Passion Bog (အချစ်နွံ)

in #myanmar6 years ago

... မင်္ဂလာပါ ...
orca-image--1530710418.jpeg

ဟိုး...ငယ်ငယ် ကျွန်တော် ၁၀ နှစ်သား အရွယ်
မူလတန်းကျောင်းသားဘဝ ကပေါ့
...
ကျောင်းပိတ်ရက်အချို့မှာ ကျွဲကျောင်းသား၊
နွားကျောင်းသား အပေါင်းအဖော်တွေနှင့်
တောထဲကို ကျွဲကျောင်းနွားကျောင်း အပျော်
လိုက်ခဲ့ဖူးပါတယ်။
ကလေးဘဝ ဆိုတော့ လယ်ယာကွင်းတွေထဲ
ကျွဲစီးရင်း ဆော့ကစားရတာလည်း ပျော်စရာ
အလွန် ကောင်းခဲ့ပါတယ်။ တောထဲမှာ
ရွှေဗိုက်တော် ဆာလာရင်တော့ စားလို့ရတဲ့
အသီးတွေ ရှာခူးစားခဲ့ကြပါတယ်။ ငါး၊ ပုဇွန်
ရှာဖမ်းခဲ့ကြသလို ကြွက်လည်း တူးခဲ့ကြတာပေါ့။

ကျွန်တော့်အပေါင်းအဖော်တွေ ကျွဲကျောင်း၊
နွားကျောင်းလေ့ရှိခဲ့တဲ့ တောမှာ သဘာဝချောင်း
တစ်ခု စီးဆင်းလျက် ရှိပါတယ်။ အပေါင်းအဖော်
တွေက ချောင်းထဲမှ ငါး၊ ပုဇွန်နှင့် ပုဇွန်လုံးတွေ
ဖမ်းပေးကြတဲ့အခါ ကျွန်တော်ကလည်း
ထင်းခြောက်လေးတွေ ကောက်ခါ ယူဆောင်
လာတဲ့ မီးခြစ်လေးဖြင့် မီးမွှေးပြီး ကင်ပေးလေ့
ရှိခဲ့ပါတယ်။ တောထဲမှာ ကျွဲနွား ကျောင်းရင်း
နေ့လည်စာက ငါးကင်၊ ပုဇွန်လုံးကင်နှင့်
သစ်သီးဝလံလေးတွေပေါ့ဗျာ။ အဲဒီတုန်းက
ခုခေတ်လို အကင်ဆိုင်တွေ မပေါ်သေးပေမယ့်
ကျွန်တော်တို့ အပေါင်းအဖော်တစ်သိုက်ကတော့
ပင်လယ်စာမဟုတ်တဲ့ တောတွင်း ချောင်းငါးကင်
နှင့် လယ်ကြွက်ကင် စားခဲ့ကြရင်း တောကစား
ထွက် ပျော်ပါးခဲ့ကြတာပေါ့။

တစ်နေ့မှာတော့ ကျွန်တော်တို့တွေဟာ ဆော့ကစား
ရင်း ချောင်းရေတိမ်တိမ်ထဲ ဆင်းလျှောက်ခဲ့ကြပါ
တယ်။ တစ်နေရာ အရောက်မှာတော့ဗျာ...
ကျွန်တော့်ခြေထောက်တစ်ချောင်းဟာ " ဇွပ် "
ခနဲ ရွှံ့နွံထဲ ကျွံဝင်သွားခဲ့ပါတယ်။ တောက်လျှောက်
ဆိုသလို ကျွန်တော်လည်း အားနှင့်ရုန်းလိုက်ကာမှ
နောက်ခြေတစ်ချောင်းပါ ကျွံဝင်သွားပါရောဗျာ။
ကျွန်တော်ဟာ ခပ်လန့်လန့် ဖြစ်သွားခဲ့တယ်...
လှုပ်လေ မြုပ်လေ ဖြစ်နေခဲ့တာကိုးဗျ။ ဒါနဲ့
အပေါင်းဖော်တွေ ခေါ်ပြောလိုက်မှ သူတို့တွေ
ဆွဲတင်ပေးလို့ ဆက်မကျွံခဲ့ရတာပေါ့ဗျာ။
တကယ်တော့ သဘာဝချောင်း ရေတိမ်မှာ
"နဂါးကျစ်တွင်း" ဆိုတဲ့ ရွှံ့နွံအိုင် ရှိမှန်း
ကျွန်တော် မသိခဲ့တာပါ။ နဂါးကျစ်နွံအိုင်ထဲ
ကျသွားရင် လှုပ်လေမြုပ်လေ ဆိုတာကိုလည်း
ကျွန်တော် အဲဒီအချိန်က မသိခဲ့ဖူးတာပါ။
တော်သေးတာပေါ့ဗျာ...အပေါင်းအဖော်တွေ
ပါခဲ့လို့သာပေါ့...မဟုတ်ရင်တော့ ဒီအကြောင်းတွေ
ခုလို ပြန်ပြောပြနိုင်မှာ မဟုတ်တော့ပါဘူးရယ်။
Screenshot_2018_0904_130840.png
(မင်းဘူးမြို့က နဂါးပွက်တောင် နဂါးပွက်အိုင်)

နဂါးကျစ်တွင်း ဆိုတာကို ကျွန်တော် ဝတ္ထုရှည်
တွေ ဖတ်ခဲ့ပြီး နောက်ပိုင်းမှာ ဖတ်မှတ်သိရှိခဲ့တာ
တစ်ခု ရှိတယ်ဗျ။ ဘာတဲ့... "မရဏနွံ"
ဆိုတာပေါ့။ အဲဒီမှာ မရဏနွံထဲ ကျတဲ့သူဟာ
သေရတာများ ဆိုပဲ။ သိုင်းဝတ္ထုတွေထဲမှာလေဗျာ။
နောက်ထပ် ကျွန်တော် တက္ကသိုလ်ကျောင်း
တတ်သောအခါက မင်းဘူးမြို့က နဂါးပွက်တောင်
ကို ရောက်ခဲ့ဖူးပါတယ်။ အဲဒီမှာ ရွှံ့နွံတွေ
ပွက်ထနေတာပဲဗျာ... တိုဟူးကျိုရာက တိုဟူးရေ
တွေ ပွက်ထနေသလို
ပါပဲ။ ကျွန်တော်က
အဲဒီထဲကို ခဲလုံးတွေ ပစ်ပစ်ချကြည့်ခဲ့ဖူးတယ်။
"ပလုံဇွပ်" ဆိုပြီး မြုပ်သွားတာပါပဲ။ အဲဒီ
နဂါးပွက်အိုင်ထဲ လူတစ်ယောက် လောက်
ပစ်ချကြည့် အစရှာရမှာတောင် မြိုသွားမှာလေ။
တကယ်တော့ မင်းဘူးနဂါးပွက်တောင်ဟာ
သိပ္ပံပညာအရ "ရွှံ့မီးတောင်" တစ်ခုပါပဲ။
Screenshot_2018-01-03-09-49-14.png
(တက္ကသိုလ်ကျောင်းသားဘဝက မင်းဘူး နဂါးပွက်တောင်
သွားလည်ရင်း မြွေကြီးနှင့် အမှတ်တရ ဓာတ်ပုံရိုက်ခဲ့)

ဒီအကြောင်းတွေ ဘာလို့ ပြောပြနေလဲ ဟုတ်လား?
ကျွန်တော်၏ အတိတ်က တွေ့ကြုံခံစား ဗျာပါဒ
များခဲ့ရသော ချစ်မှုရေးရာ အကြောင်း ပြောပြမလို့
အစချီနေတာပါဗျာ... အချစ်နွံ ဆိုပြီး ရွှံ့နွံ အကြောင်း
ပြောပြနေတယ် ထင်ပြီး စိတ်မလောပါနဲ့ဗျာ။
ကျွန်တော်လည်း နဂါးကျစ်တွင်းလို မရဏနွံလို
အချစ်နွံ ထဲ ကျွံဝင်ခဲ့ဖူးတဲ့ အကြောင်းလေးပေါ့။
ဒီလိုဗျ.......................................။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

MSC - 193
@billionairehein

Sort:  

ငယ်​ငယ်​က နွား​ကျောင်းသားဆို​တော့
ငယ်​ငယ်​က နွား​ကျောင်းပြီး ငှက်​ ပြစ်​ခဲ့ရတာ သတိယလိုက်​တာ ...

ကျွန်တော်တော့ အကုသိုလ် အကျိုးမပေးလို့ ထင်ပ
ငှက်ပစ်ရင်လည်း လွဲ၊ ကြွက်တူးရင်လည်း မရ😁😁

နိဒါန်းနဲ့ကို စာတစ်ပုဒ်ရတယ် msc တွေ တော်ချက်

နိဒါန်းသာ ပျိုးထားတာ စာကိုယ်က ဘယ်တော့ လာမယ် မသိ😁😁

You got a 9.39% upvote from @minnowvotes courtesy of @billionairehein!

Thank you so much for using our service! Congratulations! This round earned an ROI of 27.60% with total bids of: 0.746$

You just received 11.83% upvote from @onlyprofitbot courtesy of @billionairehein!

Want to earn more with us? Our APR can reach as high as
15% or more!

More portion of profit will be given to delegators, as the SP pool grows!

Comment below or any post with "@opb !delegate [DelegationAmount]" to find out about current APR, estimated daily earnings in SBD/STEEM

You can now also make bids by commenting "@opb !vote post [BidAmount] [SBD|STEEM]" on any post without the hassle of pasting url to memo!

* Please note you do not have to key in [] for the command to work, APR can be affected by STEEM prices

အချစ်​နွံအ​ကြောင်း​ပြောဖို့ရွံနွံက​နေအစပျိုးတဲ့သ​ဘော​ပေါ့...ဟုတ်​ကဲ့....ဆက်​လက်​ဖတ်​ဖို့​စောင့်​​နေပါ့မယ်​....

အစတော့ ပျိုးလိုက်ပြီ
ဘယ်လိုဇာတ်လမ်းဆင်ရ ကောင်းမလဲ😁😁

အမလေး အဲ့လိုမြွေကြီးနဲ့ ဓာတ်ပုံရိုက်ရဲဖို့နေနေသာသာ အနားတောင်ကပ်ရဲဘူး။ အဲ့လောက်သတ္တိရှိတာ။ 😂

မေတ္တာနှင့် ချဉ်းကပ်ရတာပ
မကြောက်ဘဲ နေမလား😁

You got a 5.38% upvote from @dailyupvotes courtesy of @billionairehein!

အသဲယားတာ​မြွေကြီးက

မတော် လည်ပင်း ရစ်လိုက်လို့ကတော့....

အဲ နွံအိုင်က ရှိသေးလား? ကြုံရင် မြင်ဖူးတယ်ရှိအောင် လေ့လာချင်သေးတယ်...
နွံ့မှန်းသိရက်နဲ့ ဆင်းနေကြတာပဲလေ ကိုဟိန်းရ နွံဆိုတာ မြုတ်သွားတတ်တယ်ပြောလဲ မြုတ်ပလေ့စေ သူတို့က ဆင်းပီးတော့ ဆိုပီး ဇွတ်အတင်း ဆင်းလာကြတာပဲလေ(အချစ်နွံ့ကို ပြောထာပါ တကယ့်နွံထဲဆင်းရင်တော့.......................)

ရှိသေးတာပေါ့ဗျာ...
လူဆိုတာ စူးစမ်းချင်စိတ်ရှိကြတော့ တားလေ လုပ်ချင်လေပါပဲ😁😁😁

အဲဒီနွံ့အိုင်အကြောင်းရေးရေးတင်ပေးပါလားကိုဟိန်းရ ဖတ်ကြည့်ချင်လို့ပါ

အ‌တော်‌လာတဲ့ စာသားပါလား။‌စောင့်‌‌မျှော်‌‌နေပါတယ်‌ဗျာ။

Feeling တွေ လာမယ်😁😁😁

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66077.75
ETH 3167.77
USDT 1.00
SBD 4.01