မျက်​စိထဲပိုးဝင်​သွားတယ်

in #myanmar6 years ago

cf2018_02_01_12_21_04.jpg
မင်္ဂလာပါဗျ။ဒီရက်​ပိုင်းမှာ ကျွန်​​တော့မျက်​လုံးထဲပိုးဝင်​မှု​လေးဖြစ်​ခဲ့တယ်​ဗျာ။ ဘယ်​လိုစဖြစ်​လည်းဆိုရင်​ ရုံးမှာ စာရွက်​စာတမ်း​တွေကြည့်​​နေတဲ့အချိန်​မှာ ရုတ်​တရက်​ မျက်​စိထဲတစ်​ခုခု​ပြေးဝင်​လာသလိုခံစားလိုက်​ရတယ်​။ အဲ့​နောက်​​တော့ မျက်​စိက ခိုးလို့ခုလုဖြစ်​လိုက်​ ​ပျောက်​သွားလိုက်​ ခိုးလိုခုလုဖြစ်​လိုက်​ ​ပျောက်​သွားလိုက်​နဲ့ ဖြစ်​​နေတယ်​ဗျ။ အဲ့ဒါနဲ့မျက်​စိကို ဟိုပွတ်​ဒီပွတ်​လုပ်​​တော့တာ​ပေါ့ဗျာ။ အဲ့ဒါက​နေမှ မျက်​စိက စပီး​တော့ ယားလာပါတယ်​။ ယားလိုက်​ ​ပျောက်​လိုက်​နဲ့ပါပဲ။ ကျွန်​​တော်​လည်းအမှုမဲ့ အမှတ်​မဲ့ ထားလိုက်​ပါတယ်​။

ဒီလိုနဲ့ည​နေရုံးဆင်း​တော့ အ​ဆောင်​ကို ပြန်​လာခဲ့ပါတယ်​။ အဲ့ဒီအချိန်​ကျ​တော့ ဘာမှမဖြစ်​​တော့သလိုပဲဗျ။ ​နောက်​ပိုင်း ည​နေစာစားပီး အ​ဆောင်​ကို ပြန်​​ရောက်​​တော့ ထယားလာပါတယ်​။ ကျွန်​​တော်​လည်း မျက်​စိထဲ အမှိုက်​ဝင်​တာထင်​တယ်​ဆိုပီး​တော့ ​ရေခွက်​ထဲ​ရေထဲ့ပီး မျက်​စိကို ​ရေထဲမှာ ဖွင့်​လိုက်​ ပိတ်​လိုက်​လုပ်​ လိုက်​ပါတယ်​။ ခန​တော့ သက်​သာသွားတယ်​။ ကျွန်​​တော်​လည်း မျက်​နှာသုတ်​ပီး အိပ်​ယာဝင်​လိုက်​ပါတယ်​။ ​နောက်​​နေ့မနက်​​ရောက်​တဲ့ထိဘာမှမဖြစ်​ပါဘူး။ အလုပ်​လည်း ​ကောင်း​ကောင်းသွားနိုင်​ခဲ့ပါတယ်​။

ဘယ်​အချိန်​မှာစဖြစ်​တာလည်းဆို​တော့ ​နေ့လည်​ထမင်းစားပီး ချိန်​မှာ မျက်​စိက ပြန်​ယားလာတယ်​ဗျ။ ခိုးလိုခုလုလည်း ပြန်​ဖြစ်​လာတယ်​။ အဲ့ဒါနဲ့ ကျွန်​​တော်​လည်း​နောက်​တစ်​ခါ မျက်​စိကို ​ရေနဲ့ခတ်​ဖို့ ရုံးက သန့်​စင်​ခန်းထဲကိုဝင်​သွားလိုက်​ပါတယ်​။ အဲ့ဒီမှာ ​ရေတံ​ခေါက်​ကို ဖွင့်​ပီး ကျလာတဲ့​ရေနဲ့ မျက်​စိကို ခတ်​ပါတယ်​။ သက်​သာသလိုလို မသက်​သာသလိုလိုဖြစ်​ပါတယ်​။ အဲ့​နောက်​မှာ​တော့ ​နေလို့ရတယ်​ဆိုပီး ကျွန်​​တော်​ဒီတိုင်း​နေလိုက်​ပါတယ်​။ ည​နေပိုင်း​ရောက်​လာ​လေ ပိုယားလာ​လေ ပိုပီး ခိုးလိုခုလုဖြစ်​လာ​လေနဲ့ မျက်​စိကလည်း ပိုရဲပီး ​ယောင်​လာပါတယ်​။

ကျွန်​​တော့ကို ရုံးကဝန်​ထမ်း​တွေက​တောင်​​ပြောကြတယ်​ "အကို့မျက်​လုံးက ​ယောက်​လာတယ်​​နော်​"တဲ့ ၊အဲ့ဒါနဲ့ကျွန်​​တော်​လည်း ​နောက်​​နေ့နံနက်​ပိုင်း ​ဆေးခန်းသွားပြလိုက်​တယ်​။ ​ဆေးခန်းကဆရာက မျက်​စိကို အ​ပေါ်​အောက်​ ဖြဲကြည့်​ပီး​တော့ မျက်​စိကျိန်းတာဖြစ်​မယ်​ဆိုပီး တင်​ပါးကို​ဆေးထိုး​ပေးပါတယ်​။ ​နောက်​ပီး ​သောက်​​ဆေး​တွေ​ပေးလိုက်​ပါတယ်​။ ​ဆေးထိုးပီးပီးချင်း သက်​သာပါတယ်​။ မျက်​စိ​ယောင်​တာလည်းကျပါတယ်​။ အဲ့ဒါနဲ့ အဲ့ဒီတစ်​​နေ့ ဆရာ​ပေးတဲ့​ဆေး​တွေကို​သောက်​ရင်းနဲ့ သက်​သာလာပါတယ်​။ ဒါ​ပေမဲ့​နောက်​​နေ့​ရောက်​လာ​တော့ မျက်​စိကပြန်​​ယောင်​​နေပါတယ်​။ ရဲလည်း ရဲ​နေပါတယ်​။ အဲ့ဒါနဲ့ကျွန်​​တော်​လည်း ​ဆေး​တွေကို​သေချာ​သောက်​ပါတယ်​။ မသက်​သာပါဘူး။

တတိယ​နေ့မှာ​တော့ ဆရာ​ပေးထားတဲ့​ဆေး​တွေကို ထပ်​မ​သောက်​ပဲ ဆရာ့စီကို ထပ်​သွားလိုက်​ပါတယ်​။ "ဆရာ မသက်​သာဘူးဆရာ၊ပီး​တော့ မျက်​စိထဲမှာလည်းခိုးလိုခုလုဖြစ်​သလိုခံစားရတယ်​ဆရာ"လို့​ပြောလိုက်​ပါတယ်​။ အဲ့အခါ ဆရာက ဟုတ်​လား ဆိုပီးမျက်​စိကို အ​ပေါ်​အောက်​ ထပ်​ဖြဲ ကြည့်​ပါတယ်​။ အင်းမျက်​စိက ပိုးဝင်​တာဆိုပီး ပိုးသတ်​​ဆေးကို ကျွန်​​တော့ လက်​မှာထိုး​ပေးပါတယ်​။ ​ဆေးထိုးပီး​တော့ ​သောက်​​ဆေး​တွေနဲ့ ပိုးသတ်​​ဆေး​တွေပို​ပေးခဲ့ပါတယ်​။ ကျွန်​​တော့်​ကို ​နောက်​၄ရက်​စာ​ဆေး​တွေ​ပေးလိုက်​ပါတယ်​။ ဖုန်းနဲ့ ကွန်​ပျူတာ ​လျော့သုံးပါလို့လည်း မှာလိုက်​ပါတယ်​။ ကျွန်​​တေယ်​လည်း ​လျော့သုံးပါတယ်​။ ​လျော့သုံးတဲ့ကြားထဲက bot အ​ကြောင်း​လေးလည်း ​လေ့လာဖြစ်​ပါ​သေးတယ်​ ဟီးဟီး။ ခုဆိုရင်​ ဒုတိယအကြိမ်​​ဆေးခန်းပြပီး​တော့ ဒုတိယ​နေ့ရှိပါပီ။ မျက်​စိထဲခိုးလိုခုလု မဖြစ်​​တော့ပါဘူး။ ကြည့်​ရတာ ပိုး​ကောင်​​သေ သွားပီထင်​တယ်​ဗျ။ မျက်​စိက​တော့ ​ယောင်​​နေဆဲနဲ့ ရဲ​နေတာ နည်းနည်းသက်​သာလာပါတယ်​။ ​ဆေး​တွေ​သောက်​ဆဲ မျက်​စဉ်းလည်းခတ်​ဆဲပါပဲ။

ကျွန်​​တော်​​သောက်​တဲ့​ဆေးထဲမှာ ပိုးသတ်​​ဆေး ၄ မျိုးရယ်​။ ပိုးသတ်​တဲ့ မျက်​စဉ်း​ဆေးရယ်​ပါဝင်​ပါတယ်​။ မျက်​စဉ်းခတ်​တဲ့အခါ ဖြစ်​တာ​လေးလည်း​ပြောပြချင်​ပါတယ်​ဗျ။ အဲ့ဒါက မျက်​စဉ်းခတ်​ပီးရင်​ အာ​ခေါင်​ထဲမှာ ခါးသက်​သက်​နဲ့ ဖြစ်​တယ်​ဗျ။ အဲ့ဒါကို ဘာလို့ဖြစ်​တာလည်းလို့​မေးကြည့်​တဲ့အခါကျ​တော့ မျက်​စိရယ်​ ပါးစပ်​ရယ်​ နှာ​ခေါင်းရယ်​က အာ​ခေါင်​ တစ်​​နေရာမှာ ဆက်​​နေပါတယ်​တဲ့။ တစ်​ခုအလုပ်​လုပ်​​နေရင်​ ကျန်​၂ခုက ပိတ်​​နေတယ်​တဲ့။ ကျွန်​​တော်​တို့ ​တွေ ထမင်းသီးတာတို့​တွေဖြစ်​တဲ့အခါ နှာ​ပေါက်​နဲ့ ပါးစပ်​​ပေါက်​နဲ့ မှားပီး ပြန်​ကန်​ထွက်​လို့ ထမင်းက နှာ​ခေါင်း​ပေါက်​ထဲ​ရောက်​တတ်​တယ်​လို့လည်း​ပြောပါတယ်​။ ဒါက ​တော့ ဗဟုသုတတစ်​ခု​ပေါ့။ ​လော​လောဆယ်​​တော့ ​ဆေး​သောက်​​နေဆဲပါဗျ။

Writer caesarsupaimin
MSC-025

Sort:  

အခုစာကို မျက်စိမကောင်းလျက်နဲ့ ရေးတယ်ပေါ့လေ ... စာလုံးပေါင်းအမှားအချို့ရှိပေမယ့် အတော်လေး အဆင်ပြေပါတယ်

Hote tal bro.thanksIMG_20180501_140647.jpg

အမြန်ဆုံးသက်သာပျောက်ကင်းပါစေဗျာ...

Thank you par bro

ဟုတ်တယ်ဗျာ မျက်စဉ်းခတ်ရင်ခါးတယ်ဗျာ ယောက် နဲ့ရောင် လေးပြင်လိုက်ပါဦး ဘရို

Hote hote pyin lite mal

ဂရုစိုက် ပါဗျို့

Hote kae par bya

ဂရုစိုက်နော် အယ်ဒိုရေ
မျက်စိကအဓိကပဲဗျ
တော်ကြာ Botအကြောင်းလေး ဆက်မလေ့လာနိုင်ဖြစ်နေအုံးမယ်။
ဒါနဲ့ မျက်လုံးဖြစ်တာလည်း တင်ပါးကိုဆေးထိုးတာပဲနော်😁😁

Hote tal. Htoe tar pal bya

မျက်စိမှာအဆုံး နားမှာအတုံး ဆိုရိုးစကားလေးပါ မျက်စိကို ဂရုစိုက်ပါ ပြန်လည်ကောင်းမွန်လာပါစေဗျား

Hote bro thanks

မျက်စိထဲ ပိုးဝင်တာထက် steemit ပိုးဝင်တာက ပိုးဆိုးပါတယ်ခေးရာ

အယ် မျက်စိကိုရဲနေတာပဲကွယ် ဂရုစိုက်ပါညေး။

Hote bro thanks alot

မိုး​ရေနဲ့ မျက်​စဉ်းခတ်​​ပေး

A d lo ya tal lar. Doctor ka tot a d lo ma pyaw bu

ပါးစပ်​က စားတဲ့ထမင်း သီးပြီး​တော့ နှာ​ခေါင်း​ပေါက်​ထဲက​နေ ပြန်​ထွက်​တာ ခံရခက်​မှခက်​ မျက်​လုံး​လေး​တော့ ဂရုစိုက်​ပါဗျာ အ​ရေးကြီးတာ မျက်​လုံးဆို​တော့

Hote kae bro thanks par bya

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64275.05
ETH 3147.49
USDT 1.00
SBD 4.29