ဆုံမိတဲ့ခဏ

in #myanmar6 years ago

ယနေ့ အိပ်ယာထ နောက်ကျသောကြောင့်ထင် နေမင်း၏ အလင်းရောင်သည် ဖြူစူးစူး စပ်ဖြဲဖြဲဖြင့် ကျွန်တော့အား ဆီးကြိုနေလေသည် ။ စာကလေးများ ရေးမည် စိတ်ကူးရင်း ဟိုရေးလိုက် ဖျက်ပစ်လိုက်ဖြင့်ပင် အချိန်ကုန်နေသည်မှာ ကြာလေပြီ ။ ထိုသို့ဖျက်ပစ်ရင်းမှ ထိုရေးပြီးသားများ စုလျှင်ပင် post တစ်ခုခန့် ရှိပြီဖြစ်ကြောင်း တွေးမိသော်လည်း post အစအနလေးများမှာ တစ်ခုမကျန် ဖျက်ပြီးနေပြီ ဖြစ်လေသည် ။ ရှိစေတော့ နောက်နေ့တော့ တင်ဖြစ်အောင်လုပ်မှ ပါလေဆိုကာ ရေးစရာ မရှိတိုင်းလျှောက်လည်နေကျ နေရာလေးအား ရောက်ဖြစ်လေသည် ။


download (1).jpg
Image source

ရောက်ရောက်ချင်းပင် အစပထမ တွေ့လေပြီ ဒေါ်စုလှိုင်တစ်ယောက် လေးလံသော ခြေလှမ်းများနှင့် ရှေ့တွင်လာနေချေပြီ ။ “ ဟာ မတ်မတ်စု ဘာတွေ လေးနေတာတုန်းဗျာ ” ဆိုတော့ “’ဒီလိုကွယ် နှစ်ချပ်တောင် ဝင်သွားပြီးတော့ လေးနေတော့တာဘဲကွယ် ” တဲ့လေ “အမ် ဘာနှစ်ချပ်လဲဟင် ” “ ပန်းကန် နှစ်ချပ်လေ ” “ ဂျင်းထောင်း အများကြီးစားလာလို့ ” “အော် ဟုတ်ကဲ့” “ နင့်ကိုငါ နည်းနည်း စမ်းကြည့်လို့ရမလားဟင် ” ဆိုကာ ပြောပြောဆိုဆို ဘယ်တုန်းက ဆောင်ထားမန်း မသိသော ဓါးတစ်လက်အား ထုတ်လာလေသည် ။ “အမငိ အမ ဘာလုပ်မို့တုန်း ဓါးကြီးနဲ့” ကျွန်တော်လဲ ကြောက်လန့်တကြီး အော်ရာ “ နင် ကိုဟင်နရီတို့နဲ့ ဓါးပြီး သေနပ်ပြီး လုပ်နေကြတယ် ဟုတ်ဖူးလား နောက်ပြီး ရတနာတွေရော မတွေ့သေးဘူးလားဟင် ” အမလေး တော်ကြာ ဒုက္ခတွေ ရောက်တော့မှာဘဲ တွေးပြီး “မလုပ်ဖူးအမ မလုပ်ဖူး အမ” ဆိုကာ ထွက်ပြေးလာရလေတော့သည် ။


images.jpg
Image source

အတော်ပြေးလာပြီး လူလည်း နည်းနည်း မောလာလေပြီ ဓါးဖြင့် အထိုးမခံရသည်ပင် တော်သေးသည် ။ ထို့နောက် အမောပြေခါနီးတွင် ရှေ့နားမှ ကိုထွေးကြီးအား တွေ့မိလေသည် ။ တွေ့မိသည့်အလျှောက် ကိုယ်လည်း နှုတ်ဆက်လိုက်လေသည် ။ “ ကိုထွေး ဘယ်သွားမလို့လဲဗျ “ ဆိုတော့ “ အေး ငါ မုဆိုးမ လိုက်ရောင်းမလို့ကွ ” တဲ့ ။ ဟိုက် လူပျိုတွေရော ရောင်းတဲ့ထဲ ပါနေပြန်ဦးမယ် ဘုမသိ ဘမသိ ရောင်းစားခံနေရမည် စိုးသဖြင့် အမြန်ပင် “ ကိုထွေး ကျွန်တော် သွားတော့မယ်နော် ” ဆိုကာ ဆက်ပြေးလာလိုက်သည်မှာ အိမ်တွင်းပုန်းရသည်ထိ ရောက်လေပြီ ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

ပုန်းနိုင်မှ လုံမယ် ကိုဒိုမီရေ 😁

ဟုတ်ကဲ့ ပုန်းနေပါတယ်ဗျာ

ဓားလေးနဲ့ ထောက်ကာရှိသေး ပြေးတာ တန်းနာဘဲအေ ဘာမှတောင်စမ်းရသေးဘူး

ကြောက်ရတယ်လေဗျာ ။

လူပျိုတွေဆို ၃၆သိန်းဆိုလား 😁😁😁

ဓားပြီး သေနတ်ပြီး စမ်းသလိုလိုနဲ့ အမိအရ လှုပ်ရှားရမယ် ဘထွေး

မတ်မတ်စုက ပိုကြောက်ရတယ် ဗြဲ

ဥထွေးကြောက်ကြောက်

အထက်ပိုင်းသူတွေကို ကြောက်ရသဟေ့

ကိုဒို စာကိုဖတ်‌ရင်း လန့်‌‌တောင်‌လာ‌တယ်‌ဗျို့။

ပြေးနိုင်မှ နော့ ဦးမဟော်

😁😁😁 မကြောက်ပါနဲ့လေ....

ဟင့်အင်း ကြောက်ကြောက်

ဖြစ်​ရပ်​ဆန်း​တွေပါ့လား ​မောင်​ကာဠု

နည်းနည်းလေး ဆန်းမိသွားတယ်ဗျာ ။

ဓား​ထောက်​တဲ့သူနဲ့ဖမ်းပြီး​ရောင်းမဲ့သူနှင့်​ခု​တော့အိမ်​တွင်းပုန်း​နေရပြီ​ပေါ့😁

ဟုတ်ပါ့ အမရေ

မိန်းမမရသေးတော့ သေလို့ မရသေးဘူးလေ မတ်စုရဲ့ ပြေးမှာပေါ့

အိမ်းလေ တန်းနာဘဲ ပြေးလိုက်တာကို

မိန်းမက အဓိက မဟုတ်ပါဘူးဘုရား အသက်ရှည်ရှည်နေပြီး ကောင်းမှုကုသိုလ်လေးတွေ များများ လုပ်နိုင်အောင်ပါဘုရား ။ ( စကားကြီး စကားကျယ်လေး လျှောက်သွားသည် ။)

အတွေးမျှင်ကများများမတွေးဘူးတိုလွန်းတယ်

ဒီလောက်ရဖို့တောင် မနဲရေးနေရတာပါ ဥဥရယ် ။

ပြေးလက်စနဲ့ ပြေးသာပြေးပါကွာ ☺☺

ပြေးနေပါတယ်ခွယ်

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66407.27
ETH 3219.07
USDT 1.00
SBD 4.34