Video editing အ​ကြောင်းအနည်းငယ်

in #myanmar6 years ago

image

အားလုံးမင်္ဂလာပါ။ အားလုံးအတွက်ကောင်းသောနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း video editing ပညာကိုကြားဖူးကြမှာပါ။နောက်ပီး လက်တွေ့လုပ်ကိုင်နေသူများလဲရှိချင်ရှိပါလိမ့်မည်။ ကျွန်တော့်အဖို့တော့ video editing ပညာကို အနည်းငယ်သင်ကြားဖူးပါသည်။ ကျွန်တော့်သူငယ်ချင်းမှပဲ သင်ပေးခဲ့တာပါ။ ယခုpost မှာတော့ video editing သဘောတရားအနည်းငယ်နဲ့ အစမှ အဆုံးဘယ်လိုပြုလုပ်တယ်ဆိုတာတွေကို ရေးပြပေးသွားမှာဖြစ်ပါသည်။ Professional တစ်ယောက်မဟုတ်သောကြောင့် အမှားများပါလျှင် ခွင့်လွတ်ပေးကြဖို့ ကြိုတင်ပြောကြားလိုပါသည်။
image
ဟုတ်ကဲ့ပါ ပထမဆုံးကျွန်တော်တို့ video edit လုပ်တော့မည်ဆိုလျှင်ကုန်ကြမ်း video ရှိရပါမည်။ ကုန်ကြမ်းvideo ရဖို့အတွက် ကျွန်တော်တို့ရဲ့ ရိုက်ကူးရေးအဖွဲ့ကိုငှားတဲ့လူစီမှာ video ရိုက်ပေးပါသည်။အဲ့ဒါကတော့ video ကုန်ကြမ်းပေါ့။ စစချင်းကျွန်တော်တို့အဖွဲ့မှာ Video Camera ရိုက်ပေးတဲ့သူ၊ Video ရိုက်ကူးချိန် အလင်းရောင်ကောင်းမွန်စွာရဖို့အတွက် မီးအလင်းရောင် ထိုးပေးသူ၊ နောက်ပီး Camera ရိုက်သူ၊ နောက်ပီး ပစ္စည်းများထိန်းသိမ်းစိစစ်သူ ဆိုပီး ယေဘုယျအားဖြင့် ၄ ယောက် ရှိရပါသည်။ ပွဲစဉ်တစ်ခုရိုက်ရပီဆိုလျှင်တော့ ပစ္စည်းများ စိစစ်သူက သက်ဆိုင်ရာလူများသို့ သူတို့နဲ့ဆက်ဆိုင်သော ပစ္စည်းကိရိယာများကို ထုတ်ပေးပီး သေချာစိစစ်ပေးပါသည်။ အဲ့ဒီနောက်မှာတော့ မီးအလင်းထိုးပေးသူနှင့် Video Camera man က ထိုပွဲရဲ့အဓိက ကျသော ဥပမာ (သတို့သား သတို့သမီး) တို့ရဲ့ဧည့်ခံတဲ့ စားဝိုင်းတွေကို သွားရောက်ပီး ရိုက်ကူးပေးပါသည်။ Camera man ကလဲ ထိုသတို့သား သတို့သမီးနှင့်အတူ စားဝိုင်းမှ ဧည့်သည်များနှင့်အတူ ဓါတ်ပုံရိုက်ပါသည်။ ဒါကတော့ ပုံမှန်လုပ်ဆောင်နေကျပါ။ မင်္ဂလာအချိန် အစမှ အဆုံးထိ ရိုက်ကူးမှတ်တမ်းတင်ကြပါသည်။ နောက်ပီး မင်္ဂလာပွဲတွင်ပါဝင်ကူညီသူများကိုလဲ အမှတ်တရ မှတ်တမ်းတင်ရိုက်ကူးပါသည်။ ထိုသို့ရိုက်ကူးပီးစီးသွားတဲ့အချိန်မှာတော့ ပစ္စည်းများ ထိန်းသိမ်းသူမှ ပစ္စည်းများကို သေချာ စိစစ်ပီး ပြန်လည်သိမ်းဆည်းကြပါသည်။ ထိုနေ့တွင် နောက်ထပ် ရိုက်ကူးရန်ပွဲများရှိပါကလဲ ထိုနည်းအတိုင်း ထပ်မံသွားရောက်ပီး ရိုက်ကူးမှတ်တမ်းတင်ကြပါသည်။ ထိုနေ့ညနေမှာတော့ ရိုက်ကူးထားသမျှ video နှင့် ဓါတ်ပုံများကို သေချာ စစ်ဆေးပီး သိမ်းဆည်းကြပါသည်။ ပီးလျှင်တော့ ယနေ့အတွက် အလုပ်နားကြပါသည်။ မနက်ဖြန်ရောက်လျှင်တော့ ယနေ့ရိုက်ကူးထားသော မှတ်တမ်း Video တိပ်ခွေနှင့် ဓါတ်ပုံများကို Video Editor စီသို့ပေးအပ်ပီး မှတ်တမ်း Video အခွေဖြစ်လာစေဖို့ တည်းဖြတ်လုပ်ဆောင်ရပါသည်။ ရိုက်ကူးရေးအဖွဲ့အနေနဲ့ကတော့ နောက်ထပ် ရိုက်ကူးရန်ရှိသော ပွဲတစ်ခုစီသို့ ရိုက်ကူးရန် ထပ်မံသွားရောက်ရပါသည်။ ယခုဆိုရင်တော့ Video editor အနေနဲ့ ရိုက်ကူးမှတ်တမ်းတင်ထားသော Video တိပ်ခွေကို Editing software ထဲသို့ပြောင်းလဲကူးယူပီး တည်းဖြတ်ခြင်းလုပ်ငန်းလုပ်ဆောင်ဖို့ပြင်ဆင်ရပါသည်။ထိုသို့တည်းဖြတ်ရာတွင် မှတ်တမ်းတင်ထားသောvideo မှ လိုအပ်သောရိုက်ကွက်များ မလိုအပ်သောရိုက်ကွက်များကို စိစစ်ရွေးချယ်ပီး ကောင်းမွန်စွာစီစဉ်ရပါသည်။ editing ပြုလုပ်နေစဉ်တွင်လဲ ဓါတ်ပုံများကို အဆင်ပြေသလို ထည့်သွင်းပေးရပါသေးသည်။
image
ပီးရင် အလင်းအမှောင် မညီမညာဖြစ်နေလျှင်လဲ ပြန်လည် ချိန်ညှိပေးရပါသည်။ မှတ်တမ်းတင်ထားသော video ဖိုင်များအားလုံး အစီအစဉ်တကျ ပြင်ဆင်ပီးပီဆိုလျှင်တော့ အစနှင့် အဆုံးမှာ စာတန်းထိုးမှုကိုပြုလုပ်ရပါသည်။စာတန်းထိုးတဲ့နေရာမှာတော့ မင်္ဂလာပွဲရဲ့အဓိက ကျသူများကို အထူးဂရုပြုထည့်သွင်းရပါတယ်။ အဆုံးပိုင်းမှာတော့မင်္ဂလာပွဲဖြစ်မြောက်အောင် ပါဝင်သူအားလုံးရဲ့နာမည်တွေကိုထည့်သွင်းရေးထိုးပေးပါသည်။ အားလုံး ပြင်ဆင်ပီးရင်တော့ သီချင်း သို့မဟုတ် တီးလုံးထည့်သွင်းပေးရပါတယ်။ မင်္ဂလာပွဲနှင့်ကိုက်ညီမည့် သီချင်း တစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုသောသီချင်းများ၊ တီးလုံးများကို ထည့်သွင်းရပါတယ်။ သတို့သားသတို့သမီးမှ တောင်းဆိုသောသီချင်းများလဲထည့်သွင်းပေးရပါသေးသည်။အသံဖိုင်ပါထည့်သွင်းပီးသွားပီဆိုလျှင်တော့ အချောသတ် Encoding ပြုလုပ်ပေးရပါသည်။ encoding ပီးရင်တော့ အားလုံးအသုံးပြုကြည့်ရှုလို့ရတဲ့ DVD ကိုရရှိမှာဖြစ်ပါသည်။ ထို့နောက်မှာတော့ DVD disc ပေါ်မှာ ဆေးမှုတ်ခြင်းကိုပြုလုပ်ဖို့အတွက် DVD ကာဗာဒီဇိုင်းကိုပြုလုပ်ရပါသည်။ DVD ကာဗာဒီဇိုင်းပြုလုပ်တဲ့နေရာမှာတော့ မင်္ဂလာမောင်နှံ အမည် မိဘများအမည်နှင့် မင်္ဂလာအချိန် မင်္ဂလာနေရာကို ထည့်သွင်းပေးရပါသည်။ ထို့နောက်မှာတော့ Printer နှင့် DVD disc ပေါ်တွင် ဆေးမှုတ်ခြင်း ပြုလုပ်ရပါသည်။ DVD disc ပေါ်တွင်ဆေးမှုတ်ခြင်းပီးစီးပီဆိုလျှင်တော့ အခွေဗူးထဲထည့်ပါသည်။ အခွေဘူးကာဗာအနေနဲ့လဲ ရိုက်ကူးခဲ့သော ဓါတ်ပုံများထဲမှ မင်္ဂလာမောင်နှံပုံနှင့် အခြားသင့်တော်သောဆွေမျိုးပုံများကို အသုံးပြုပီး အခွေဗူးကာဗာဒီဇိုင်းပြုလုပ်ရပါသည်။ အားလုံးပြီးသွားပီိဆိုလျှင်တော့ အချောသတ်ပီးစီးသွားသော DVD disc အခွေရယ် ရိုက်ကူးခဲ့သော Video tape ရယ် ကို သေချာသိမ်းဆည်းပီး သက်ဆိုင်ရာ မင်္ဂလာမောင်နှံစီကိုအကြောင်းကြားပီး အခွေကို အပ်နှံဖို့ပဲကျန်ပါတော့သည်။ အခုဆိုရင်တော့video editing ပြုလုပ်ခြင်းရဲ့ သဘောတရားများကိုသိရှိသွားမည်ဖြစ်ပါသည်။ ယခုပြောပြထားသောအကြောင်းအရာများက အထူးပြုလုပ်ချက်များ မပါသော်လည်း အဆင့်အဆင့်ပြုလုပ်ဖန်တီးရပါသည်။ ယခုမိတ်ဆွေများ TV ဖန်သားပြင် သို့မဟုတ် အင်တာနက်မှ ကြည့်ရှုနေကြသော video များသည်လည်း ယခု ပြုလုပ်သော နည်းလမ်းများပါဝင်ပီးဖြစ်ပါသည်။ ထပ်မံဖြည့်စွက်ထားသော နည်းလမ်းများစွာလဲပါဝင်ပါသည်။ အားလုံးပဲ ဗဟုသုတအနည်းငယ်ရလိမ့်မည်ထင်ပါသည်။ ကျေးဇူးတင်ပါသည်။

Written by caesarsupaimin
MSC-025
Photo by google search

Sort:  

ကျေးဇူးပါဗျား လေ့လာခွင်ရလို့

ဟုတ်​ကဲ့ဗျပရိုမဟုတ်​​ပေမဲ့အနည်းငယ်​သ​ဘောတရား​တော့​ပြေုပြလို့ရပါတယ်​ဗျ

ဗဟုသုတ ရပါတယ်။

ဟုတ်ကဲ့ဗျ အကို ကျေးဇူးပါဗျ

ဟုတ်ကဲ့ပါဘဒို
မှတ်သားသွားပါတယ်နော်

ဟုတ်ကဲ့ကျေးဇူးပါဘဒို

သိခွင့်​ရလို့ ​ကျေးဇူးပဲဗျ

ဟုတ်ကဲ့ဗျ ကြိုးစားပါအုံးမယ်ဗျ

ကျွန်တော်ပြီးအသုံးပြုဖူးတာတော့ showbiz dvd 2ဗျ သူက ဓါတ်ပုံလေးတွေနဲ့ စာလေးတွေနဲ့ တွဲရတာ နောက်ပိုင်း power director တို့ premier proတို့ သုံးရတာ တော်တော်လေး အဆင်ပြေပါတယ်

ဟုတ်တယ် နောက်ပိုင်း after effect ပါသုံးကြည့် ပိုမိုက်တယ် :D

ဗဟုသုတရပါတယ်အစ်ကို ကျေးဇူးပါ

ဟုတ်ကဲ့ပါအကို လာလည်တာကျေးဇူးပါဗျ

ဗဟုသုတရပါတယ်ကျေးဇူးပါ

ပညာရပါတယ် bro

ဗဟုသုတပေါ့
လုပ်စားဖို့တော့ မရသေးဘူး

ဟုတ်တယ်အကို လုပ်စားတာက ရေးရရင် အရှည်ကြီး ဟီး

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.035
BTC 67020.94
ETH 3270.13
USDT 1.00
SBD 4.62