တုန်ခါမှုဥပဒေသဖြင့် လိုချင်တာကို ဆွဲဆောင်ရယူပါ

in #myanmar5 years ago

... မင်္ဂလာပါ မိတ်ဆွေတို့ရေ...

ဒီနေ့မှာတော့ facebook မှာ တွေ့လို့ ဖတ်လိုက်ရတဲ့
စာကြောင်းလေး နှစ်ကြောင်းကို ပြောပြချင်ပါတယ်။

image

Law Of Vibration #တုန်ခါမှုဥပဒေသ အကြောင်းပေါ့...

#1... Everything vibrates,
Nothing rests.

အရာရာတိုင်းဟာ တုန်ခါနေကြတယ်၊
ဘယ်အရာမှ ရပ်နားတာ မရှိ။

ဟုတ်ပါတယ်... ကျွန်တော်တို့တွေ မြင်တွေ့ထိသိနေသော
အရာအားလုံးဟာ ၎င်းတို့ရဲ့ ကိုယ်ပိုင် လှိုင်း၊ ကြိမ်နှုန်းတွေဖြင့်
အစဉ်အမြဲ တုန်ခါနေကြပါတယ်။
၎င်းတို့ရဲ့ တုန်ခါမှု အလိုက် ပုံသဏ္ဌာန်တွေ ဖြစ်ပေါ်တည်ရှိ
နေကြပါတယ်။
ဘယ်သောအခါမှ တုန်ခါမှု ရပ်တန့် မနေပါဘူး။
ကျွန်တော်တို့ရဲ့ နှလုံးသား တုန်ခါနေသလိုမျိုးပေါ့...
နှလုံးတုန်ခါမှု ရပ်တန့်သွားရင် လူသား အသက် သေဆုံး
သွားတတ်သလို အရာရာတိုင်းဟာ တုန်ခါမှု ရပ်တန့်သွားရင်
ပုံသဏ္ဌာန်တွေ ပြောင်းလဲသွားပြီး... ပြောင်းလဲသွားတဲ့
ပုံသဏ္ဌာန်နှင့် အညီ ဆက်လက် တုန်ခါနေဦးမှာပါပဲ။
ထို့အတူ တူညီသော တုန်ခါမှု ရှိရာ အချင်းချင်း
ဆွဲဆောင်တတ်ကြတဲ့ အလေ့အထလည်း ရှိပါတယ်။

#2... Like Energy Attracts Like Energy.

စွမ်းအင်တူရာက တူရာစွမ်းအင်ကို ဆွဲဆောင်ယူပါတယ်။

ဒါကတော့ Law of Attraction ဆွဲငင်မှုနိယာမ ဟုလည်း
ခေါ်ဆိုကြပါတယ်။ စွမ်းအင်တူညီသော အရာတွေသည်
လှိုင်းအလျား၊ ကြိမ်နှုန်း တူစွာဖြင့် တုန်ခါကြပါတယ်။
အထက်မှာ ပြောခဲ့သလို တူညီသော တုန်ခါမှု ရှိရာ အချင်းချင်း
ဆွဲဆောင်တတ်ကြတာမို့ စွမ်းအင်တူရာက တူရာစွမ်းအင်ကို
ဆွဲဆောင်ယူတာပါပဲ။

ဤစာနှစ်ကြောင်းကို ဖတ်မိပြီး ယခင်က ဖတ်မှတ်ခဲ့တာတွေမှ
နားလည်သလို ပြန်လည် ပြောပြခြင်း ဖြစ်ပါတယ်...

ထိုစာ၊စကားလုံးတို့မှ ဘာတွေ အသိ ရရှိလိုက်သလဲ...
ဆိုတော့ကာ...

ကျွန်တော်တို့တွေဟာ မိမိတို့ ဖြစ်မြောက် ရရှိ ပြုမူချင်တာတွေ
အားလုံး ဖြစ်မြောက် ရရှိ ပြုမူနေထိုင်နိုင်အောင်
ထိုအရာတွေနှင့် လှိုင်းအလျား၊ ကြိမ်နှုန်းတွေ တူညီစွာ
တုန်ခါနိုင်အောင် လေ့ကျင့်ယူရပါမယ်။

ဤတွင် ထပ်ဆောင်း ပြောလိုသည်မှာ စွမ်းအင်တစ်ခုသည်
ပျော်ရွှင်နေလျှင် ပိုမို အစွမ်းထက်ပါသည်။

ထို့ကြောင့် ပျော်အောင်နေပါ

ပျော်ရွှင်နေမှသာလျှင် ပျော်စရာတွေ ထပ်မံလာပါမည်။
ပျော်စရာတွေ လာနေပါမှ ဘာပဲလုပ်လုပ် အလုပ်ပိုတွင်ပါမည်။
အလုပ်ပိုတွင် ပိုဖြစ်မြောက်တော့ ပိုမို ရလဒ် ထွက်ပါမည်။
ပိုမို ရလဒ် ထွက်လာတော့ ပိုမို အကျိုး ဖြစ်ထွန်းပါမည်။
ပိုမို အကျိုး ဖြစ်ထွန်းတော့ ပို ပျော်လာပါမည်။
ဒီတော့ ပျော်လို့ လုပ်၊ လုပ်လို့ပျော်လာရင်း
အောင်မြင်မှု တစ်ခုပြီးတစ်ခု ဖြစ်မြောက်ရရှိလာပါမည်။

ထို့အတူ တူရာက တူရာကို ဆွဲဆောင်တတ်တဲ့ သဘောတရား
အရ ကောင်းတာ လုပ်မှ ကောင်းတာ ဖြစ်ပါမည်။
ဤသည်မှာ ကိုယ့်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမယ်
ဆိုတဲ့ လောကနိယာမ တစ်ခုလည်း ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကျွန်တော်တို့ အနေဖြင့် မိမိတို့ ဖြစ်မြောက် ရရှိ
ပိုင်ဆိုင် ပြုမူချင်တာတွေ အားလုံး အတွက် တူညီသော
ပြုဖွယ်ကိစ္စတို့ကို စိတ်ပျော်ရွှင်စွာ ဆောင်ရွက်တတ်ကြဖို့
ဘဝမှာ အရေးတကြီး လိုအပ်ကြောင်း ပြောပြလိုက်ပါရစေ...
တူသောအကျိုး ပေးတယ် ဆိုတာ လက်ခံတတ်ကြဖို့
အရေးကြီးပါကြောင်း နှင့် မိမိတို့ လိုချင်ဖြစ်မြောက်ချင်တာတွေကို
တုန်ခါမှုဥပဒေသ ဖြင့် ဆွဲဆောင်ရယူပါ ဟု ပြောကြားရင်း
အဆုံးသတ်လိုက်ပါရစေ။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

image
MSC - 194

@billionairehein

Sort:  

အမြဲတမ်း​ပြောင်းလဲ​နေတယ်
အမြဲတမ်းလှူပ်​ရှား​နေတယ်
အရာရာတိုင်းဟာ အညိမ်​မ​နေဘူး

ဟုတ်ပ ဦးယုရေ

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanksgiving for vote and comment.

Posted using Partiko Android

တူသောအကျိုးပေးတယ်ဆိုတဲ့ အယူအဆကို လက်ခံပါတယ်

ကောင်းတာ ဖြစ်ချင်ရင် ကောင်းတာလုပ်ရမယ် ဟုတ်တယ်မလား😁

Posted using Partiko Android

Congratulations @billionairehein! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

SteemFest3 and SteemitBoard - Meet the Steemians Contest

You can upvote this notification to help all Steemit users. Learn why here!

ဒီလို‌ဆောင်းပါးမျိုးဆို သိပ်‌ကြိုက်‌ ။ စိတ်‌ဝင်‌စားတယ်‌။‌သြော်‌စကားမစပ်‌ ကိုဟိန်း ကုန်‌ပစ္စည်းအ‌ကြောင်း စကားေ ပြာချင်‌ပါတယ်‌။cb လာခဲ့မယ်‌‌နော်‌။

ကျေးဇူးပါဗျာ welcome

Posted using Partiko Android

အဓိကက​တော့​ပျော်​ရွင်​​အောင်​​နေထိုင်​ပြီး၊​ကောင်းတာပြုလုပ်​မှ၊ကိုယ့်​ထံအ​ကောင်း​တွေပြန်​ရမှာ​ပေါ့...​ကျေးဇူးပါ....

Posted using Partiko Android

ဟုတ်တာပေါ့ဗျာ

Posted using Partiko Android

Congratulations! This post has been upvoted from the communal account, @minnowsupport, by billionairehein from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thank for supporting

Posted using Partiko Android

မြင်ယောင်လိုက်မိပါသေး ကိုဟိန်းကြီးတစ်ယောက် တုန်ခါနေပုံ ။

တုန်တတုန်တုန်😁

Posted using Partiko Android

ရတနာရှိရာ ရတနာတွေလာပြီး အမှိုက်ရှိရာကိုတော့ ခွေးချေးလာတာအမှန်ပဲ ရတနာလိုချင်လား ရတနာရှိအောင်လုပ်ထားမှရမှာပေါ့နော... တုန်ခါမှုကို အသုံးပြုပြီး တစ်ခါ တစ်ခါလည်း ဆန့်ကျင်ဘက်တွေကို ဆွဲဆောင်တယ် မိန်းကလေးတွေကို ကြည့်ပါလား.... တတုန်တုန်လှုပ်ပြီး ဆန့်ကျင်ဘက်ယောက်ျားလေးတွေကို ဆွဲဆောင်နေတာ ☺
ဟာ အံရော ဒီဥပဒေကိုသုံးပြီး ဒါ့ကြောင့် သဉ္ဖာဝင့်ကျော်က ဆွဲဆောင်နေတာကိုး ☺

ပေါ်ပြီ ပေါ်ပြီ😁😁😁

Posted using Partiko Android

တုန်ခါပြီးတော့ ပျော်ပျော်ပဲ နေတော့မယ်ဗျာ

I am happy... I am very happy😁😁😁

Posted using Partiko Android

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.033
BTC 62379.78
ETH 3034.69
USDT 1.00
SBD 3.78