WaitingsteemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ကြည်ကြည်လင်လင် ရှိနေသော ရာသီဥတုက ဒီရက်ပိုင်း ပြန်ဖောက်လာ၏။ ရှေ့ရက်များက တကယ့်ကို သာသာယာယာ ပင်။ မသိလျှင် စောစောစီးစီး ဆောင်းရာသီ ရောက်သွား သလိုပင်။ တောင်ကြီးဆောင်းက သီတင်းကျွတ်ပြီးမှ စသည်ဟု ပြောလို့ရ၏။ ဒါတောင် ခုနောက်ပိုင်း ဆောင်းက တန်ဆောင်မုန်းလလောက်လှ စတတ်ပြန်သေး၏။ တခါတလေ တန်ဆောင်တိုင် မှာတောင် သိပ်မအေးလှပေ။ တန်ဆောင်တိုင်မှာ မအေးတာ သုံး လေး နှစ်လောက် ရှိပြီ ဖြစ်၏။ ယခင်တုန်းက တန်ဆောင်တိုင် လည်လျှင် အနွေးထည် ထူထူထဲထဲ အထပ်ထပ်ကို ဝတ်ရ၏။ ခုများတော့ အနွေးထည် တထည်၊ တထပ်တည်းတောင် ပူချင် သလိုလိုရယ်။

ယခင် ပီပီပြင်ပြင် အေးစဉ်တုန်းက တန်ဆောင်တိုင် ရောက်လျှင် အနွေးထည် အလန်းစားတွေ ဝတ်ပြီး ရှိုးထုတ်လို့ ရ၏။ မြို့သူ မြို့သား လူငယ် မောင်မယ်လေးတွေ၏ အလန်းစား ဖက်ရှင်များကို မြင်နိုင်၏။ ကိုရီးယား မင်းသား မင်းသမီး တွေလောက်တော့ သနားတယ်ဟု ပြောရမလောက်ပင်။ ထိုသို့ ပြောနေ၍ အခု မလန်းတော့လို့လား ဆိုပြီးတော့ မယူဆ စေလို။ ခုတော့ အနွေးထည် ခပ်ပါးပါးနဲ့ စတိုင် ထုတ်ကြ မိကြပေါ့။

ခုနောက်ပိုင်း တန်ဆောင်တိုင် က သိပ်မအေးတော့သလို မိုးလည်း မလွတ်ချင်ပေ။ ပွဲတော်တွင်းကြီး မိုးရွာလို့ မလွှတ်လိုက်၊ ပြိုင်ပွဲ မဝင်လိုက်ရသည့် မီးပုံးပျံ တွေလည်း အများကြီး ရှိခဲ့၏။ သို့ပေမယ့် မလွှတ်ဘဲတော့ မနေပေ။ ဆုပေးပွဲနေ့မှာ လာပြန် လွှတ်ကြ၏။ ဆုရရ၊ မရရ လွှတ်ကြ၏။ တောင်ကြီးသူ တောင်ကြီးသားများက ထိုကဲ့သို့သော လူများ ဖြစ်၏။ လွှတ်သူများ လွှတ်ကြသလို အားပေးသူ များကလည်း ဇွဲမလျော့ပေ။

FB_IMG_1542218311090.jpg
photo by Ko Wunna

အချို့များ ပွဲတော်ရက် တတွင်းလုံး တရက်မပျက် သွားလည် နိုင်ကြ၏။ ကျနော်တော့ မလည်ပေ။ အမှန်တော့ မလည်နိုင်ုခင်း ဖြစ်၏။ အချို့များ မည်သို့ လည်နိုင်သနည်းပေါ့။ ထို လည်နိုင်သူများကို ကျနော် အံသြ ချီးကျူး မိ၏။ ဟုတ်သည်လေ နေ့စဉ် မနက် (၂) နာရီ၊ (၃) နာရီ ထိ ရက်ဆက် လည်နိုင်ဖို့ဆိုတာ တော်ရုံ အရည်အချင်း၊ တော်ရုံ ခံနိုင်ရည်နှင့် မဖြစ်နိုင်ပေ။ ထိုကြောင့် ထိုသူများကို ကျနော် ချီးကျူး တာ လွန်မည် မထင်ပေ။

ယခုနှစ် တန်ဆောင်တိုင် တော့ မည်သို့ ဖြစ်ဦးမည် မသိပေ။ မိုး လွတ် မလွတ်ကိုပေါ့။ ဟ သီတင်းတောင် မကျွတ်သေးဘူးလေဟု ပြောကလည်း ခံရမည်သာ။ ဒီကလူများက (၉) လပိုင်း အစောလောက်ကတည်းက တန်ဆောင်တိုင်ပိုးက စတင် ကူးစက်၊ ပူးကပ် ၏။ (၁၁) လပိုင်း ပွဲတော်ရက်များ နီးလာက မရိုးမရွ ဖြစ်နေသော ပိုးက ထကြွတော့၏။

ဘာရယ် မဟုတ်။ ဒီနေ့ ရာသီဥတုကို ကြည့်မိရင်း တွေးမိနေသည့် အကြောင်းအရာ လေးကို ရင်ဖွင့် မိခြင်း ဖြစ်၏။ ဘာပဲ ဖြစ်ဖြစ် ရိုးရာ မပြတ်အောင်တော့ လည်ပတ်ပေးရပေလိမ့်ဦးမည်။ Steemit ပေါ်က ဘော်ဒါ မိတ်ဆွေ အပေါင်းအသင်းများကိုလည်း ဖိတ်ကြားအပ်ပါသည် ပေါ့ ဗျာ။

Don Jaun

MSC 31

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66785.29
ETH 3229.75
USDT 1.00
SBD 4.30