နာသာခံခက်

in #myanmar4 years ago (edited)

boxing-muay-thai-combat-sport-computer-file-boxing-fighting.jpg
https://www.uihere.com/free-cliparts/boxing-muay-thai-combat-sport-computer-file-boxing-fighting-2350790

အခြေအနေကတော့ ဇာတ်ရှိန်မြင့်လာတော့မယ့်သဘောပါဘဲ တစ်ဖက်နဲ့တစ်ဖက် အားပြိုင်မှုတွေက တိုးလို့လာနေပါပြီ အလစ်အငိုက်ဆိုတာက အချိန်မရွေးဖြစ်ပေါ်လာဖွယ်ရှိလို့ ဘယ်သူ့ဘယ်သူက အရှိုက်ကို အထိုးခံရနိုင်မယ် မဆိုနိုင်ပါဘူး အားနည်းသူလား အားသာသူလားဆိုတာကလည်း သေချာကွဲပြားမမြင်ရသေးပါဘူး ထင်ကြေးလောက်နဲ့သာ အကဲဖြတ်နေကြရပါတယ်
ကြိုတင် မျွှျှော်လင့်ထားကြသလိုပါဘဲ တရုတ်ကလေးကတော့ စတင်တိုက်ခိုက်နေပါပြီ ဖြောင့်လက်သီးတစ်လုံးတော့ စတင်ပြစ်သွင်းလိုက်ပါပြီ ဒါကိုဘဲ ကလေးဆန်ဆန်နဲ့ ခွန်းတုံ့ပြန်နေဦးမယ်ဆိုရင်တော့ ဒုတိယအကြိမ် ဒူးအပင့်မှာ အရှိုက်ကို တည့်တည့် ကြီး ၀င်သွားနိုင်ပါတယ် ပွဲကတော့ ဆူပါတော့မယ်
အရင်က ဒီလို အစီအစဉ်ကောင်းတွေ ရှိလာမယ်လို့တော့ မထင်ပါဘူး အခုတော့ အထူးအစီအစဉ်တွေနဲ့ လူတွေ စိတ်ဝင်စားဖွယ်ဖြစ်လာအောင် လုပ်ဆောင်ပြီး ကောင်းသည်ထက်ကောင်းအောင် ပြုလုပ်လာဖွယ်ရှိပါတယ်
နေရာဟောင်းလေးကတော့ အရင်ထက် သာလွန်ကောင်းမွန်သော နေရာတစ်ခုဖြစ်လာစရာရှိနေပါပြီ
အလဲထိုးအနိုင်ယူမယ့် ပွဲဖြစ်လို့ တစ်ဖက်ဖက်ကတော့ အလဲအကွဲနဲ့ ရှုံးနိမ့်ထွက်ခွါရမယ့် သဘောမှာရှိပါတယ် ဘယ်ဘက်က အလေးသာမယ်ဆိုတာကတော့ သေချာမသိနိုင်ခဲ့ပါဘူး
စတီးမစ်ကြီးက ပျောက်ပျက်မသွားနိုင်ဘူးလို့တော့ ယုံကြည်နေပါတယ် ဒီထက် ကောင်းမွန်လာဖို့ဘဲရှိတော့မယ်ဆိုတာလည်း ယုံကြည်နေပြန်တယ် စတီးမစ်ရဲ့ အချိုးအကွေ့က မထင်မှတ်တဲ့ အစီအစဉ်တွေနဲ့ ထောင်တက်လာဖွယ်ရှိလို့နေပါတယ်
ရေတိုနည်းလား ရေရှည်နည်းလားမသိနိုင်သေးသော်လည်း သေချာသည်ကတော့ လူစိတ်ဝင်စားမှု မြင့်တက်လာပါလိမ့်မယ် ဒွိဟဖြစ်စရာတော့ ကြုံရပါပြီ
@bobokyaw

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64320.07
ETH 3154.23
USDT 1.00
SBD 4.34