Behind the Sense

in #myanmar6 years ago

FB_IMG_1527335451652.jpg

မနေ့က window start up error ကို ရှင်းလို့ ရသွား၏။ ကျနော့်ထက် ဆရာကျသူ၊ နည်းပညာနှင့် ပိုနီးစပ်သူ လိုက်လာလိုက်တော့ အဆင်ပြေသွား၏။ အမြဲထိတွေ့နေသူနှင့် အဆက်ပြတ်သွားသူ ကွာသည် မဟုတ်လား။ ယခု အဖြစ်မျိုး ကြုံတော့ ကျောင်းတုန်းက အဖြစ်ကို သွားသတိရ၏။ ထိုစဉ်က ကျနော်တို့ ကျောင်းမှာ Internet မတပ်ဆင်ရသေးပေ။ ကျနော်တို့ နောက်ဆုံးနှစ် အရောက်မှာတော့ ADSL တလိုင်း ရ၏။ MB တော့ မမှတ်မိတော့။ ထို Line ကို အသုံးပြုပြီး wifi ပြန်လွှင့်ဖို့ ပြင်၏။ ကျောင်းဆောင်အထပ်က (၃) ထပ်၊ ရုံးခန်း၊ ဆရာ ဆရာမများ နားနေခန်းကို ဦးတည်ပြီး wifi ပြန်လွှင့်ပေးရန် ဖြစ်၏။ သို့နှင့် cpe လေးလုံးကို network ကြိုးချိတ်ပြီး အပေါ်ဆုံးထပ်နှင့် အောက်ဆုံးထပ် ဘယ်ညာ တဖက်စီမှာ တလုံးစီ ထားလိုက်၏။

ဆရာက ပြုလုပ်ပုံ အဆင့်ဆင့်ကို သေချာ ရှင်းပြပေး၏။ တပ်ဆင်ခြင်းကို ဆရာနှင့် အတူအတူ လုပ်၏။ ကျနော်အပါအ၀င် သူငယ်ချင်း (၄) ယောက် ဖြစ်၏။ ကျနော်တို့ မေဂျာသည် ယောက်ျားလေး နည်း၏။ network ကြိုးချိုး ချိတ်နှင့် hardware ပိုင်းက မခက်ပေ။ အဆင်ပြေ၏။ software ပိုင်းမှာ တစ်နေတော့၏။ ခပ်စောစောက ဆရာနှင့် အတူလုပ်နေတုန်းက အဟုတ်ပင်။ ယခု ကိုယ်တွေ ကိုယ်တိုင်လုပ်မှ ဘာတွေ မှားနေ၊ လိုနေ၊ လွဲနေသည် မသိ။ ဆရာက ကျနော်တို့ကို သေချာရှင်းပြပေးခဲ့ပြီး လုပ်ကြည့်ကြဟု ပြောပြီး အဆောင် ခဏ ပြန်သွား၏။ ထိုအချိန်လေးတွင်းမှာ ကျနော်တို့မှာ error တက်နေခြင်း ဖြစ်၏။ (၁) နာရီလောက် ကြာသွား၏။ cpe (၄) လုံးမပြောနှင့် (၁) လုံးတောင် wifi မမိသေးပေ။ (၄) ယောက်လုံးလည်း စိတ်ညစ်နေပြီ ဖြစ်၏။

FB_IMG_1536584053696.jpg
photo from Facebook

(၁) နာရီကျော်ကြာတော့ ဆရာ ပြန်ရောက်လာ၏။ အဆင်ပြေလားလို့ မေးတော့ မပြောဟု တညီတညွှတ်တည်း ပြန်ဖြေ ကြ၏။ ပြီးနောက် ဖြစ်နေသည့် error ကို ဆရာ့အား ပြောပြ၏။ ထိုအခါ ဆရာက အော် ဆိုပြီး configuration လုပ်သည့် နေရာထဲဝင်ပြီး တချက်ပြင်ပြီး enter လေး တချက်ခေါက်လိုက်၏။ တကယ့်ကို enter လေး တချက်ပင်။ ကျနော်တို့ တနာရီကျော်လောက် ရှာနေပေမယ့် မဖြေရှင်းနိုင်ခဲ့သည့် error သည် စက္ကန့် ပိုင်းအတွင်း ပြေလည်သွား၏။ ကျနော်တို့ လုပ်နေတာကြာလှပြီ မရဘူး၊ ဆရာ လုပ်လိုက်တော့လည်း ခဏလေးပဲကော ဟု ပြောတော့ ဖြစ်တတ်ပါတယ်ကွာ မင်းတို့လည်း ခုမှ လုပ်ဖူးလို့ပါ နောက်ပိုင်း ကျွမ်းကျင်သွားရင် သိလာ၊ ရလာပါလိမ့်မယ် ဟု ဆရာက ပြန်ပြောပြ၏။

ဆရာ ပြောသည့် စကားသည် အမှန်ပင်။ ကိုယ်မသိသေး မတက်သေးခင်သာ ခက်ခဲနေမည် ဖြစ်ပြီး အချိန်ကာလ တခုလောက် လေ့လာပြီးသွားလျှင်တာ့ အလုံးစုံ မဟုတ်တောင် အတော်အတန် သိပြီး နားလည်သည့် အခြေအနေသို့ ရောက်မည် ဖြစ်၏။ ထိုကဲ့သို့ အခြေအနေတရပ် ရောက်လာအောင်လည်း အချိန်အတိုင်းအတာ တခုတော့ ပေးရ၏။ ထိုကဲ့သို့ အပင်ပန်းခံ လေ့လာထားပြီးမှ သိရှိလာသည့် ကျွမ်းကျင်လာသည့် လူများကို ကြည့်ပြီး တချို့က နားမလည်ကြပေ။ ကိုယ်ချင်း မစာကြပေ။ ထိုကဲ့သို့သော် လူမျိုးများကို မကြာမကြာ တွ့ရ၏။ သူငယ်ချင်း phone service ဆိုင်ကို သွားလည်လိုက်လျှင် ထိုကဲ့သို့သော လူမျိုးများ များစွာတွေ့ရ၏။
အကို အဲ့တာကလေး အဲ့လိုလေး ဖြစ်သွားလို့ လုပ်ပေးကြည့်ပါလားဗျ။ လုပ်လိုက်ရင် ခဏလေးပဲလေ။ ဟိုလိုလေး လုပ်လိုက်ရင်ရသွားပြီ။
ဒါလောက် သိနေရင် ကိုယ့်ကို လုပ်လိုက်ပေါ့။ service ပေးသူတွေကပဲ ရှေ့မှာ လုပ်စရာ အလုပ်မရှိပဲ သူ့ phone တခုတည်းကိုပဲ ပြင်ပေးဖို့ စောင့်နေသလိုလို။ သူများကို လေးစားခြင်းသည် မိမိကိုယ်ကို လေးစားခြင်းပင် ဖြစ်သည်ကို ထိုသူတို့ မေ့နေကြ၏။

FB_IMG_1536584069035.jpg
photo from Facebook

တချို့ရှိသေး၏။ လုပ်ကိုင်နေသည်များကို ခရေစေ့တွင်းကျ လိုက်ကြည့်ထား၏။ ပြင်ပြီးတော့ ဘယ်လောက်လဲ မေး၏။ ဟိုက ကျသင့်ငွေကို ပြောတော့ မများဘူးလား။ လျော့ပါဦးတဲ့။ ကျနော့် သူငယ်ချင်းမို့ ပြောသည် မဟုတ် သူတို့၏ service fee သည် အခြားဆိုင်များက ယူသည့် ဈေးထက် သက်သာ၏။ ဈေးသက်သာလို့ လက်ရာမကောင်းဘူး မထင်စေလို။ အချို့ဆိုင်များကပင် ပြင်ပေးဖို့ သူတို့ ဆိုင်မှ phone များ ကျနော့် သူငယ်ချင်း ဆိုင်သို့ပင် လာပေး၊ လာပို့ထားတက်သေး၏။ သာမန် customer များ အပြင်၊ အခြား phone ပြင်ဆိုင်များမှ လာပို့ထားသည့် phone များကိုပါ ပြင်ပေးရသူများ ဖြစ်၏။

ထိုလာပြင်သည့် လူတွေ အမြင်မှာတော့ phone ကြိုးလေးထိုးပြီး computer မှာ စာကြောင်လေး တကြောင်းနှစ်ကြောင်း ရိုက်၊ mouse ကို ဟိုရွှေ့ ဒီရွှေ့လုပ်၊ hardware ပိုင်းအရ လိုအပ်သည့်နေရာများကို ဖွင့်ပြီး ပြင်သင့်တာ ပြင်၊ enter လေး တချက်ခေါက်လိုက်ရုံဖြင့် အချိန်ပိုင်းအတွင်း သူတို့ phone က ကောင်းသွားသည်ကိုး။ ဘာမှ မပင်ပန်း၊ ဘာမှ မကြာပဲ ဟု တွေးပေလိမ့်မည်။ ထိုကဲ့သို့ မြန်ဆန် လျှင်မြန်အောင် မည်မျှ အချိန်ပေး လေ့လာခဲ့ရသည် ဆိုသည်ကိုတော့ သူတို့ မတွေးမိပေ။ လူအများက အောင်မြင်လာသည်ကိုသာ မြင်ကြ၏။ ထိုသို့ အောင်မြင်အောင် သူမည်သို့ ပေးဆပ်ခဲ့ရသည်၊ မည်သို့ ကြိုးစားခဲ့ရသည်ကို မတွေးမိကြပေ။

မည်သည့်အရာမျှ အလကားရသည် မရှိပေ။ သက်ဆိုင်ရာ ရင်းနှီးမှုနှင့် ကြိုးစားအားထုတ်မှုတော့ လို၏။ မိမိ လုပ်ငန်းနယ်ပယ်မှာ အထက်ပါ ကိစ္စရပ်မျိုး တစုံတယောက်က လုပ်လာလျှင် ကြိုက်ပါမည်လော။ မိမိ မကြိုက်သည့် အလုပ်ကို မိမိ ကိုယ်တိုင် မလုပ်မိဖို့ လို၏။ အခြားတပါးသူကို လေးစားပါ။ ထို့ပြင် ထိုသူ၏ ပညာရပ်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍လည်း လေးစားမှု ထားပါလို့ တိုက်တွန်း လိုက်ရပါသည်။

Don Jaun

MSC 31

Sort:  

ပုံပြင်လေးတစ်ပုဒ်တောင်သွားသတိရမိသွားတယ်။ ရုရှားနိုင်ငံမှာ ဖဲကြိုးလေးတွေနဲ့ ဦးထုပ်လုပ်ရောင်းတဲ့ အဘွားကြီးတစ်ယောက်ရှိတယ်တဲ့။ အဲ့အဘွားကြီးရဲ့ ဦးထုပ်လေးတွေက လက်ရာသိပ်လှပလွန်းတာမို့ နာမည်ကျော်တာပေါ့။ တစ်နေ့ အမျိုးသမီးတစ်ယောက် ရောက်လာပြီး ဦးထုပ်လာဝယ်တယ်။ သူစိတ်တိုင်းကျရွေးပြီး ကျသင့်ငွေကို အဘွားကြီးကိုမေးလိုက်တော့ ပေါင်၂၅၀ ကျတယ်ပေါ့။ ဒီအခါမှာ လာဝယ်တဲ့ အမျိုးသမီးက မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ အို ရွှေကြိုးနဲ့လုပ်ထားတာမို့လို့ ဒီလောက်ဈေးကြီးတာလားပေါ့။ ဖဲကြိုးတန်ဖိုးက ၄ ပေါင်လောက်ပဲ ရှိမယ်လို့ ပြောလိုက်တော့ အဘွားကြီးက အဲ့ဒီ့အမျိုးသမီးရှေ့မှာပဲ ဦးထုပ်ကို ဖဲကြိုးပြန်ဖြစ်သွားအောင် ဖြည်ချလိုက်ပီး ကဲရော့ မင်းငါ့ကို ၄ ပေါင်ပဲပေးမယ်ဆိုရင်တော့ ဒီဖဲကြိုးတော့ ရမှာပဲ လို့ ပြန်ပြောလိုက်တယ်။ 🙂💲 ပညာအဖိုးအခ ကို တန်ဖိုးမသိတဲ့သူတွေက မပေးချင်ကြဘူး။

မှန်တာပေါ့ ဗျာ

ပညာရဲ့တန်‌ဘိုးဆိုတာ ဒါဘဲ‌လေ ကိုဒွန်‌။မသိတဲ့သူထက်‌ နည်းနည်းသိလည်းသာသလို နည်းနည်းသိသူထက်‌ ပညာရှင်‌ကသာစမြဲပါ။တန်‌ဘိုးသိမှ တန်‌ဘိုးရှိတယ်‌ဆိုတာနားလညမှာပါ။

မှန်တာပေါ့ ကိုမဟော်ရယ်

ကျွမ်းကျင်ရာ လိမ္မာကြတာပေါ့

ဆရာမပြ နည်းမကျပေါ့ ကိုဒွန်ရယ်

သူတပါး ပညာကိုလဲ လေးစားသလို ကိုယ့်အတတ်ပညာကို သူတစ်ပါး လေးစားတာကို လိုချင်မိပါတယိ😁

ပညာတန်ဘိုးက အဖိုးဖြတ်လို့ရတာမဟုတ်ဘူးလေ

မှန်ပါ့ ဦးမင်းရယ်

မှန်ပါတယ်။ကိုယ်ရော အဲဒီလိုဖြစ်ရင် ကြိုက်မလာဆိုတာလေး စဉ်းစားပြီး ကိုယ်ချင်းစာတရားထားကြရမှာပါ။ သူရဲ့ ပညာကို မလေးစားသလို ဖြစ်သွားမှာပေါ့။ကောင်းမွန်သော post လေးပါပဲအစ်ကို။

ဟုတ်တယ်ဗျ။
ကျေးဇူးပါဗျ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကလိတာ ကလိ ... ဂိရင် ဆြာရှိတယ်

ဟုတ်တယ်

မည်သည့်အရာမျှအလကားမရပါ ခေါင်းစဉ်တော့ရဘီ အဲ အဲဒါက ရေးပီးသားကြီးဖြစ်သွားဘီ ဆာဒွန်ရယ် very good article

ရေးပြီးသားလည်း ထပ်ရေး ပေါ့ ဘာဖြစ်တုံး

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63585.64
ETH 3035.86
USDT 1.00
SBD 3.84