ဒီနေ့ကိုပဲ အကောင်းဆုံး စွမ်းဆောင်ပါ
...မင်္ဂလာပါ...
မိတ်ဆွေတို့ရေ...
ဖြစ်ပြီးခဲ့တာတွေကို အားမလို အားမရ ဝမ်းနည်းပူဆွေး
ပြန်လည် တမ်းတနေတတ်တာမျိုး ရှိတတ်ကြပါသလား?
တစ်ကယ်တော့ ဖြစ်ပြီးသွားခဲ့တာတွေက
ဖြစ်ပျက်ပြီးသွားပြီ မဟုတ်ပါလား။ ပြန်လည် ဖြစ်ပျက်ဖို့
လုပ်ဆောင်ရန် မဖြစ်နိုင်တော့ဘူး မလား။
ဒါကြောင့် ဖြစ်ပျက်ပြီးတာတွေ အတွက် သောကရောက်
မနေဘဲ ဘာ အကောင်းဆုံး တုန့်ပြန် လုပ်ဆောင်နိုင်မလဲ...
ဘယ်လို ရှေ့ဆက်မလဲ... ဆိုတာကို အဓိက
တွေးခေါ်ကျင့်ကြံစေချင်ပါ၍ ဒီနေ့ ဒီအချိန်ဟာ
အကောင်းဆုံး အချိန်အခါ၊ ဒီနေ့ဟာ လက်ရှိဘဝရဲ့
နေ့ဦးနေ့မြတ်၊ ဒီနေ့ဟာ အနာဂတ်ဘဝ အတွက် နေ့ထူး
နေ့ကောင်းပါပဲ ဆိုတာကို စကားလက်ဆောင် ဝေမျှ
ပေးလိုက်ပါတယ်ဗျာ....
"မနေ့က ပြီးဆုံးသွားခဲ့ပါပြီ။
ပြီးဆုံးသွားတဲ့မနေ့က ဘာရလိုက်ပါလဲ။
အကောင်းဘက်ဦးတည်ခဲ့တယ်ဆိုရင်
ဆက်လျှောက်ပါ။ ဒီလိုမှ မဟုတ်ရင်
သင်ခန်းစာ ယူသင့်တာ ယူပြီး
မေ့ပစ်လိုက်ပါတော့။ ဒီနေ့ကတော့
ဘဝအတွက် အရေးပါဆုံးနေ့မို့
လုပ်သင့်လုပ်ထိုက်တာတွေ စွမ်းဆောင်ပြီး
အကောင်းဆုံးကို မျှော်လင့်ပါ။
ဒီနေ့ဟာ အနာဂတ်ရဲ့နေ့ဦးမို့
ဘဝရဲ့အခန်းကဏ္ဍသစ်ကိုလည်း
စတင်နိုင်ပါတယ်။ နေ့သစ်တွေတိုင်းဟာ
အခွင့်အလမ်းကောင်းတွေ သယ်ဆောင်
လာတတ်တာမို့ စိတ်သစ်လူသစ်
အကြံဉာဏ်သစ်ဖြင့် ပြောင်းလဲကြိုးစား
အောင်မြင်သောဘဝကို ရယူလိုက်ပါတော့။"
... .... .... .... ဟိန်းခန့်မောင် .... ... .... ...
မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ အောင်မြင် ပျော်ရွှင်ကြပါစေ...
You got a 50.00% upvote from @dailyupvotes courtesy of @billionairehein!
မနေ့ကဘာရလိုက်သလဲဆိုတာ သေချာစဉ်းစားချိန်မရလိုက်ဘူး ဘာရလိုက်လဲသေချာမသိလိုက်ဘူး သေချာသိလိုက်တာကတော့ သေဖို့တစ်ရက်နီးသွားပြန်ဘီလို့
တစ်နေ့ကုန်ပြန် ငါ့ရုပ်နာမ် သေရန် တစ်ရက် နီးပြန်ပေါ့ ဟုတ်လားဗျာ
မေ့ချင်ယောင်ဆောင် ယောင်တောင်တောင် သေရန်မပြောနှင့် ☺☺
တစ်မနက်လင်း ငါ့ရုပ်ဆင်း ညစ်စုပ်နံရှာ ရွံစရာမို့
ငါ၏ကိုယ်မှာ ရှိနေတာ ရွံရှာဖွယ်ချည်းပါတကား...
You got a 8.27% upvote from @minnowvotes courtesy of @billionairehein!
You got a 4.17% upvote from @upme thanks to @billionairehein! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% from your share, daily payouts ( no commission ).
Quick delegation links: 25SP | 50SP | 100SP | 250SP | 500SP | 1000SP | 2000SP | 5000SP | Custom Amount
ဟုတ်ကဲ့ပါ. 😊😊😊
အမှန်ပါ . 😊😊
Right!
ယနေ့ မှာ အကောင်းဆုံး လုပ်ဆောင်ပါ this too will pass..
Oh.. Yes!
You are right.
ဒီနေ့ကို အကောင်းဆုံးလုပ်။ မနက်ဖြန်တွက်အားမွေး။
အနာဂတ်တွက် မျော်လင့်ချက်ထား။ အတိတ်မေ့ပစ်။
ငါဟာလူသစ်.... အယ်လဲ့ 😊။
ဒေါသဖြင့်လည်း နောက်ကြောင်းပြန်မကြည့်နဲ့
ကြောက်စိတ်ဖြင့်လည်း ရှေ့ရေးကို မတွေးနဲ့
ပညာသတိဖြင့်သာ မိမိဝန်းကျင်ကို ရှူမြင်ဘာတဲ့။
#ဖေမြင့်စာအုပ်လေးထဲကမှတ်သားဖူးတယ်။