တစ်ရွှေ့ရွှေ့မှသည်

in #myanmar6 years ago

သွေးအေးနေသော စတီးမစ်ကြီးကို နှိုးဆွပေးကြပါ ။ သူသည် အိပ်ပျော်နေသည်တော့ မဟုတ် သို့သော် လန်းလန်း ဆန်းဆန်းရှိသည်ဟူ၍လည်း မထင် ။ ဈေးများကြောင့် ဖြစ်သည်လား မသိနိုင်သော်လည်း update များကတော့ ရှိနေသည်ပင် ။ လူအများ စိတ်ဝင်စားမှုနည်းလာသည်လား မပြောတတ် ။ ကိုယ့်ဒေသမှာပင် စိတ်အားထက်ထက်သန်သန် သိပ်မရှိကြတော့ သလို ထင်မိပါသည် ။ steemit ကြီး အားပြတ်လုလု ဖြစ်နေပြီလား မသိ ကိုယ့်မှာလည်း ပို့စ်လေး တစ်ခုရဖို့ပင် မရေးဖြစ် မတင်ဖြစ် ဖြစ်နေသည် ။


snails climb.jpg
Image source

တစ်နှစ်ခွဲခန့် သူနှင့် အတူတူ ရေးတင်လာသော်လည်း တစ်ဖြည်းဖြည်း ရေးနေသော လက်များ အားနည်းလာလေပြီ ။ ကြာရှည် ဆက်ရသော ခရီး ဖြစ်သည် ဆိုတာနဲ့ ဆက်လာရင်း တစ်ဖြည်းဖြည်းနှင့် အချိန်တို့သည်လည်း တစ်ရွှေ့ရွှေ့ ။ ဒီလောက်ဖြစ်အောင် ဒီလောက်လုပ်မည်ဆိုလျှင် ကြာသည်ထင်ရသော်လည်း တစ်ရွှေ့ရွှေ့ ရက်ပေါင်းများစွာ ပို့စ်ပေါင်း များစွာ ပြန်ရေတွက်ကြည့်လျှင် ကိုယ် အဲ့ဒီလောက်ထိ လုပ်ခဲ့တာ ဟုတ်ရဲ့လား ဟူသော အိပ်မက်ရှည် ကြီးကို ပြန်မျှော်ကြည့်မိသည် ။

ခရုလေးသည် တစ်ဖြည်းဖြည်း တွယ်တက်နေဆဲ လမ်းခုလတ်မှ အသီးအပွင့် နည်းနည်းလေးများကို စားကာ အဟာရဖြည့်ပြီး ဆက်တက်နေဆဲ ။ အပင်ထိပ်မှာ အခက်အရွှက်တွေ ဝေနေသည် ဆိုသည်ကို ပြန်လည် မျော်ငေးပြီး တစ်ရွှေ့ပြီး တစ်ရွှေ့ ။ အတူတူ အများကြီး တက်လာတုန်းက ပျော်စရာ အများကြီး တစ်ပွေ့တစ်ပိုက်နဲ့ ရှေ့ဆက်ရမည် ထင်ပေမဲ့ ပင်စည်တစ်ဝက်မှာ ကျို့တို့ကျဲတဲ ။


steemit.jpg
Image source

အပြေးမြန်သူတွေကို အားကျခဲ့ဖူးတယ် ။ အပြေးမြန်ပြီး ဘာလို့များ လက်ပမ်းကျလွှယ်ပါလိမ့် ။ ထိုသို့ အပြေးမျိုး ရှိချင်မိတယ် ။ လိုချင်တယ် ဆိုပေမဲ့ လိုချင်တဲ့ အရာတွေ မရတတ်တာက ကိုယ်နဲ့ သိပ်မစိမ်းတဲ့ အရာတစ်ခုအဖြစ်လည်း ရှိနေမိတယ် ။ တစ်ခါတစ်လေ လွှတ်ချလိုက်ချင်မိတယ် အနားလေး ခဏတော့ ယူမိတယ် ။ ဒါပေမဲ့ ကိုယ်အရင် မြန်မြန်ရောက်မှ အောက်က လူတွေအတွက်ပါ ကြိုးလေးတစ်စလောက်ဖြစ်ဖြစ် ချပေးပြီး ပြန်ဆွဲတင်နိုင်မယ်လေ ။ အဲ့တော့ ဆက်တက် အကြာကြီး မနားနဲ့ ။ တစ်ရွှေ့ရွှေ့မှသည် တစ်နေ့ ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

အနားယူတာကြာတော့လည်း ပြန်လှုပ်ဖို့ ခက်သွားတယ်

ဟုတ်ပါတယ် ကိုစော အနားယူတာက ပိုဆိုးတယ် ။ စိတ်ပြန်လည်အောင် အချိန်ပြန်ယူရတယ် ။

ထုတ်ရောင်းရတော့မှာလား လက်တို့ဦး😁😁😁
ရှိစုမဲ့စုလေး အလကား အဖြစ်မခံနိုင်ဘူး 😁😁😁

Posted using Partiko Android

အယ် ရောင်းသေးပါဘူး sp တစ်သောင်းကျော်လောက်ဆို တစ်ဝက်ထုတ်စားရင်တောင် မဆိုးဘူးဗျ တစ်ဖွဲ့လုံးတ်းသောင်းဆွင် ပြောတာပါ ။

လျှောက်လက်စနဲ့ လျှောက်ရမှာပဲဟ တွဲတဲ့လက်တွေခိုင်ခိုင်မြဲမြဲ ရှေ့ဆက်မယ်ပဲ လုပ်ရမှာ ဒိုမီရေ တတ်နိုင်ပေဘူးဟ

yes ခိုင်ခိုင် မြဲမြဲ မခွဲတမ်း တွဲလို့ ရှေ့ဆက်မည် ။

ခန နားရင်းနဲ့ ပြန်​မထချင်​ကြ​တော့တာ ထင်​ပါရဲ့ဗျာ

Posted using Partiko Android

ခက်တယ်

ဟုတ်​ တယ်​ ကိုဒို ​ရေ

Posted using Partiko Android

နိုးထဖို့အချိန်တိုင်ပြီးကွယ်

Posted using Partiko Android

right

ခရီးလမ်းကြီးကို ‌မျှော်‌ကြည့်‌ရင်‌ အား‌လျော့စရာပါ ။ကိုယ့်‌ ‌လျှောက်‌ရမယ့်‌ ‌ခြေလှမ်းကိုဘဲ ငုံ့ကြပြီး‌လျှောက်‌ပါ ။တစ်‌ချိန်‌‌ရောက်‌မှာ‌ပေါ့ဗျာ။

ဟုတ် ဦး မဟော်

မောင်တို့လေးကွာ
တက်လိုက်ပါလား
သွားလိုက်ပါလား
ငါ အောက်ကတိုင်ပေးနေတာ move move

အတိုင်အဖောက်ညီအောင် ချမြယ် ။

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66407.27
ETH 3219.07
USDT 1.00
SBD 4.34