အနော်ရထာကို အပြစ်တင်ချင်သည်

in #myanmar6 years ago (edited)

ပထမမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်သူ အနော်ရထာကို စာဖတ်သူများသိရှိပြီးဖြစ်ပါလိမ့်မည်။ ကမ္ဘာ့နိုင်ငံများအလယ်တွင် မြန်မာဆိုသောအမည်ဖြင့် ကျန်ရစ်အောင် ပြုလုပ်စွမ်းဆောင်နိုင်ခဲ့သလို ဗုဒ္ဒသာသနာကို မျိုးစေ့ချပေးနိုင်ခဲ့သူအဖြစ် ကျေးဇူးတင်ထိုက်စရာကောင်းသော ကျေးဇူးရှင် တစ်ယောက်လည်းဖြစ်ပေသည်။
220px-Anawrahta_at_National_museum.JPG
source

သို့ပါသော်လည်း အနော်ရထာကို ကျွန်တော်ပြစ်တင်ရှုတ်ချလိုပါသည်။ အဘယ်ကြောင့်နည်းဆိုသော် အနည်းငယ်ရှင်းလင်းပြပါဦးမည်။ အနော်ရထာမင်းကြီးသည် ဗုဒ္ဒဘာသာ ပုဂံပြည်ကြီးသို့ ရောက်မလာခင်က ကြီးစိုးနေကြသော အရည်းကြီးသာသနာကို ရွံမုန်းသူဖြစ်သည်ဟု သိရသည်။ သို့ပါသောကြောင့် ရှင်အရဟံကို ပင့်ဖိတ်၍ ဗုဒ္ဒသာသနာကို တိုးတက်ပျံ့ပွားအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အရည်းကြီးသာသနာကို ချိုးနှိမ်ခဲ့သူလည်း ဖြစ်သည်။

အနော်ရထာဘုရင်ဟာ သူကိုယ်တိုင် ဗုဒ္ဒဘာသာကို ယုံကြည်သက်ဝင်သူဖြစ်သည့်နဲ့အညီ တိုင်းသူပြည်သူများကိုလည်း ယုံကြည်ကိုးကွယ်ဆည်းကပ်သူများ ဖြစ်လာကြစေရန်အလို့ငှာ နိုင်ငံတစ်ဝမ်း၌ စေတီပုထိုး အများအပြားကို တည်ထားကိုးကွယ်ခဲ့သူလည်း ဖြစ်ပေသည်။ သူ့ကျေးဇူးဖြင့် ပုဂံတွင် စေတီပုထိုးများ လက်ညိုးထိုး၍ မလွဲအောင်ရှိနေသလို ရှေးဟောင်းယဉ်ကျေးမှု မြို့တော်အဖြစ် ယနေ့ခတ်တွင် ဂုဏ်ယူဝင့်ကြွားစွာ ပြယုဂ်တစ်ခုအဖြစ်ကျန်ရှိနေခဲ့ပေသည်။

သို့သော် အနော်ရထာ အမှားကြီးမှားခဲ့သော အရာတစ်ခုရှိခဲ့ပေသည်။ ထိုအချိန်အခါက မှားယွင်းခဲ့မှုသည် ယနေ့ကျွန်တော့်ခေတ်အထိ ရိုက်ခတ်မှုအရှိန်မကုန်သေးပေ။ မည်သို့မှားခဲ့သနည်း ဆက်လက်ရှင်းပြပါဦးမည်။ ထိုအချိန်ကာလက အာသံမဏိပူရ ဘက်မှ သင်္ဘောပျက်၍ ရောက်လာသော ကုလားညီနောင် နှစ်ယောက်ကို အနော်ရထာဘုရင်က ကောက်ယူမွေးစားကာ မြေးအရာ၌ ထာခဲ့ပြီး အချစ်တော်ပိုခဲ့သည်ဟု ဆိုသည်။ ထိုကုလားညီနောင်ကား နောင်အခါတွင် ရွှေဖျင်းကြီး ရွှေဖျင်းငယ် ဟူ၍ အမည်သညာတွင်ခဲ့လေသည်။
66194_693726927386670_3713753642594610827_n.jpg
source
ဆိုခဲ့ပြီးသည့်အတိုင်းပင် အနော်ရထာသည် ဘုရား စေတီ ပုထိုးအများအပြားတည်ထားခဲ့သလိုပင် မင်း မိဖုရာနှင့် နန်းတော်အတွင်းရှိလူများအပါအဝင် ပုဂံနေပြည်တော်အတွင်း၌ ရှိကြသော တိုင်းသူပြည်သားများ စုပေါင်းလုပ်အားဖြင့် ဘုရားတစ်ဆူတည်ထားကိုးကွယ်ပြန်လိုလေသည်။ ဘုရင်ကိုယ်တိုင် ဦးစီးပြီးလူတစ်ယောက်အုပ်တစ်ချပ်နှုန်းဖြင့် ဘုရားကြီးတည်ထားပြီးစီးရန် အုပ်နှစ်ချပ်သာ စီရန်လိုတော့သည်ဟု ဆိုသည်။ လစ်လပ်နေသော အုပ်နှစ်ချပ်အတွက် တာဝန်ကျသော သူများမှာ ဘုရင်ကြီးရဲ့အချစ်ဆုံး မွေးစားမြေးနှစ်ယောက်ဖြစ်သော ရွှေဖျင်းကြီးနှင့် ရွှေဖျင်းငယ်တို့ဖြစ်ကြသည်ဟူ၏။

ရွှေဖျင်းညီနောင်မှာ ကလေးအရွယ်မို့ ဆော့ကစားနေသဖြင့် အုပ်စီရန် အချိန်နောက်ကျလစ်ဟင်းသည်ဟု ယူဆရပါတယ်။ ဒါပေမဲ့ အနော်ရထာက မင်းပရိတ်သတ်အလယ်မှာ မြေးဖြစ်သူတွေက တာဝန်လစ်ဟင်းတဲ့အတွက် ဒေါသပုံကျပြီး ရှေ့နောက်မစဉ်းစားတော့ပဲ တစ်ခါတည်း သတ်စေအမိန့်ရှိခဲ့တယ်ဆိုပဲ။ ဒီနေရာမှာ ရွှေဖျင်းညီနောင်ကို အနော်ရထာချခဲ့တဲ့ အမိန့်တော်က ကြီးမားလှပါတယ်။ မင်းကြီးအမိန့်နဲ့ ရွှေဖျင်းညီနောင်ကို သုတ်သင်အပြီးမှာပဲ တိုင်းသူပြည်သားတွေရဲ့ မင်းညီးအပေါ်ထားတဲ့ သဘောထားတွေက အရင်လိုမဟုတ်ကြတော့ဘူးတဲ့။

အချစ်ကြီးချစ်တော်မူတဲ့ မြေးတွေကိုတောင် သတ်စေအမိန့်ပေးတော့ သာမန်တိုင်းသူပြည်သားတွေအနေနဲ့ မင်းကြီးအပေါ် သဘောထားတစ်မျိုးပြောင်းသွားကြမှာကတော့ အသေအချာပါပဲ။ တိုင်းသူပြည်သားတွေရဲ့သူ့အပေါ်ပြောင်းလဲ လာတဲ့ဆက်ဆံရေး အနေအထားကို အနော်ရထာ ဘုရင်က သိတော်မူပါတယ်။ ရာဇပုလင်အထက်မှာ ထိုင်နေရတဲ့ သူ့နေရာလေး ပျောက်သွားမှာကိုတော့ အနော်ရထာလည်း စိုးရိမ်တော်မူလာဟန်တူပါတယ်။ ဒီအခါမှာ တိုင်းသူပြည်သားတွေကို လှည့်ကွက်တစ်ခု ထုတ်ဖို့ အနော်ရထာ ကြံရပါတော့တယ်။

ဒါကတော့ အနော်ရထာမှ မဟုတ်ပါဘူးလေ ရာထူးအာဏာ နေရာ ရထားသူများဟာ မိမိနေရာလေးပျောက်သွားမှာ စိုးရိမ်တတ်ကြတတ်ပါပဲ။ ဆိုတော့ တိုင်းသူပြည်သားတွေကို အာရုံပြောင်းဖို့ အနော်ရထာအကွက် တစ်ခုရွှေ့လိုက်ပါတယ်။ အဲဒါကတော့ ရွှေဖျင်းကြီး ရွှေဖျင်းငယ် ညီနောင်ဟာ နတ်ဘဝကို ရောက်ရှိနေပြီး ဘုံဌာန မရှိတဲ့အကြောင်း အိပ်မက်ပေးတယ်ပေါ့လေ။ ဆိုတော့ တောင်ပြုံးမြို့တော်မှာ ရွှေဖျင်းကြီး ရွှေဖျင်းကြီးငယ်အတွက် နတ်နန်းဆောက်ပြီး ကိုးကွယ်စေ လုပ်လိုက်တော့တယ်။
detengase.jpg
source
အနော်ရထာ ဘုရင်ရဲ့အကြံက ကောင်းပါတယ်။ တိုင်းသူပြည်သားတွေရဲ့ အာရုံက တကယ်ပြောင်းခဲ့ပြီး နတ်ဘုံ နတ်နန်းဆောက် ကိုးကွယ်ဖို့အာရုံပြောင်းသွားခဲ့ကြပါတော့တယ်။ ဒါပေမဲ့ အနော်ရထာရဲ့ ပြည်သူတွေကို လှည့်ခဲ့တဲ့ လှည်ကွက်က ယနေ့ခေတ်လူများထိ ခံနေရပြီး တောင်ပြုံးပွဲသွား ရေစင်ဆက်သဖို့ဆိုပြီး သွားကြတဲ့ လူတွေရဲ့ ကုန်ကျငွေစုစုပေါင်းက တစ်နှစ်တစ်နှစ်ကို ကျပ်သန်းရာချီ ထောင်ချီ ရှိတယ်လို့ ဆိုပါတယ်။ ထိုငွေတွေကို အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေမှာသာ သုံးလိုက်ရင် ဘယ်လောက်များအကျိုးရှိလိုက်မလဲနော်။

ဗုဒ္ဒသာသာနာကို မြန်မာပြည်ရောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ အနော်ရထာမင်းကြီးကို အထူးကျေးဇူးတင်ပေမဲ့ သူ့မင်းစည်းစိမ်လေး မပြုတ်ဖို့အတွက် လုပ်ခဲ့တဲ့ လှည့်ကွက်တစ်ခုက ယနေ့ခတ်လူသားတွေ ရိုက်ခေတ်နေတာကိုတော့ အနော်ရထာမင်းကြီးကို ကျွန်တော် ရှုံ့ချချင်တယ်ဗျာ။ ကျွန်တော်ကတော့ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကလွှဲရင် ကိုးကွယ်ရာ မရှိလို့ ခံယူထားတဲ့သူ တစ်ယောင်ဖြစ်ပါတယ်။

Author>>>@aungzawhtwe

Sort:  

ကွကို ဘုရားစာ ရွတ်နေပါ အေ
နိ ကို နတ်ကတော် တေက လာဆဲသွားလိမ့် မယ် ဟ်ဟ်

ဟိုဟာတွေကဖြင့် အစိမ်းသေသေလို့ အဝီစိဂျိုးကပ်နေရောမယ်။ သူတို့က ကိုးကွယ်လို့ကောင်းတုန်း။

အာ့ နဲ့ လုပ်စားနေတား ဂိုး လို့

Congratulations! This post has been upvoted from the communal account, @minnowsupport, by aungzawhtwe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63183.53
ETH 2643.93
USDT 1.00
SBD 2.78