Wolf Warrior အကြောင်းသိကောင်းစရာ

in #myanmar6 years ago (edited)

ဘာလိုလိုနဲ့ဒီနေ့ဆိုရင်စက်တင်ဘာလ
ထဲတောက်ရောက်လာခဲ့ပြီ။
Hello September!
သြဂုတ်လထဲမှာတော့မှတ်မှတ်ရရ
တရုတ်-အမေရိကန် ကုန်သွယ်ရေး
စစ်ပွဲကြီးဖြစ်ခဲ့တယ်။ကုန်သွယ်ရေး
စစ်ပွဲရဲ့အကျိုးဆက်တွေကတော့
နိုင်ငံအတော်များများမှာရှိတဲ့
ငွေကြေးတန်ဖိုးတွေလျော့ကျကုန်
တာပဲဖြစ်ပါတယ်။Dollarဈေးမြင့်
တက်မှုကြောင့်ကျွန်တော်တို့Steemit
ရဲ့Steemနှင့်Steem Dollar(SBD)
ဈေးကလည်းဒေဝဒတ်ခေါင်းပေါ်
ရောက်သွားခဲ့ပါတယ်။တရုတ်နှင့်
အမေရိကန်ဟာ အင်အားကြီးစူပါ
ပါဝါနိုင်ငံတွေဖြစ်လို့ သူတို့အတွက်
ကုန်သွယ်ရေးစစ်ပွဲတွေ ဆိုက်ဘာ
စစ်ပွဲတွေ၊(Cyber Wars)ဖြစ်တာ
အဆန်းတော့လည်းမဟုတ်ပါဘူး။
လက်နက်အင်အားနဲ့စစ်ဖြစ်မယ်
ဆိုရင်လည်းနျူးကလီးယားပိုင်ဆိုင်
ပြီးသားနိုင်ငံတွေဖြစ်လို့တစ်နိုင်ငံ
နှင့်တစ်နိုင်ငံအမှားမခံဘဲစောင်ကြည့်
နေကြတာဖြစ်ပါတယ်။အမေရိကန်
ဟာတရုတ်ကိုလုံးဝလျော့တွက်လို့
မရတော့ပါဘူး။တရုတ်စစ်တပ်က
လည်းအတော်ဆုံးစစ်သည်တွေနဲ့
ဖွဲ့စည်းထားတယ်ဆိုတာဇာတ်ကား
တွေနဲ့ဖော်ပြလာပါပြီ။ကျွန်တော်
အဓိကရေးချင်တဲ့အကြောင်းအရာ
ကတော့ တရုတ်က အမေရိကန်ကို
ရင်ဆိုင်ဖို့(ကျွန်တော်တို့လူငယ်တွေ
ပြောတဲ့စကားမျိုးဆိုရင် ဖဲ့ဖို့)ပြင်ဆင်
ထားကြောင်းကိုပေါ်လွင်အောင်
ရိုက်ထားတဲ့ဇာတ်ကားနှစ်ခုရှိပါ
တယ်။ကျွန်တော်တင်ပြမဲ့ပုံစံက
ဇာတ်ကားတစ်ကားချင်းစီကိုReviews
ရေးနေမှာမျိုးမဟုတ်ပါဘူး။
အဲ့ဒီထဲကDialogueအချို့ကနေ
တရုတ်ကအမေရိကန်ကိုဘယ်လို
ဖဲ့ထားလဲ?နားရွက်ကိုတံတွေးဆွတ်
ထားလဲ?ဆိုတဲ့အကြောင်းအရာလေး
တွေကိုထုတ်နှုတ်ပြချင်ပါတယ်။
စာဖတ်သူတွေလည်းကြည့်ဖူးချင်
လည်းကြည့်ဖူးမှာပါ။
အဲ့ဒီဇာတ်ကားနှစ်ကားကတော့
Wolf Warrior 1 (2015)နှင့်
Wolf Warrior 2 (2017)
ဖြစ်ပါတယ်။
ဒီကားတွေထဲမှာကတော့
အဓိကဇာတ်လိုက်မင်းသားဖြစ်တဲ့
Wu Jing(Leng Feng)ဟာ
ဒီဇာတ်ကားနှစ်ခုစလုံးရဲ့
ဒါရိုက်တာလည်းဖြစ်ပါတယ်။
Wolf Warrior 1(2015)
image
Wolf Warrior 1ထဲမှာတော့
Super Villain ဇာတ်လိုက်အဖြစ်
Scott Adkins(Tom Cat)ကိုတွေ့
ရမှာဖြစ်ပါတယ်။Scott Adkins
ဆိုလို့တခြားသူမဟုတ်ပါဘူး။
ထောင်တွင်းလက်ဝှေ့ဖိုက်တာ
ဘုရင်ကြီးဘွိုင်ကာ(Boyka)ပါပဲ။
ဒီဇာတ်ကားထဲမှာTom Catဟာ
ထိပ်တန်းကြေးစားစစ်တပ်ရဲ့
ခေါင်းဆောင်ပါ။
image
သူကNavy Sealတပ်ဖွဲ့ဝင်ဟောင်း
တစ်ယောက်ဖြစ်ပြီး
အာဖဂန်နစ္စတန်စစ်ပွဲတွေမှာလည်း
အတွေ့အကြုံရှိဖူးသူဖြစ်ပါတယ်။
Navy Sealအကြောင်းနဲ့ပတ်သတ်
ပြီးဒီနေရာမှာနည်းနည်းလေးရှင်းပြ
ချင်ပါတယ်။Navyဆိုတာကတော့
ရေတပ်ပါ။Sealကတော့Sea-Air-
Landဆိုပြီးပင်လယ်(ရေကြောင်း)၊
လေကြောင်း၊ကုန်းကြောင်း သုံးမျိုး
စလုံးမှာ အကြမ်းဆုံးဆိုတဲ့စစ်ဆင်
ရေးတွေပြုလုပ်နိုင်တဲ့ကွန်မန်ဒို
စစ်သားတွေနဲ့ဖွဲ့စည်းထားတဲ့
အဖွဲ့လို့ခေါ်ပါတယ်။အမေရိကန်
ရေတပ်ရဲ့လက်အောက်ကမလို့
Navy Sealလို့ခေါ်တာပါ။သူတို့
ဟာစက်ရုပ်တွေလိုကိုသန်မာလှပါ
တယ်။အိုစမာဘင်လာဒင်ကိုသုတ်
သင်ရှင်းလင်းခဲ့တာNavy Seal
Team-6ပါ။ဟိုတလောကထိုင်းက
ကလေးတွေဂူထဲမှာပိတ်မိနေတုန်း
ကလည်းအမေရိကန်ကနေNavy
Sealအဖွဲ့ကလူတွေကယ်ဆယ်ရေး
လာလုပ်ကြပါသေးတယ်။အဲ့ဒါကို
တခြားနိုင်ငံတွေကအတုခိုးပြီး
Navy Sealအဖွဲ့တွေဖွဲ့နေကြပါပြီ။
မြန်မာနိုင်ငံမှာလည်းဖွဲ့ထားပါတယ်။
အသေးစိတ်သိချင်ရင်တော့
ဒီLinkကနေဝင်ကြည့်လိုက်ပါ။
http://wakhama.blogspot.com/2016/10/myanmar-navy-seal.html?m=1
Navy Sealအကြောင်းသေသေချာ
ချာသိချင်ရင်တော့Facebookမှာ
Postတွေအများကြီးတင်ထားပါတယ်။
ရှာပြီးဖတ်ကြည့်လိုက်ပါ။တကယ်
စိတ်ဝင်စားစရာကောင်းလွန်းပါတယ်။
Wolf Warrior 1ရဲ့ဇာတ်သိမ်းမှာ
ဇာတ်လိုက်မင်းသားLeng Feng
ဟာTom Catကိုအနိုင်ရရှိသွားပါ
တယ်။တရုတ်အနေနဲ့အမေရိကန်
ရဲ့အတော်ဆုံးကွန်မန်ဒိုစစ်သားကို
တောင်ယှဉ်နိုင်တဲ့စစ်သားတွေ
သူတို့နိုင်ငံမှာလည်းရှိတယ်ဆိုတာ
ကိုပြသွားတာပါ။တကယ်ပညာသား
ပါလှပြီးကောင်းမွန်လှတဲ့ဇာတ်ကား
တစ်ကားဖြစ်ပါတယ်။မကြည့်ရသေး
ရင်တော့ကြည့်ဖြစ်အောင်ကြည့်သင့်
ပါတယ်။
Downloadဆွဲကြည့်ဖို့Channel Myanmar
Linkလေးထည့်ပေးလိုက်ပါတယ်နော်။
https://channelmyanmar.org/wolf-warriors-2015/

နောက်တစ်ကားကတော့
Wolf Warriors 2(2017)
image
ဒီဇာတ်ကားထဲမှာဒါရိုက်တာနှင့်
ဇာတ်လိုက်မင်းသားကတော့
Wolf Warriors 1ထဲကလိုပါပဲ။
Villianမင်းသားကတော့Frank Grillo
(Big Daddy)ပါ။သူကတော့ဇာတ်ကားထဲမှာ
အာဖရိကတိုက်အတွင်းကနိုင်ငံတစ်
နိုင်ငံကိုစစ်တပ်ကအာဏာသိမ်းတဲ့
အခါငှားထားတဲ့အမေရိကန်
ထိပ်တန်းကြေးစားတပ်ဖွဲ့(Dylan Corps)ရဲ့
ခေါင်းဆောင်တစ်ဦးပဲဖြစ်ပါတယ်။
ဒီကားထဲမှာတော့တရုတ်က
အမေရိကန်ကိုတော်တော်လေးဖဲ့
ထားပါတယ်။နိုင်ငံတစ်နိုင်ငံမှာ
စစ်ဖြစ်ပြီဆိုရင် အဲ့ဒီနိုင်ငံအတွင်းမှာ
ရှိတဲ့ ကိုယ့်နိုင်ငံသားတွေကို
ကယ်ဆယ်ရေးလုပ်ဖို့ သက်ဆိုင်ရာ
နိုင်ငံတွေမှာတာဝန်အပြည့်ရှိပါတယ်။
ဒီဇာတ်ကားထဲမှာLeng Fengရဲ့
စကားတွေအရ အမေရိကန်ဟာ
စစ်ဖြစ်ပြီဆိုရင် အရင်ဆုံးကိုယ်လွတ်
ရုန်းပြေးတဲ့နိုင်ငံဆိုပြီးပြစ်တင်
လှောင်ပြောင်ပြောဆိုထားပါတယ်။
image
image
image
image
image
image
image
image
image
ဇာတ်လိုက်မင်းသမီးCelina Jade
(Dr. Rachel Smith)
ကအမေရိကန်ကောင်စစ်ဝန်ရုံးကို
သွားဖို့ကားကိုရပ်ခိုင်းပြီးသူလည်း
အောက်ဆင်းလိုက်ရောအာဖရိက
တောထဲရောက်နေတာဖြစ်လို့
လမ်းပေါ်မှာတင် မြင်းကျားတစ်ကောင်ကို
ခြင်္သေ့တွေကကိုက်ဖြတ်စားသောက်နေတာ
တွေ့ပါတယ်။အဲ့တော့ကြောက်ပြီး
ကားပေါ်ပြန်တက်လာတော့
အခုလိုလေး ဖဲ့ထားပါသေးတယ်။
image
Channel Myanmar ကနေဝင်ကြည့်ပြီး
Downloadဆွဲနိုင်ပါတယ်။
https://channelmyanmar.org/wolf-warrior-2-2017webdl/

ကဲဒီကားလေးတွေကိုသေချာကြည့်ပြီး
စနေ တနင်္ဂနွေ အားလပ်ရက်တွေကို
စိတ်လှုပ်ရှားမှုတွေနဲ့ဖြတ်သန်းကြပါ
နော်။ကြည့်ပြီးသားဆိုရင်လည်း
ကိုယ်ကြိုက်မိတဲ့အကြောင်းအရာ
လေးတွေကိုcmtပေးပေးပါဦးနော်။
image
Credit Photos:Facebook
Written by:Aung Thar Kyaw
@aungtharkyaw
MSC-138

Credit Resources:
https://en.m.wikipedia.org/wiki/Wolf_Warrior
https://en.m.wikipedia.org/wiki/Wolf_Warrior_2

Sort:  

ဒီဇာတ်ကားကြည့်ရသေးဘူး download လုပ်ထားမှ

ညုတ် အရမ်းကောင်းတယ် ကြည့်ကြည့်ပါ

ဇာတ်ကားကောင်းလေးတွေ ရှာဖွေတင်ပြပေးတာ ကျေးဇူးပါ ရုံးပိတ်ရက်မှာ ရှာကြည့်ရတာပေါ့

ဟုတ်ကဲ့ အစ်မ တကယ်ကောင်းလို့ညွှန်းတာပါ

အဲ့ လိုကား​တွေမှကြည့်​ရတာတန်​တာ

ဟုတ်တယ် တကယ်ကောင်းတာ

မကြည့်​ဖူးပါဘူး....movie review အတွက်​​ကျေးဇူးပါ...

reviewရေးလောက်တဲ့အထိတော့မပြည့်စုံပါဘူးဗျ
နိုင်ငံရေးနဲ့ဆိုင်တဲ့ဟာလေးတွေကိုပြောပြပေးထားတာပါ

အခွေဝယ်ကြည့်မယ်ဗျို့😁

ဘယ်လိုကြည့်ကြည့် ကြည့်ဖြစ်အောင်ကြည့်ပါဗျာ

ကြည့်ဖူးပါတယ် ပြင်းထန်လွန်းတဲ့ စိတ်ဓာတ်နဲ့ သူတို့ရဲ့ နိုင်ငံအပေါ်ယုံကြည်ချက် သဘောကျမိပါတယ်

ဟုတ်တယ်ဗျ စစ်တပ်ကအနားယူပြီးတာတောင်
နိုင်ငံနှင်လူမျိုးကိုတော်တော်ချစ်သေးတာကိုတွေ့ရတယ်

ဇာတ်ကားကောင်းလေးတွေပဲ။

ဟုတ်တယ်အစ်မ ကြည့်သင့်ပါတယ်

No2 ကား​တော့ကြည့်​ဖူးတယ်​ ကြည့်​တုန်းက အဲ့လို နိုင်​ငံ​ရေး​တွေပါ ဖဲ့ထားတယ်​လို့ မထင်​ရဘူး....။

No 1ပါပြန်ကြည့်သင့်တယ်

အဲဒီဇာတ်ကား ကောင်းတယ်ဗျာ ကြိုက်တယ်။

ကျွန်တော်လည်းကြိုက်တယ်

1​တော့ ကြည့်​ပြီးပြီ 2က​တော့မကြည့်​ရ​သေးဘူးကြည့်​အုံးမယ်​​လေ

ကြည့်ဖြစ်အောင်ကြည့်လိုက်ဦး

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66077.75
ETH 3167.77
USDT 1.00
SBD 4.01