ဘတ်သီး

in #myanmar8 years ago

FB_IMG_1498534182631.jpg

ဘတ်သီး

အလင်းဆိုင်လေးတွေမှာ အလင်းပေါက် ထိုင်တယ်
မာကျူရီမီးတွေ အိပ်မှ
ငါ အိမ်ပြန်တယ်

အချစ်ကို
cartoon movie ဇာတ်ကား တကားလောက်တောင်
ငါ ရင်မခုန်ဘူး

အချစ်ဆိုတာ သိပ်ကို ပျင်းရိဖို့ ကောင်းတဲ့ ဇာတ်လမ်းတွဲပဲ
ဘယ်အချိန်များ အမုန်းက ကြော်ငြာ ဝင်မလဲလို့
မျှော်လင့်နေရတာမျိုး

ဟင့်အင်း ... ဟင့်အင်း ...
ချစ်ခန်း ကြိုက်ခန်းတွေ
ငါ သရုပ်မဆောင် တတ်ဘူး
လွမ်းခန်းနဲ့ အကယ်ဒမီ ဆွတ်ခူးသွားမှာကို
ငါ ကြောက်တယ်

ကြမ်းကြမ်းတမ်းတမ်းလည်း မရဘူး
ငါ က အကြမ်းခံပေမယ့်
ငါ့ ကြောင့် တပါးသူ နာကျင်သွားမှာကို
သိပ်ကြောက်တယ်

မဖြစ်မနေ ပါဝင်ရမယ်ဆိုလည်း
ဒီလောက ဇာတ်ခုံပေါ်က ငပေါခန်းမှာ
ငါ့ကို ထည့်လိုက်ပါ
ငါ့ကို ကြည့်ပြီး သူတို့ ရယ်ကြပါစေလေ .....

သိဟ် (သုတ)

ကျတော်၏ ကဗျာ ကလောင် အမည်မှာ သိဟ် (သုတ) ဖြစ်၏။

P80128-204338.jpg

Don Jaun

MSC 31

Sort:  

good poem bro...

အယ်အယ် ဘယ်သူကိုချိတ်နေတာလဲ ကွယ် ကဗျာတွေ ဘာတွေ ရေးလို ပါလား

ငှယ့်...
ဘယ်က ချိတ်ရမှာလဲ

ဟုတ်ပါ့ ...မရိုးတော့ဘူး..အကိုဒွန်တယောက်..

အလွမ်းဇာတ်တော့ မကပါရစေနဲ့ လွမ်းရမှာကြောက်လို့ပါ

ဟု ကွီး ကြည် က ကျောက်ကြောဆိုင် အလင်းပေါက်ဆိုင်ပါ လာထိုင်အုံး😊😊

ကျောက်ကြောကို အလင်းပေါက်ဖွင့်တာ ခုမှပဲကြားဖူးတော့တယ်။
😂

အရမ်းကောင်းတယ်ဗျာ မြန်မာ ရုပ်ရှင်တွေလဲ အကို့လို စိတ်မျိုးနဲ့မို့ထင်ပါတယ် အများက ခေါ်ကြတာတောင် ဘာတဲ့ ဟဲဟဲ ။ လေးစားစရာ စိတ်မျိုးကြီးပါဗျာ ကျွှန်တော်နဲ့တောင် တူလာသလိုဘဲဗျာ စဘောကောင်းတဲ့နေရာမှာ

အေးပါကွာ

အ​ပြောတာမှန်​သလိုလိုပဲ အဟိ..

ဟုတ်

ကြောက်တတ်ရင် ဘေးရှောင်နေလိုက်ပါ

ရှောင်ပါတယ် ဗျ။

မော်ဒယ်ကဗျာပေါ့လေ😁

ဆိုပါတော့ ဗျာ ....

လွမ်းရမှာကြောက်လို့
သူ ရယ်ရအောင်ပဲ လုပ်ပြနေမိတယ်
ကြာလာတော့ မှန်ထဲကကိုယ့်ပုံရိပ်တောင်
မမှတ်မိတော့ဘူး ။
(ခဏငှားပြီး feel သွားတယ် Bro 😁😁😁)

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.081
BTC 63226.76
ETH 1686.26
USDT 1.00
SBD 0.42