဟုသာ တွေးထားလိုက်၏။ သို့ပေမယ့် သူ့ကို ကျနော် ကားခတော့ ရှင်းပေးလိုက်ချင်သေး၏။ သူက ပို့ခ ရှင်းထားလျှင် ကျနော်က ပြန်ပို့ပေးခကို ရှင်းပေးသင့်သည် မဟုတ်လား။ စိတ်ထဲမှာတော့ ဘ၀င်မကျမှုလေးတွေ ရှိနေပေမယ့်လည်း ပေါ့။

received_2149531511931735.jpeg

ကျနော်က ကားခ ဘယ်လောက်လဲ ကျနော်ပေးပါ့မယ် ဆိုတော့ သူက (၇၀၀၀) ဟု ဆို၏။ နေပြည်တော် တောင်ကြီး ပစ္စည်းပို့ခ ထိုဈေး ကျနော် တခါမှ မကြားဖူးပေ။ နေပြည်တော်ကနေမှ မဟုတ် အခြား ရန်ကုန်၊ မန္တလေး ကနေ ပစ္စည်းပို့လျှင်လည်း ထိုမျှလောက် တခါမှ မရှင်းရ၊ မပေးရဖူးပေ။ အင်းလေ သူက phone ပါဆိုပြီး ပြောထားလို့ တန်ဆာခ ပိုကောက်ထားတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့ဟု ဖြည့်တွေး (ဖြေတွေး) တွေးလိုက်၏။ ကျနော် ဒီဖက်ကနေ phone bill လွှဲပေးလိုက်မည် ဆိုတော့ သူက bill က မလိုကြောင်း၊ အစောလေးကတင် bill ဖြည့်ထားပြီး ဖြစ်ကြောင်း ဆို၏။ Wave ကနေသာ လွှဲပေးရန် ပြော၏။ ကျနော်လည်း မနက်ဖြန် မနက်မှ လွှဲပေးလိုက်မယ် ဆိုပြီး ပြန်ပြောလိုက်၏။ ခုက ည (၇) နာရီ ရှိနေပြီ ဖြစ်၏။

Phone ၀ယ်မယ့် ကိစ္စက အဆင်မပြေ ဖြစ်သွားသဖြင့် ကျနော်လည်း လက်ဖက်ရည်ဆိုင်ကနေ အစော ပြန်ဖို့ ပြင်လိုက်၏။ အပြန်လှမ်းမှာ phone အရောင်းဆိုင် တဆိုင် ဖွင့်နေသေးသည်ကို တွေ့၏။ သို့နှင့် မထူးပါဘူး နောက်နေ့ မစောင့်နေတော့ပါဘူး၊ ဒီနေ့ပဲ ထိုအကို ကို ကားခ ပြန်လွှဲပေးလိုက်ပါမယ်လေ ဆိုပြီး ကျနော် သူ့ကို လွှဲဖို့ လုပ်ထားသည့် (သူ့ထံ message မ၀င်ဆိုသည့် လွှဲငွေ) ကို ပြန်ထုတ်ပြီး သူ့ထံသို့ (၇၀၀၀) ကျပ် ပြန်လွှဲပေးလိုက်၏။ ထို့နောက် ကျနော် သူ့ထံသို့ phone ဆက်ပေးလိုက်၏။

ထိုအခါမှ သူ့ထံမှ အကိုရေ message ၀င်တယ်ဗျ။ အခု လွှဲတဲ့ (၇၀၀၀) ကျပ်ကော၊ ကနဦးက အကို လွှဲပေးလိုက်တဲ့ ငွေကို ပြန်ထုတ်သွားတယ် ဆိုတဲ့ message ကော (၂) ခုလုံး ၀င်တယ်ဗျ တဲ့။ အေးပေါ့ဗျာ၊ ပြန်ထုတ်မှပဲ message က၀င်တာ့တယ် ဗျာဟု သာ ပြောလိုက်တော့၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click here to view your Board
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

Christmas Challenge - The party continues

Support SteemitBoard's project! Vote for its witness and get one more award!

တစ်​ခါတစ်​​လေဖြစ်​တတ်​တာ​ပေါ့ဗျာ😄

Posted using Partiko Android

ဟုတ်ပ
တခါတလေတွေ များတာ တခုပဲ 😁

ဒီလိုပါဘဲ တခါတ​လေ လိုင်းမ​ကောင်းရင်​ဖြစ်​တဲ့သ​ဘောလားမသိပါဘူးဗျာ

ဟုတ်မယ်

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66004.40
ETH 3243.40
USDT 1.00
SBD 4.19