မတ်မတ် အိနှင့် တွေ့ဆုံခန်း

in #myanmar5 years ago (edited)

ဒီနေ့တော့ MSC မှ ကျွှန်တော့ရဲ့ ဆရာမကြီးဖြစ်တဲ့ မတ်မတ်အိ နှင့် တွေ့ဆုံခဲ့ပါသည် ။ မတ်မတ်အိ ဆိုသည်မှာ မမအိဖြစ်ပြီး မအိအိခိုင်ကို ခေါ်ခြင်းဖြစ်ပါသည် ။ online တွင်တွေ့ဆုံနေရသည်ထက် အပြင်တွင်ဆုံတွေ့ခြင်းက ပိုမိုသော ရင်းနီးချစ်ခင်ခြင်းကို ပေးနိုင်ကြောင်း ကိုတော့ သိကြသည့်အတိုင်းပင် ။ MSC တွင် တစ်ကြိမ်မက ဆုံဖူးကြသူများ ရှိသကဲ့သို့ မအိအိခိုင်နှင့်တော့ ခုမှ တွေ့ဆုံဖူးတာပါ ။ ကသက်တို့ ကိုအောင်ကြီးတို့ဆိုလဲ နိပ်စက်နေကျလေ ။ ကိုစိုးတွေဘာတွေလဲပါသေးတယ် အကုန်ရေးရရင် အများကြီး ။

ယခင်က အဖိုးအရွှယ် အဘအရွှယ် ထင်မြင်မိခဲ့ကြသော ကမိုးဇော် ကဲ့သို့သူများကို အပြင်မှာတွေ့မှ ငယ်ရွှယ်သူမန်းသိခဲ့ကြရဖူးသည် ။ ကလေးလေးထင်၍ သွားသွား ဆုံးမနေသော ဦးယုသည် မိမိ ဖခင်အရွှယ်ခန့်ပင်ရှိကြောင်း မြင်တွေ့ရသည် ( အစက ယုဇနဆိုတဲ့ကောင်မလေး ထင်တာ ) ။ ဒါကတော့ Gathering ငယ်ကျိုး ငယ်နာလေးတွေပေါ့ ။ စိတ်မဆိုးကြေးနော် ။ ထို့အတူ မတ်မတ်အိအားလဲ နုနယ်ငယ်ရွှယ်သော ကောင်မလေး အသွင်ဖြင့် တွေ့မြင်လိုက်ရသည့်အခါ ။ မမအိ ပင် ခေါ်မထွက်တော့ ။

IMG_20190621_132921.jpg

ပထမဆုံး စသွားတော့ မစီးတတ်စီးတတ် YBS ဆိုသော အနှီ ဘာမှတ်တိုင်တွေမန်း မသိ တစ်ခုပြီး တစ်ခု ရပ်သော ကားကြီးဖြင့် ။ မိမိ မသိခဲ့သော သုဝဏ္ဏဈေး မှတ်တိုင်သို့ ။ ဘေးနားမှ ကပ်စီးသူများအား နားပူအောင် မေးပြီးသည့်အခါ ရောက်ရှိလာလေပြီ ။ မတ်မတ် အိ အရိပ်ကားမတွေ့သေး ။ ဘေးဘီကြည့်တော့ မှတ်တိုင်နာမည်တွင် ဈေးပါသော ထိုနေရာသည် ဈေးရုပ်မပေါက် ။ ပါးစပ်ပါတော့ လျှောက်မေး နေရာတော့မှန်ပြီ ဖုန်းပြန်ဆက် ။ အော်လာနေပြီ တဲ့ ။

အယ် လူချင်းတွေ့ရင်ဖြင့် မှတ်မိပါ့မလား ။ တွေးနေစဉ် ဟိုဘက်ကမ်း ၌တွေ့လေပြီ ။ " အယ် ငါလေးမှတ်မိသားဟ " ။ ထို့နောက် ကျွှန်တော်မတတ်သေးသော သိုင်းကွက် တစ်ကွက်ဖြင့် ဒီဘက်ရောက်လာချေပြီ ။ ဘယ်ရမလဲ အဲ့လောက်မြင်ရင် အဲ့ဒီသိုင်း ကျွှန်တော် တတ်ပြီလေ ။ နှစ်ယောက်သား သိုင်းနင်းကွက်ကျ ဟိုဘက်ကမ်း ပြန်ရောက်သွားသည် ။

ဒီလိုနှင့် မတ်မတ်အိနှင့် ကျွှန်တော် တွေ့ဆုံခဲ့သည်ပေါ့ဗျာ ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

သိုင်း​လောက သား​တွေ ဘာကျမ်း​တွေ ​လေ့လာခဲ့သလဲ ပြန်​သင်​​ပေးပါ 😃😃

Posted using Partiko Android

ဟားဟား သင်ပေးဝူး

အပြင်မှာတွေ့တော့ ပိုပြီးရင်းနှီးသွားကြတာပေါ့ဗျာ။အပြင်မှာတွေ့ဖို့ဆိုတာ အလုပ်ကိုယ်စီတွေနဲ့ဆိုတော့ ခက်ခဲပါတယ်။ဒီလိုတွေ့နိုင်အောင်ကြိုးစားကြတာ လေးစားပါတယ်ခင်ဗျာ။

ဟုတ် အကိုတို့နဲ့လဲ ဆုံချင်ပါသေးတယ် ။

အဆင်ပြေပြီလား သိုင်းဆရာ

ပြေပါ့ဗျာ ဦးစိုး

Congratulations @domelay! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

The Steem community has lost an epic member! Farewell @woflhart!
SteemitBoard - Witness Update
Do not miss the coming Rocky Mountain Steem Meetup and get a new community badge!
Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 71539.00
ETH 3603.23
USDT 1.00
SBD 4.75