အနော်ရထာရဲ့အမှု ကိုယ့်ပါလာပတ်

in #myanmar6 years ago

အနော်ရထာမင်းတရားကြီးက ဗုဒ္ဒဘာသာကို မြန်မာနိုင်ငံမှာ ပြန့်ပွားလာအောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ အရင်နေ့က ရေးခဲ့သလိုပဲ မြေးတော်နှစ်ပါးကို သူတည်တဲ့ဘုရားမှာ အုတ်နှစ်ချပ်စီရမဲ့တာဝန်ချို့ယွင်းမှုနဲ့ သတ်စေအမိန့်ထုတ်ပြီး သတ်ပစ်ခဲ့ပါလေရော။ မြေးတော်နှစ်ပါးကို သတ်မိန့်ထုတ်အပြီးမှာပဲ မင်းနဲ့ပြည်သူ မကြည်ဖြူကြလေတော့ တိုင်းသူပြည်သားဆူပူအုံကြွပြီး သူ့ကို လုပ်ကြံပြီး ဘုရင်ရာထူးက အချခံရမှာကိုလည်း အနော်ရထာဘုရင် စိုးရိမ်ဟန်တူရှာပါတယ်။ ဒါနဲ့ ဥပါယ်တံမျဉ် သုံးပြီး
တိုင်းသူပြည်သား ဆူပူအုံကြွလာမဲ့ဘေးကလည်း ကင်းဝေးအောင် အာရုံလွှဲပြောင်းရာလည်းရောက်အောင် ရွှေဥာဏ်တော် ကွန့်မြူးပစ်လိုက်တယ်။
images (9).jpeg
source
ဘယ်လိုလုပ်လဲ ဆိုတော့ မြေးတော်နှစ်ပါးက နတ်ပြည်နတ်ရွာမှာ ရောက်ရှိနေပြီးတော့ စံမြန်းစရာ နတ်ဘုံနတ်နန်းမရှိတဲ့အတွက် မင်းကြီးကို အိပ်မက်လာပေးတယ်ပေါ့။ နတ်ပြည်မှာ ရောက်နေတဲ့ မြေးနှစ်ပါးကို နတ်ဘုံနတ်နန်းဆောက်ပေးပြီး ကိုးကွယ်က ကိုးကွယ်ကြစေတွေ ဘာတွေလုပ်ပြစ်လိုက်တယ်။ အဲဒါက အနော်ရထာမင်းကြီး သူ့ရဲ့ဘုရင်ပုလ္လင်ဆက်ထိုင်ရဖို့အရေး တိုင်းသူပြည်သား ဆူပူအုံကြွမှုအရေးကနေ ကင်းဝေးအောင် လှည့်ခဲ့တဲ့ နိုင်ငံရေး အခင်းအကျင်းလေးပေါ့ဗျာ။

မင်းကြီးရဲ့ အကြံပိုင်ပါပေတယ်။ အဲ့အချိန်တုန်းကတည်းက တောင်ပြုံးဆိုတဲ့အရပ်မှာ မင်းနှစ်ပါးအတွက် နတ်နန်းဆောက်ပေးပြီး ကိုးကွယ်လာလိုက်ကြတာ ယနေ့အထိဆိုပါတော့။ ဟိုနှစ်ကောင်ကဖြင့် အစိမ်းသေ သေရလို့ အဝီစိမှာ ဂျိုးကပ်နေလောက်ပေမဲ့ ကိုးကွယ်ကြသူတွေကဖြင့် တအုန်းအုန်းတရုံးရုံးနဲ့ပေါ့လေ။ ဒီနှစ်ကျင်းပတဲ့ ပွဲဆို မကြားဝံ့မနာသာတွေနဲ့ အတော်သရုပ်ပျက်တယ်ဆိုပဲဗျ။
66194_693726927386670_3713753642594610827_n (1).jpg
source
အဲဒါတွေကတော့ ကိုယ်နဲ့မဆိုင်လို့ ထားလိုက်ပါတော့။ ကိုယ်နဲ့ဆိုင်တဲ့အပိုင်း လာပြီဗျ။ ကျွန်တော်တို့ အမေဟာ နတ်ကို ကိုးကွယ်တယ်ရယ် မဟုတ်ပေမဲ့ အယုံအကြည်တော့ ရှိဟန်တူပါရဲ့ဗျာ။ အိမ်တွင်းနတ် အုန်းသီးချိတ်တာတို့ မနှဲလေး ချိုချဉ်ကပ်တာတို့ လုပ်လေ့ရှိတယ်။ မိဆိုင်ဘဆိုင်ပွဲထိုးတာတို့ ဘာတို့လည်း လုပ်လေ့ရှိတယ်။ နောက်ပြီးတော့ ကျွန်တော့်အထက်က အကိုတွေအမတွေ အိမ်ထောင်ပြုတော့လည်း မင်္ဂလာပွဲမစခင် နတ်သွားပြကြရတယ်ဆိုပဲ။ အဲဒါရိုးရာတဲ့လေ။ အကိုတွေ အမတွေကလည်း ယုံတာမယုံတာနောက်ထား အမေကခိုင်းတော့ သွားကြတာပေါ့။

ဟော ကျွန်တော့်အလှည်ရောက်လာတော့လည်း အမေက နင်တို့အတွဲကိုလည်း နတ်သွားပြရမယ်တဲ့။ ကျွန်တော်ကတော့ အယုံအကြည်မရှိတာမို့ ဇွတ်ကို အတိုက်အခံ လုပ်ပြီး သွားမပြခဲ့ပါဘူး။ အမေကတော့ ညည်းရှာတယ်။ အဖေကြီး အမေကြီးတွေ စိတ်ဆိုးရင် နင်ဒုက္ခရောက်မယ်နော်တဲ့ ။ အမေပြောတဲ့ အဖေကြီး အမေကြီး ဆိုတာတွေက နတ်တွေကို ပြောတာနေမှာပေါ့လေ။ ကျွန်တော်ကတော့ သိပ်မသိပါဘူး။ သွားလည်း မကန်တော့ခဲ့ဘူး သွားလည်းမပြဖြစ်ခဲ့ပါဘူး။

အခုတော့ အိမ်ထောင်ကျကာစက နတ်မပြဖြစ်ခဲ့တာ အခုသွားပြရမလိုလို ဖြစ်လာပြန်ရောဗျာ။ ကျွန်တော်ကတော့ အယုံအကြည်မရှိပါဘူး။ အိမ်ကလူတွေက သွားပြခိုင်းနေတာရယ်။ ဖြစ်ပုံက ဒီလိုဗျ။ 2007 ခုနှစ်လောက်က ဖားကန့်မှာ မြေစာပြိုကျပြီး ကျွန်တော့်ညာဘက်ပေါင် ကျိုးခဲ့ရတယ်။ ဆေးပညာသဘောရ ညာဘက်ခြေထောက် ခိုက်မိရင် ဦးခေါင်းဘယ်ဘက်ကို ဒုက္ခပေးတတ်တယ်လို့ ဆိုသဗျ။ ဘက်ဘက်ခြေထောက်ခိုက်မိရင်တော့ ဦးခေါင်းညာဘက်ပိုင်းကို ဒုက္ခပေးတတ်တယ်လို့ ဆိုပါတယ်။
brain-912.jpg
source
အဲ့ဒီပေါင်ကျိုးပြီးနောက်ပိုင်းကတည်းက ခြောက်လတစ်ခါလောက် ခေါင်းတစ်ခြမ်းကိုက် ရောဂါ ရလာတာပဲ။ ကိုက်တာက ဘယ်ဘက်အခြမ်းကိုက်တာဗျာ။ ဖတ်ဖူးမှတ်ဖူးတဲ့ ဆေးပညာစာအုပ်တွေ အရဆိုရင် ဒါဟာ ညာဘက်ခြေထောက်ခိုက်မိထားလို့ ဘယ်ဘက်ဦးခေါင်းပိုင်းကို ဒုက္ခပေးတယ် ဆိုတာနားလည်မိပါတယ်။ ခေါင်းကိုက်တာက အမြဲကိုက်တာလည်း မဟုတ်ဘူးခင်ဗျ။ ခြောက်လလောက် နေမှ တစ်ကြိမ်ကိုက်တာ။ ကိုက်တဲ့အချိန်ဆို ဆယ်ငါ့ရက်လောက် ကြာတတ်ပြီး တစ်ရက်ကို တစ်နာရီ နီးပါးကိုက်တာပေါ့လေ။

ခေါင်းတစ်ခြမ်းတစ်နာရီလောက် ကိုက်နေပြီဆိုရင်တော့ သေချင်စိတ်ပေါက်အောင်ကို ခံစားရတာပါ။ ဒါကတော့ ခေါင်းတစ်ခြမ်းကိုက်ဖူးသူတွေဆိုရင် နားလည်နိုင်မယ်ထင်ပါတယ်။ အဲ့လို တစ်နာရီလောက် ကိုက်ပြီးရင်လည်း သူမဟုတ်သလိုပဲ အကောင်းပကတိဗျ။ ကိုက်တဲ့အချိန်ဆိုရင်တော့ အမေရေ အမေရေ နဲ့အော်ပြီး လူးလိမ့်နေအောင် ခံစားရတာရယ်။

အခုရက်ပိုင်း ကျွန်တော် ခေါင်းကိုက်တတ်တဲ့ အချိန်ထဲ ရောက်နေပြီးတော့ နေ့စဉ်ကိုက်နေတယ်ဗျာ။ နောက်ပြီး အခုရက်ပိုင်း ဖုန်းသုံးတာကများနေတော့ ခေါင်းကိုက်ပြီဆိုရင် အရင်ကထက်နှစ်ဆလောက် တိုးပြီး ဝေဒနာ ခံစားရပါတယ်။ အဲ့လို မခံရပ်နိုင်အောင် ခံစားရတော့ ကိုက်နေတုန်း အမေ့ဆီ ဖုန်းဆက်ပြီး ညည်းပြမိတော့ အမေက ဘာပြောလဲဆို အိမ်ထောင်ကျ စက နတ်မပြခဲ့လို့ ဖြစ်တာတဲ့လေ။

ရွာပြန်လာပြီး နတ်ပြလိုက်လို့ရင် ကောင်းသွားမှာတဲ့။ခက်တာက ကျွန်တော်ကလည်း ရတနာမြတ် သုံးပါးက လွှဲရင် ကိုးကွယ်ရာမရှိ ယုံကြည်ထားသူဆိုတော့ နတ်ပြဖို့ နတ်ကန်တော့ဖို့ဆိုတာ စဉ်းစားလို့ကို မရဘူးဖြစ်နေတယ်။ ဆေးရုံ ဆေးခန်းသွားပြတော့လည်း ဆရာဝန်တွေက သာမန်ဖြစ်စဉ် ဆိုတာပဲပြောတယ်။ ကြီးမားတဲ့ ရောဂါလက္ခဏာ မဟုတ်ပါဘူးတဲ့။ ဒါပေမဲ့ ခေါင်းကိုက်ပြီဆိုရင် သေချင်စော်ကို နံနေတာရယ်။ အနော်ရထာ လုပ်ခဲ့တဲ့ ဇာတ်လမ်း ကိုယ့်ပါ လာတိုင်ပါတ်နေပါရောလား။ စာဖတ်သူ မိတ်ဆွေဆိုရင်ရော ဘယ်လို ဆုံးဖြတ်မလဲ။ နတ်ပဲ သွားကန်တော့လိုက်မလား။ ကျွန်တော်ကတော့ နတ်ကန်တော့ဖို့ စိတ်မပါတာ အမှန်ပါပဲဗျာ။
DQmWqM1faGeq5JaJJDK7gGwrcsY7HdrmUCrskL4S2tiDLKX.jpeg

Author>>>@aungzawhtwe

Sort:  

မြန်မာပြည်မှာက သောက်စားမူးရူး အစိမ်းသေ သေရင် နတ် ဖြစ်
ဗုဒ္ဓဘာသာယောင်တွေက ကိုးကွယ်ပူဇော်ပသ အလုပ်ကို ဖြသ်နေတာပဲ😁😁😁😁😁

နတ်ကတော်တွေပဲ အဆင်ပြေတယ်။ အေးရာအေးကြောင်း ရွှီးလိုက်ရင် ငွေတွေသောက်သောက်လဲ ဝင်တယ်ဆိုပဲ။

ဟုတ်​တယ်​​နော်​။လူ​တွေ​ပေါက်​ကရယူ​နေကြတာ။

တလွဲဆံပင်ကောင်းနေကြတာလေ။

မရှိတော့တဲ့လူကိုပြသနာရှာနေတယ်😁😁

ရှိတဲ့လူရှာရင် ဥပဒေနဲ့မလွတ်လောက်ဘူးလေ။😁😁

ခေါင်းကိုက်တာရဲ့အဖြေကို ကိုယ့်ကကိုယ်သိနေတာပဲဟာ
နတ်ပြရအုံးမှာလား။

နတ်ပြရမယ်ဆို
နတ်ကို နေ့တိုင်းပြနေရတာလို့ပြောလိုက်ဗျာ😁😁😂
လှူပါလှူနေရတာမနည်းတော့ဘူးလို့.....
နတ်မှသေးသေးနတ်မဟုတ်ဘူးနော်...နတ်အကြီးကြီး..

အင်တာနတ်ကြီးလေ..😂😂😂

အဲ့နတ်ကတော့ တော်တော်စားနိုင်တယ်။ တစ်ရက်တစ်ရက်သူ့ကို ပူဇော် ပသ နေရတာ မနည်းဘူးရယ်။😁😁

မယုတ်မလွန်လုပ်သင့်တာလုပ်ကြည့်ပါ

ဟုတ်ကဲ့အန်တီ။

ကန်​​တော့စရာမလိုပါဘူး အဲ့ သူတို့ကို နည်းနည်း​တော့ သွား​ကျွေးလိုက်​​ပေါ့
အာဆို ရှည့်​လည်း​လျောက်​သာပျားလဲစွဲသာပဲ​လေ

အွန်းး အဲ့လိုလုပ်ရမယ်ထင်တယ် မကန်တော့ချင်တာတော့ အမှန်ပဲ။

ခေါင်းကိုက်ရင် ပြန်ကိုက်လိုက် 😁

ဟုတယ် ပြန်ကိုက်လို့ရရင် ကိုက်ပစ်လိုက်ပြီ။

တောင်ပြုံး ပီးတော့ ရတနာ့ဂူ ဆိုလားဘဲ နတ်ဂဒေါ် တေခြေ ရှုပ်နေ
နိ ခေါင်းကိုက်ရင် လာပြပါလား ဟ်ဟ်

ငမ်းးး လာပြရမလို ဖြစ်နေဘီ။

နတ်ကန်တော့ရင် သရဏဂုံ ကျိုးတယ်ဆို

ပြောသံကြားဖူးတာပဲ ကိုစောရ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by aungzawhtwe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.031
BTC 61673.68
ETH 2904.63
USDT 1.00
SBD 3.63