သေချာပြီလား (Chapter 10)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ကျနော်က တိုင်ပင်တော့ phone ဆိုင်မှ သူငယ်ချင်းက ဤသို့ အကြံပေး၏။ သူ့ phone က display လည်း ၀ါနေပြီ ဖြစ်ကြောင်း၊ တနေ့က phone အားသွင်းထားတာလည်း အားပြည့် အားဝင်ဖို့ အတော်လေး ကြာကြောင်း၊ display ကနေ မလဲပဲ သုံးနေသေးလျှင်လည်း ရနေသေးကြောင်း၊ battery က လဲပြီးသား သေချာလျှင် မဆိုးကြောင်း၊ display မလဲပဲ ပြန်ရောင်းလျှင်လည်း မိမိ ပေးဝယ်ထားရသည့် ဈေးလောက်တော့ အသာလေး ပြန်ရနိုင်ကြောင်း သူငယ်ချင်းက ပြော၏။ သေချာအောင် အရင်ဆုံး ခဏ စမ်းသုံးထားမယ် ပြောကြည့်ရန် သူငယ်ချင်းက အကြံပေး၏။

Phone ရောင်းမည်ဆိုသည့် ညီလေးကလည်း အသိ ဖြစ်သဖြင့် ရတယ် အကိုကြီး စမ်းသုံးကြည့်ပေါ့။ ကျနော်လည်း ကိုင်မှ မကိုင်ပဲ ဒီအတိုင်းထားတာလေ။ ရောင်းလို့ ရရင် ကျနော့် ပိုက်ဆံတောင် ပြန်ရသေးဟု ဆို၏။ သူ့ 5s က original body ဖြစ်၏။ အရောင်က ငွေရောင် ဖြစ်၏။ 5s က Ios နောက်ဆုံး version ထိ support ပေးနေသေး၏။ 5 တွေကတော့ မရတော့ပေ။ 5s ကတော့ လက်ရှိ ထွက်ထားသည့် Ios 12 ထိ support ပေးနေသေး၏။ ထို့ပြင် finger print လေး ရ၏။ သို့နှင့် စမ်းသုံးကြည့်ရန် ယူလာလိုက်၏။

i device တွေကတော့ သိတဲ့ အတိုင်းပင် သုံးစွဲရတာ လွယ်ကူပြီး အဆင်ပြေလှ၏။ သို့ပေမယ့် နည်းနည်းတော့ အလုပ်ရှုပ်၊ အလုပ်ပို၏။ 5s က ကျနော့် အတွက်တော့ အဆင်ပြေသည့် size ပင် ဖြစ်၏။ 5s သို့ 6 (6s) size လောက်လေးတွေကို ကျနော် သဘောကျ၏။ phone screen size (၅) လက်မထက် ကျော်သွားလျှင် ကျနော် သိပ်မကြိုက်ပေ။ အရွယ်အစားကြီးကြီးတွေက ကိုင်ရတာကော၊ မြင်ရတာကော အဆင်မပြေဟု ခံစားရ၏။ သို့ပေမယ့် နောက်ပိုင်း phone များက တဖြည်းဖြည်း size များက ကြီးကြီးလာနေ၏။ သုံးစွဲသူ အများစုက ပိုပြီး အရွယ်အစားကြီးသည့် phone မျိုးများကို ပိုမို နှစ်သက်လာကြသောကြောင့် ဖြစ်၏။ ကျနော့်လို အရွယ်အစားသေးသည့် phone မျိုးများကို ကြိုက်သည့် သူများက အနည်းစုလောက်သာ ကျန်သည် ထင်၏။

FB_IMG_1546432321950.jpg

သို့နှင့် 5s ကို စမ်းသပ် သုံးစွဲကြည့်၏။ သုံးရ ပြုရ အဆင်ပြေ၏။ သို့သော် battery အားအကုန်မြန်နေခြင်း ဖြစ်၏။ တော်ရုံ အကုန် မြန်နေခြင်းမျိုး မဟုတ်။ ဘာ app မှ မသုံးပဲ ဒီအတိုင်း stand by ထားပေမယ့် အားက အကုန်မြန်နေ၏။ Ios များ out date ဖြစ်နေလို့လား ဆိုပြီး latest os သို့ တင်ကြည့်၏။ မထူးခြားပေ။ battery က အရင်လိုပဲ အဆင်းမြန်နေတုန်းပင် ဖြစ်၏။ စာတွေ လိုက်ရှာ ဖတ်ကြည့်တော့ ios version 10 ကသာ သုံးလို့ အကောင်းဆုံး ဖြစ်သည် ဆို၏။ battery အတွက် ဆိုလျှင်ပေါ့။ 11 နှင့် 12 တွင် battery အား သိပ်မခံသည့် error ရှိသည် ဆို၏။ ခက်နေသည်က ခု 5s က ဘာမှ မသုံးပဲ အားအကုန် မြန်နေခြင်း ဖြစ်၏။

ထို့ပြင် Android တွေမှာလို မိမိ တင်လိုသည့် version မျိုးလည်း ရှာပြီး တင်မရပေ။ Update firmware ကနေ Downgrade firmware သို့ ဆင်းမရပေ။ battery က တော်တော်ကို အခြေအနေ ဆိုးလှ၏။ ညဖက်ကို မအိပ်ခင် အား အပြည့် သွင်းထားပေမယ့် မနက်ဖက် ရောက်လျှင် အားက 20% လောက်သာ ကျန်၏။ ဘာမှ မသုံးပဲ ဒီအတိုင်း Airplane mood ထားပြီး အိပ်ခြင်း ဖြစ်၏။ ထိုသို့ အားမခံ နေခြင်းကို ကျနော့်မှ မည်သို့ လုပ်ရမည် မသိ ဖြစ်လို့ နေ၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

မသေချာမရေရာတာတွေ များလွန်းတဲ့ဘဝမှာ....

Posted using Partiko Android

သေချာတာက ဂျင်းပါ 😁

ကျမ လက်တော့ ဘက်ထရီအား အဲ့လိုဖြစ်နေတယ် ကိုဒွန်ရေ

Battery လဲသင့် နေပြီ ထင်တယ်။
ဒါမှ မဟုတ် window update လုပ်ကြည့်ပါလားဗျ။
ကျနော့်တုန်းက window 8 မှာ battery တအားစားနေလို့ window 10 တင်လိုက်တာ အဆင်ပြေသွားတယ်။

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.034
BTC 63202.55
ETH 3085.17
USDT 1.00
SBD 3.85