နီးခဲ့ချေပြီ
ကျွန်ုပ်စောင့်ဆိုင်းနေခဲ့သည်
တစ်စုံတစ်ယောက်၏ လက်အတွင်းသို့
မိမိကိုယ်ကို အစတေးခံရန်
စောင့်ဆိုင်းနေခြင်းလည်း ဖြစ်သည်။
စောင့်ဆိုင်းနေရခြင်းသည်ပင်
ပျက်ကွက်မှု တစ်ခုဖြစ်လာသောအခါ
ကျွန်ုပ်အား စွဲချက်အမျိုးမျိုးတင်၍
ရုံးတော်၌ ဆင့်ခေါ်၍ ပုဒ်မတွေ
တပ်ကြလေတော့သည်။
ဆင်ခြင်ခဲ့သည် ထိန်းသိမ်းခဲ့သည်
မိမိမပိုင်သော မိမိဘဝကို
တစ်စုံတစ်ယောက်လက်အား အပ်နှံမှု
ပြုလုပ်ရလိမ့်မည်ဟု သိပြီးကတည်းက
ဆင်ခြင်ခဲ့ပါသည်။
ကဲ့ရဲ့ကြသည် ရှုံ့ချကြသည်
ကျွန်ုပ်၏အကြောင်းအား မသိသူတို့က
ကဲ့ရဲ့ရှုံ့ချ ကြလေသည်။
အကြောင်းစုံသာ သူတို့သိခဲ့ပါမူ
ကဲ့ရဲ့ရှုံ့ချခြင်း မှ ကင်းလွှတ်တန်ကောင်း၏။
စောင့်ဆိုင်းနေခဲ့သော
ထိုတနေ့သည် အစကထက်စာလျှင်
သိပ်ပြီးဝေးတော့သည်ကား မဟုတ်ပေ။
ထိုအရာသည် ကျွန်ုပ်တစ်ယောက်တည်း
အတွက်သာမဟုတ် လူသားတိုင်းနဲ့
သက်ဆိုင်လှပေသည်။
နီးချေပြီ။
ကျွန်ုပ်စောင့်ဆိုင်းခဲ့သော ထိုနေ့သည်
ကျွန်ုပ်အတွက် နီးခဲ့ချေပြီ။
ထိုနည်းအတူ သင့်အတွက်လည်း
နီးချေပြီ။ ရှောင်လွှဲ၍ မရစကောင်းပေ။
source
Author>>>@aungzawhtwe
good
ကျေးဇူးပါ။
နာ ငိုချင်လာ ဘီ နော်
ငိုနက် တိတ် တိတ်။
Congratulations! This post has been upvoted from the communal account, @minnowsupport, by aungzawhtwe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
မမေ့ပါဘူး။ တစ်ချိန်တော့ လူတိုင်းကြုံရမှာပါ။ဒါပေမယ် နီးတာတော့မကောင်းဘူးပေါ့နော်။
မေ့ထားလို့လည်း မဖြစ်ဘူးလေ။