Steem Dream ကို အကောင်အထည် ဖော်ကြရာဝယ်

in #myanmar6 years ago

...မင်္ဂလာပါ မိတ်ဆွေတို့ရေ...
orca-image-715037422.jpeg_1538382450895.jpeg

ဒီနေ့မှာလည်း ကျွန်တော် လေ့လာဖတ်မှတ်ဖူးခဲ့တဲ့
စိတ်ဓာတ်တတ်ကြွစေသော၊ အောင်မြင်မှုအတွက်
ဆက်လက်ရှေ့တိုး ဆောင်ရွက်စေချင်သော စကားလေးများ
ထပ်မံပြောကြားပါရစေ...

ကျွန်တော်တို့တစ်တွေဟာ Steem Dream ကို
အကောင်အထည်ဖော်ပြီး မိမိတို့ ကိုယ်ကျိုးစီးပွားရေး၊
ဗဟုသုတကြွယ် အသိအမြင်ကောင်း တိုးတတ်ရေး၊
မိတ်ကောင်းဆွေမွန်များ စုရုံးညီညာ ရရှိရေးနှင့်
အများအကျိုး ရွက်သယ်ပိုးနိုင်ရေး တို့ အတွက် ဆောင်ရွက်
ကြေရာတွင် နေ့စဉ် လုပ်အပ်သော အကြောင်းတရားများကို
နေ့စဉ် ပုံမှန် ဆောင်ရွက်သင့်ပေသည်။
မိတ်ဆွေတို့ အနေဖြင့် စာရေးရမှာ ပျင်းနေပါသလား?
တစ်ကြောင်းရရ နှစ်ကြောင်းရရ ချရေးထားပါ။ ပေါ်လာသည့်
အတွေးအမြင် အတိုင်းသာ ချရေးထားပါ။ ကောင်းခြင်း၊
ညံ့ခြင်းကို လောလောဆယ် မဝေဖန်ပါနဲ့ဦး။
အခြားသူတွေ၏ Post များကို ဖတ်ရမှာ ပျင်းနေပါသလား?
မပျင်းကြပါနဲ့... အဆင်သင့်သလို ဖတ်မှတ်ပါ...
ဒါမှ အသိအမြင် တိုးပါမယ် မဟုတ်ပါလား။ ဤသည်နှင့်
ပတ်သက်၍ စကားကောင်းလေး မျှဝေပေးလိုက်ပါတယ်။

နေ့တိုင်းနေ့တိုင်း
သင့်ကို ခြောက်လှန့်တဲ့
သင် ကြောက်လန့်တဲ့
သင် လုက်ရမှာ ပျင်းရိလေးတွဲတဲ့
အရာတစ်ခု လုပ်ပါ။
မိမိကြောက်ရွံ့တာတွေ၊ ပျင်းရိတာတွေကို ရင်ဆိုင်ဖြေရှင်း
အနိုင်ယူခြင်းကလည်း အောင်မြင်မှု ရစေတာပါပဲ။
ဗျာ...

ကျွန်တော်တို့၏ Steem Dream အကောင်အထည်
ပေါ်လာရေးမှာ နေ့စဉ် Post တင်၊ Comment/Reply
လုပ်၊ Upvote ပေးနေကြမှ ဖြစ်နိုင်မည် မလား။
သို့အတွက် ကျွန်တော်တို့တွေဟာ ဤ အရာတွေကို
မလွဲမသွေ လုပ်ဆောင်ရပါမယ်။ အဘယ်ကြောင့်ဆိုသော်..

ဘဝ ဆိုတာ ပဲ့တင်​သံ တစ်ခုပါ။
သင် ပို့လွှတ်တာ သင့်ဆီ ပြန်လာမယ်။
သင် စိုက်ပျိုးတာ သင် ရိတ်သိမ်းရမယ်။
သင် ပေးတာကို သင် ပြန်ရမယ်။
အခြားသူတွေထဲမှာ သင် မြင်သိသလို
သင့်ကိုယ်ထဲမှာ သင် မြင်တွေ့ရလိမ့်မယ်။
ဒါကြောင့် သင့်ဆီ လာစေချင်တာကို ပို့လွှတ်ပါ။
သင် ရိတ်သိမ်းချင်တာကို စိုက်ပျိုးပါ။
သင် ရချင်တာကို ပေးပါ။
သင့်ကိုယ်ထဲမှာ သင် ဖြစ်တည်မြင်တွေ့ချင်သလို
အခြားသူတွေကို တွေးမြင်ကြည့်စေပါ။
သင် ပြုသည့်ကံ ပဲ့တင်​သံ သင့်ထံပြန်လာမည်။

အထက်ပါ စာသားလေးများ အတိုင်း ကျွန်တော်တို့တွေဟာ
မိမိတို့၏ Post ၌ Vote and Comment/Reply
များများရစေလိုလျှင် အခြားသူများ၏ Post များကို
Vote and Comment/Reply များများပေးကြရ
ပါမည်။ အမှန်တကယ်မှာ မိမိတို့ကပဲ စတင်ရပါလိမ့်မည်။
ဒါမှသာ ကိုယ့်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာမည်
မဟုတ်ပါလား။

နောက်ထပ် မွန်းမံ ပြောဆိုပါရစေ...
မိတ်ဆွေတို့ အနေဖြင့် လောလောဆယ် ကာလတွင်
Voting များများ မပေးနိုင်ခြင်းကြောင့် လည်းကောင်း၊
Post and Comment/Reply များများ မလုပ်နိုင်ခြင်း
ကြောင့် လည်းကောင်း၊ Steem and SBD ဈေး
များများ မတတ်သေးခြင်းကြောင့် လည်းကောင်း၊
စိတ်ပျက်အားပျော့နေမိတတ်ကြပါတယ်။ သို့ပေမယ့်
စိတ်ဓာတ်ကား မကျလိုက်ကြပါနဲ့...
ကြိုးစားမှုလုံ့လအား မလျှော့လိုက်ကြပါနဲ့...
ဇွဲစိတ်ရှည်ရှည်ဖြင့် သည်းခံပေးကြပါဦး...

ထို့ကြောင့် ကျွန်တော်မှ အားပေးစကားသဖွယ် ပြောလိုက်
ပါရစေ...
မိတ်ဆွေတို့ အနေဖြင့် Steemit Platform အပေါ်တွင်
စိတ်ထားကို အောက်ပါအတိုင်း ထားရှိပေးကြပါ။

အနာဂတ်ဟာ လက်ရှိထက် ပိုမိုကောင်းမွန်နိုင်တယ်
ဆိုတာကို ယုံကြည်ပေးကြပါ။
ပြီးတော့
အဲဒါကို အစစ်အမှန်ဖြစ်အောင်လုပ်နိုင်တဲ့ စွမ်းအား
သင့်တို့မှာ ရှိတယ်လို့လည်း ယုံကြည်ပေးကြပါ။
ဒါဆို သင်တို့ လိုချင်တောင့်တတဲ့ဘဝ သို့မဟုတ်
Steem Dream ကို တည်ဆောက်နိုင်ကြပြီပေါ့ဗျာ။

......... ဟိန်းခန့်မောင် ........

orca-image-1529224864173.jpg_1529224864253.jpeg

MSC - 193
@billionairehein

Sort:  

အကြံပေးတာကိုကျေးဇူးတင်ပါသည်

Posted using Partiko Android

အားမလျှော့နဲ့ ရောက်တော့မယ်

Posted using Partiko Android

အနာဂတ်ကို လက်ရှိထက်ကောင်းစေဖို့
ကိုဟိန်းရေ ဗုတ်ခဲ့ပါပြီလို့ 😁

အပေးအယူ တူမျှစွာဖြင့် ညီညာဖြဖြ ကြိုးစားကြတာပေါ့ဗျာ

Posted using Partiko Android

သိပ်‌‌ကောင်းတဲ့ အကြံဉာဏ်‌‌‌လေးပါဘဲ။ကြိုးစားပါမယ်‌ ကိုဟိန်း‌ရေ။

ပြိုင်တူတွန်းလျှင် ရွေ့ရမှာပေါ့ဗျာ

Posted using Partiko Android

ကိုယ်​ပြုသည့်​ကံပဲ့တင်​သံကိုယ့်​ထံပြန်​လာမည်​...တကယ့်​ကိုသ​ဘောကျတယ်​...

Posted using Partiko Android

ဟုတ်တယ် ဗုတ်လိုချင် ဗုတ်ပေး မန့်လိုချင် မန့်ပေး
ဒါ သဘာဝပဲ ညီညာချကြတာပေါ့

Posted using Partiko Android

You got a 4.25% upvote from @upme thanks to @billionairehein! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% from your share, daily payouts ( no commission ).
Quick delegation links: 25SP | 50SP | 100SP | 250SP | 500SP | 1000SP | 2000SP | 5000SP | Custom Amount

Thank for your service

Posted using Partiko Android

ရိတ်သိမ်းချင်နေဘီ ☺

အချိန်မတန်ပဲ ရိတ်ရင် ဈေးကောင်းမရနိုင်ပါ

Posted using Partiko Android

ဒါ​ပေါ့ဗျာ ​မေတ္တာ​ပေးမှ​မေတ္တာရမှာ​ပေါ့
ကို်ယ်​ကစဘုပ်​​ပေးမှ သူကပြန်​လာဘုပ်​မှာ​ပေါ့
တခါတရံ တဖက်​ကပြန်​လာမဘုပ်​လဲ ကိုယ်​ကတဖက်​လူရဲ့အခက်​အခဲကိုနားလည်​​ပေရမှာ​ပေါ့​လေ

Give and Take လောကကြီးပါဗျာ
ပေးဆပ်စွန့်စားမှ အောင်မြင်မှု ရမှာပါ

Posted using Partiko Android

ကောင်းမွန်တဲ့အကြံဥာဏ်လေးပါ။

Posted using Partiko Android

အကြံကောင်းရင် တစ်ချက်ပဲ

Posted using Partiko Android

ခုလို အားပေးတာ ကျေးဇူးပါ ဘီဘီ😁

Posted using Partiko Android

Fighting ဆက်လက်ချီတတ်ကြမယ်

Posted using Partiko Android

Coin Marketplace

STEEM 0.34
TRX 0.11
JST 0.034
BTC 66361.53
ETH 3253.14
USDT 1.00
SBD 4.43