ငယ်ငယ်ကနဲ့ ရောက်တိရောက်ရာ

in #myanmar5 years ago (edited)

ဟိုးးးး တစ်ချိန် တုန်းကပေါ့ ကျွှန်တော်ဟာ ကလေးဘဲ ရှိသေးတယ် ။ တစ်ချို့ သော အဖြစ်အပျက်တွေ ကို ပြန်ပြောပြရမှာ ရှက်နေမိတတ်တယ် ။ လုက်ခဲ့တုန်းကတော့ အဲ့ဒီလို မတွေးမိခဲ့တာ အမှန် ခု လုပ်နေတာတွေကလည်း နောင်တစ်ချိန်ရောက်တော့ ရှက်စဖွယ်တွေ ဖြစ်ချင် ဖြစ်လာမှာပါ ။ ကျွှန်တော်တို့ အမှားနဲ့ မကင်းခဲ့ပါဘူး အထပ်ထပ်တော့ မမှားအောင် ကြိုးစားရမယ်လေ ။


children-vitamins-img.jpg
Image source

ငယ်ငယ်တုန်းက နုနယ်ခဲ့တယ် ၊ စင်ကြယ်ခဲ့တယ် ။ အသားတွေ နုနယ်တယ် အသွေးတွေ စင်ကြယ်တယ် ။ အရာအားလုံး နုနယ် စင်ကြယ်ခဲ့ပါတယ် ။ အတွေးတွေ စိတ်ကူးတွေ နှလုံးသားတွေ ဦးနှောက်တွေ စုံလို့ပါဘဲ ။ ရိုးရှင်း လွန်းတဲ့ ထိုအချိန်က မရိုးမသားတွေ မများတတ်ခဲ့ဘူး ။ အမူ အယာလေးနဲ့တောင် ဟန်မဆောင်တတ်ခဲ့သေးဘူးလေ ။

ကလေးတွေကို မေးဖူးတယ် ဖိုးသမား ဖြစ်ချင်သလား အရက်သမား ဘိန်းစားဖြစ်ချင်သလားပေါ့ ။ ဖြစ်ချင်တယ်လို့ ပြောတဲ့သူ မတွေ့ဖူးခဲ့ဘူး ။ တစ်ယောက်တစ်လေ တော့ ဖြစ်ချင်သူ ရှိချင်ရှိမှာပါလေ ။ 100% ဆိုတာ ဖြစ်ဖို့အလားအလာ သိပ်နည်းတာကို ။ ဒါပေမဲ့ အဲ့လို ရည်ရွှယ်ချက်မျိုး မရှိခဲ့ကြဘူး ။ ကွမ်းယာစားတာ ဆေးလိပ်သောက်တာတောင် မကောင်းဘူးလို့ သူတို့ မြင်ကြတယ် ။ တစ်ကယ်လဲ ဟုတ်ပါတယ်လေ ။


bad-36578_1280.png
Image source

ကလေးတွေ မဖြစ်ချင်တဲ့ မကောင်းတဲ့ အရာတွေ ကြီးလာတဲ့ အခါ လိုလို လားလား လုပ်ဖြစ်အောင် ဘယ်အရာက ပြောင်းလဲသွားစေသလဲ ။ ဒါပေမဲ့ ကျွှန်တော်တို့ ကိုယ်တိုင် မကောင်းမန်းသိရက်နဲ့ လုပ်နေမိတဲ့အရာတွေ ရှိနေလေ တော့ ပြောရခက်တယ် ။ သိသိနဲ့ လုပ်နေတယ် မသိလို့လဲ လုပ်နေမိတယ် ။ ရှင်းပြရတာလဲ ခက်လိမ့်မယ် ။ ကောင်းတာတွေဘဲ ရှိစေချင်သော်လည်း ကိုယ်တိုင်တောင်မကောင်းနိုင်တော့ အခက်သား ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

ကိုချစ်တောင် သဘောပါလာပြီ 😁

ဟီး သဘာပေါပါ ။

ကြီးမိုက်တွေလေ ကြီးလေ မိုက်လေ

ငှဲ့ ပြောရက်တာ ဟုတ်တော့လဲ ဟုတ်နေသလိုပ

ငယ်​ငယ်​ အသိမကြွယ်​ခင်​က​တော့ ​ရောက်​တိ​ရောက်​ရာပါ့

ငယ်ငယ်က သေးတယ် ခုကျတော့

ငယ်ငယ်တုံးကတော့ ကလေးပေါ့ကွာ နည်းနည်းကြီးလာတော့ လူငယ်ပေါ့ ခုတော့ လူကြီးဖြစ်လို့နေပြီပေါ့နော် ☺

လူရွှယ်ပါဥဥရယ် ခုထိ ဟိုရွှယ်လိုက် ဒီရွှယ်လိုက်နဲ့ ရှိတုန်းပါဗျာ

က​လေး ဘဝ​တော့ စိတ်​ချမ်းသာတယ်​ ကြီးခဲ့​တော့လည်း​ကောင်းပါတယ်​ ​ကောင်​မ​လေး​တွေကို ချစ်​တတ်​ခဲ့​တော့​လေ 😁😁

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64231.88
ETH 3128.59
USDT 1.00
SBD 3.95