မကျေနပ်လျှင်ငုံကြည့်လိုက်

in #myanmar5 years ago

မကျေနပ်လျှင်ငုံကြည့်လိုက်

လောကမှာ အတွေ့ရများလှတဲ့ ဒုက္ခသည် နှစ်မျိုးရှိတယ်။ မိမိတွေ့ကြုံနေရတာတွေကို မကျေမနပ်ဖြစ် ပြီး ဒေါမနဿတွေ ဖြစ်နေတဲ့ ဒုက္ခသည်ရယ်၊ မိမိတွေ့ကြုံနေရတာတွေကို အကျေနပ်ကြီးကျေနပ်ပြီး ကိုယ့်ကိုယ်ကို အဟုတ်ထင် မာနတက်နေတဲ့ ဒုက္ခသည်ရယ် နှစ်မျိုးပေါ့။
မကျေမနပ်ဖြစ်နေတဲ့ ဒုက္ခသည်တွေထဲမှာ စားဝတ်နေမှု လိုအပ်ချက်တွေ မပြည့်စုံလို့ မကျေမနပ် ဖြစ်နေတဲ့သူတွေရှိသလို၊ သဘာဝပါတ်ဝန်းကျင်တို့ရာသီဥတုတို့ ကိုယ့်အလိုကျ မဖြစ်ရကောင်းလားဆိုပြီး မကျေမနပ် ဖြစ်နေကြသူတွေလည်း ရှိတာဘဲ။ ဘုရားဟောတဲ့ အနတ္တသဘောနဲ့ အတော်နားဝေးခဲ့ပုံရတယ်။

image
အကျေနပ်ကြီး ကျေနပ်နေသူတွေလည်း လူမှုရေး စီးပွားရေး ပညာရေး ကျန်းမာရေးစတာတွေ ကိုယ် ထင်တိုင်းပေါက်နေလို့ ကျေနပ်နေကြသူတွေရှိကြလို့ ၊ လူ့ဘ၀ရတုံး သာသနာနဲ့ ကြုံဆုံတုံးမှာ အရေးကြီး လုပ်သင့်တဲ့ အလုပ် ၊ရသင့်ရောက်သင့်တဲ့ အဆင့်ဟာ ဘာလဲလို့ မသိတက်လို့ ကိုယ်လုပ်နေတာ ၊ရနေ ရောက်နေတာတွေကို အမြင့်ဆုံးအဆင့်ရောက် လှပြီထင်ပြီး ကျေနပ်နေကြသူတွေလဲ အများကြီးပဲ တွေ့နေရတယ်.....
တကယ်တော့ ဒါတွေဟာ ဖြစ်ရပ်ချင်း ခံယူပုံချင်းမတူညီလို့ ဓမ္မအမြင်နဲ့ကြည့်လျှင် ကိလေသာရောဂါ ၀မ်းတွင်းနာ စွဲကပ်နေကြတဲ့ ဒုက္ခသည်တွေ ရောဂါသည်တွေလို့ဆိုနိုင်တယ်.....
ဒီဒုက္ခသည် ရောဂါသည်တွေကို လောကဆေးနဲ့တော့ ကုလို့မရနိုင်ဘူး..။ ဓမ္မဆေးနဲ့ ကုမှရမယ် တကယ်ဆေးနဲ့ အနာ တွေ့ဘို့ အများသူငှါပြေားသလို သမထဝိပဿနာ ဆေးနဲက ကုသမှ ပျောက်နိုင်မယ်..၊ အနာနဲ့ဆေး တဲ့မှ ကုလို့ပျောက်မယ်၊ တကယ် ဆေးချက်ပိုင်ပိုင်နိုင်နိုင်ကုနိုင်မှ အံ့သြလောက်အောင် ပျောက်ကင်း နိုင်လိမ့်မယ်... ဒီလိုပြေားလို့ မကျေနပ်ရင်ငုံကြည့်လိုက်ပါ..။
လောကထဲ ရောက်လာရင် လောကဓံနဲ့ ဖတ်ပြီး ရန်မတွေ့ရဘူး၊ တွေ့နေရင်ကိုယ်က အမြဲရှုံးတယ် ၊ လောကဓံဆိုတာ ကိုယ်ဖြစ်ချင်သလို လိုက်ပြီးဖြစ်နေတာမှ မဟုတ်ဘဲကိုး ၊ ကိုယ်ကသူနဲ့ အလိုက်အထိုက် နေတက်အောင်ကျင့်ရတာ၊ တစ်ခါတစ်ခါ လောကဓံဟာ သည်းမခံနိုင်လောက်အောင် မကျေနပ်စရာတွေနဲ့ ကြုံကြိုက်ရတာလဲရှိတက်တယ်၊ ကျေနပ်စရာပဲ တွေ့တွေ့ မကျေနပ်စရာတွေပဲ တွေ့တွေ့၊ ကိုယ်ကနေတက်အောင် ကြည့်နေရတယ်။
မကျေနပ်ရင်ငုံကြည့်လိုက် ဆိုတဲ့အဓိပ္ပါယ်ကို ဆက်လက်မိန့်ပါဦးမည်...
ယနေ့ဖြစ်ပေါ်နေတဲ့ ရာသီဥတုကိုသာကြည့် မိမိနေထိုင်ရတာ မိမိနေရာအလွန်အင်မတန်မှ ပူလောင်နေတယ် ..။မိမိသာပူလောင်နေလှပြီလို့ မထင်လိုက်နဲ့ ၊ မိမိထက်အလွန်ပူတဲ့နေရာရှိသေးလား ဆိုတာ ငုံ့ကြည့်လိုက်သောအခါ၊ မြတ်စွာဘုရားရှင်ဟောထားတဲ့ အထဲမှာ ငရဲကြီးရှစ်ထပ် ဒီထဲမှာ လောဟကုမ္ဘီငရဲဆိုတာရှိတယ် ၊အဲဒီငရဲက သံရည်ပူငရဲပဲ၊ ဒီငရဲမှာကျရောက်နေတဲ့ သတ္တဝါတွေဟာလည်းပဲ သူငရဲပြည်က ဘယ်ရာသီဥတုအပူနဲ့မှ မယှဉ်သာအောင် အပူအလွန်ပူ ကာကွယ်စရာလည်းမရှိ၊ ငရဲကျရောက်နေတဲ့ သူတွေကလည်း လွတ်ရက်လဲမသိနဲ့ ၊အဲ့ဒါကို အသိဉာဏ်နဲ့ စဉ်းစားပြီးငုံ့ကြည်လိုက်၊ ကိုယ်ရောက်နေတဲ့ နေရာက အတော်ကြီးအေးမြနေတာပဲ၊မဟုတ်လော...။
အဲ့ဒီလို ဉာဏ်ပညာနဲ့ငုံ့ကြည်တက်ရမယ်...။
တကယ် ပြီးပြည့်စုံနေတာ မဟုတ်တန်ပဲနဲ့ ကိုယ့်ကိုယ်ကို အကျေအနပ်ကြီး ကျေနပ်နေလျှင်ကား ဘယ်လိုလည်းဆိုတော့ မကျေနပ်မှု၏ဆန့်ကျင်ဘက် ကိုသာကြည့်လိုက်ပေါ့... မကျေနပ်လျှင် ငုံ့ကြည့်လိုက်ဆိုတော့ ကျေနပ်လွန်းလျှင် မော့ကြည့်လိုက်ဆိုရတော့မည်...။
ရာထူးဂုဏ်သိမ် စည်းစိမ် ဥစ္စာ တက်သိပညာ အကျင့်သီလ ဘာကိုပဲကျေနပ်နေနေ ကိုယ့်ထက်သာလွန် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေကို မော့ကြည့်လိုက်ရင် ဘုရားရှင်တို့ရဲ့ အလိုအရ သာသနာတော်နဲ့ကြုံဆုံတုံး ၊လူဘ၀ရတုန်းမှာ တကယ်ပြည့်စုံသူဆိုတာ မဂ်ဉာဏ်ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ထင်ထင်ပြုနိုင်တဲ့ အဆင့်ရောက်မှ ၊ဒါတောင် အရဟတ္တမဂ် အရဟတ္တဖိုလ်ပေါက် ရဟန္တာအဖြစ်ကို လက်ဆုပ်ပိုင်ပိုင်ရမှ ပြီးပြည့်စုံတယ်လိုဆိုနိုင်ပြီ။ ဒါကြောင့် လောကမှာ ဘယ်လိုအရာတွေနဲ့ ပြည့်စုံနေနေ ဘာတွေပဲရနေနေ အကျေနပ်ကြီး ကျေနပ်ပြီး မာန်မာနတွေတက်နေစရာ မရှိပါတော့ပါတကား...။
ငုံ့ကြည့် မော့ကြည်တက်နိုင်ကြပါစေသော် ။
မောတ္တာဖြင့် ခရစ်တွန်သြဘာ

@chirstonawba

Sort:  

အရှင်ဘုရား အကောင့်သစ်ပြောင်းသုံးသင့်ပါတယ်။ Reputation 8 ဆိုတော့ Vote ရဖို့ခက်ပါတယ်။ mac-bot က ဒုက္ခလိုက်ပေးနေမှာပါ။

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64777.26
ETH 3101.53
USDT 1.00
SBD 3.84