စနစ်တကျ အချိန်မီ ပြုပြင်နိုင်ဖို့……

in #myanmar6 years ago

မြန်မာနိုင်ငံမှာနှစ်ပေါင်း(၅၀)ကျော်
ကြာအောင်ဖျက်ဆီးခံထားရတဲ့
ပညာရေးစနစ်ဆိုးကြီး။ ။
ဘာလို့စနစ်ဆိုးကြီးလို့ပြောရလဲဆိုရင်
စနစ်တကျကိုဆိုးရွားပျက်စီးနေလို့ပဲ။
မူလတန်းဖတ်စာအုပ်မှာပါတဲ့
အကြောင်းအရာတွေကစလို့
တက္ကသိုလ်ဝင်တန်းထိအောင်ပေါ့။
အဲ့ဒါနဲ့တင်အဆုံးသတ်မဟုတ်သေး
ပါဘူး။ဘွဲ့မရမချင်းအထိ သင်တော့
သင်ခဲ့ကြရတာပါပဲ။
လူတိုင်းပြောနေကြတဲ့ "ကျက်ဖြေ
စနစ်"ဆိုတာကြီးအပေါ်ကိုတော့
ထပ်ခါတလဲလဲပြောမနေချင်တော့
ဘူး။ကိုယ်လည်းကိုယ့်မိဘကသာမန်
ဆိုတော့ ဒီပညာရေးထဲမှာဘဲ
ယက်ကန်ယက်ကန်နဲ့ကျင်လည်ခဲ့ရ
တာကိုး။ကိုယ့်အဖေကသာခရိုနီကြီး
အဲယောင်လို့ သူဌေးကြီး တစ်ဦးဆိုရင်
လည်း UK ပညာရေးတို့ဘာတို့ကို
တက်ရောက်သင်ကြားခွင့်ရမှပေါ့လေ။ ဟုတ်ပြီ။ ပြောတော့ပြောနေကြ
တာပဲလေ။ ပညာရေးစနစ်ကြီးက
မကောင်းဘူးဆိုပြီးပေါ့။ စနစ်ဆိုတာ
ကဘာလဲ။အဲ့မှာဘာတွေပါဝင်နေတာ
လဲပေါ့။သင်ကြားရေးစနစ်၊
သင်ရိုးစနစ်၊စာမေးပွဲစနစ်၊
အမှတ်ပေးအကဲဖြတ်စနစ်
စသဖြင့် စသဖြင့်ပေါ့။
ကဲကဲ နိဒါန်းတွေပျိုးနေတာနဲ့
ဆိုလိုရင်းကိုမရောက်နိုင်တော့ဘူး။
လွန်ခဲ့တဲ့သုံးလေးရက်လောက်က
ဖြစ်မယ်ထင်တယ်။
ကျွန်တော့်အဒေါ်က အထက်တန်းပြ
ဒဿမတန်း(အင်္ဂလိပ်စာ)သင်တဲ့
ဆရာမတစ်ယောက်လေ။
သူကကျွန်တော့်ကို သူနဲ့စာကူစစ်ပေး
ဖို့ပြောတယ်။ကျွန်တော်လည်း
အားနေတာနဲ့ကူစစ်ပေးလိုက်တယ်။
အဲ့မှာ Grammar Testလို့အများခေါ်
ကြတဲ့Patternတွေကိုစစ်တော့
ကျောင်းသားနှစ်ယောက်ရဲ့
အမှားနှစ်ခုကိုသွားတွေ့တယ်။
ဘယ်လိုတောင်မှားလဲဆိုရင်
စနစ်တကျကိုမှားထားတာ။
စာဖတ်သူတို့မှတ်မိကြဦးမလားတော့
မသိဘူး။ဆယ်တန်းမှာ
Although<<>>In Spite Of
ဆိုတာကြီးကို…………
မေးခွန်းလေးက>>
Although they work very
hard,their business is not
thriving.
အဓိပ္ပါယ်ကတော့>>
သူတို့အလုပ်ကိုအလွန်ကြိုးစားပမ်းစား
လုပ်ပါသော်လည်းသူတို့ရဲ့စီးပွားရေးက
အထမမြောက်ခဲဘူးမအောင်မြင်ခဲ့ဘူး။

ဒီPatternလေးကိုပြောင်းရင်
AlthoughနေရာမှာIn spite ofထည့်
ပြီးof ရဲ့နောက်မှာဆိုတော့
VerbကိုVing(Gerund)ပြောင်းပေး
ရပါတယ်။"အလုပ်လုပ်သည် "ကနေ
"အလုပ်လုပ်ခြင်း"ဖြစ်သွားအောင်
ပါ။

ဒါဆိုရင်အဖြေလေးကြည့်ရအောင်>>
In spite of working very hard,
their business is not thriving.

ဒီလိုလေးဆိုရင်1markရပြီလေ။
ကဲဒါဆိုရင်……
မေးခွန်းကိုလည်းသိပြီ။
အဖြေမှန်လည်းသိပြီဆိုတော့ခုနက
ကျောင်းသားနှစ်ယောက်ရဲ့အမှား
လေးတွေကိုကြည့်လိုက်ရအောင်။

ပထမကျောင်းသား
20180109_204505-1.jpg
In spite of working very hard,
they's business is not thriving.

theyကို 's ထည့်ထားတာတွေ့ရတော့
ရယ်ရမလိုလို ငိုရမလိုလိုတောင်
ဖြစ်သွားတယ်။
တကယ်ဆိုရင်'their'ကိုဘာမှပြောင်း
စရာမလိုပါဘူး။
သူ့စိတ်ထဲမှာ theyက"သူတို့"
's က "၏"
"သူတို့၏"ဆိုပြီးတွေးလိုက်လေသလားပေါ့နော်။ ။
"They"က'သူတို့၊၄င်းတို့၊ထိုအရာတို့'
သက်ရှိဖြစ်ဖြစ် သက်မဲ့ဖြစ်ဖြစ်
ဒြပ်ရှိဖြစ်ဖြစ် ဒြပ်မဲ့ဖြစ်ဖြစ်
အများသုံးချင်ရင် "They"ပါ။
"Their"ဆိုတာ'သူတို့၏၊၄င်းတို့၏၊
ထိုအရာတို့၏'
ဒီတော့ ဒီလိုအခြေခံတွေကို
မသိဘဲတက္ကသိုလ်ဝင်တန်းရောက်
လာခဲ့တယ်ပေါ့။

ဒုတိယကျောင်းသား
20180109_204603-1.jpg
In spite of working very hard,
they of business is not thriving.

လာပြန်နော်။'they of'
'they'ဆိုတာ"သူတို့"
'of'ဆိုတာ"၏"
သူ့အတွေးနဲ့သူကတော့ဟုတ်နေတာ
ပဲပေါ့နော်။

စာဆက်စစ်ချင်စိတ်မရှိတော့လောက်
အောင်ကို စိတ်မကောင်းဖြစ်သွား
ခဲ့မိပါတယ်။
ကျွန်တော်ပြောခဲ့တဲ့ စနစ်တကျ
ပျက်စီးခြင်းဆိုတာက အဲ့ဒါပါပဲ။
ကျောင်းသားတွေရဲ့အတွေးအခေါ်
တွေဘယ်လောက်တောင်လွဲချော်
ကုန်ခဲ့ရပြီလဲဗျာ။
ဒါပေမဲ့ ထူးခြားတာတစ်ခုကတော့
သူတို့နှစ်ယောက်က တခြားအသေမှတ်ပြီးကျက်ဖြေရတဲ့
မေးခွန်းတွေကျအကုန်မှန်တယ်ဗျာ။

စာဖတ်သူတို့မှာလည်းသားတွေ၊
သမီးတွေ၊တူ၊တူမတွေ၊ကိုယ်နဲ့နီးစပ်
တဲ့ကလေးတွေ ရှိခဲ့ရင် ငယ်စဉ်က
တည်းကပညာကိုအခြေခံပါအောင်
သင်ဖို့ တိုက်တွန်းပေးကြလို့
ဒီPostလေးနဲ့အကြံပြုရေးသားလိုက်
ရပါတယ်ဗျာ။ ။
PicsArt_01-01-11.17.19.jpg
Written by:Aung Thar Kyaw
@aungtharkyaw
MSC-138

Sort:  

အလင်းပြတဲ့အတွက်ကျေးဇူးဗျာ

ဖတ်ပေးတဲ့အတွက်ပြန်ကျေးဇူးတင်ပါတယ်

အင်း... ကျနော်လည်း E မရတော့ ဘာမှာပြောရဲဘူး 😀😀

ဟီး ခုလိုmentတာကိုကျေးဇူးပါ

ကိုယ်တိုင်က အင်္ဂလိပ်စာညံ့သဗျ

ဟုတ်ကဲ့ လေ့လာရင်ရနိုင်ပါတယ်

ဖြက်​ဆီးတာခံရလားမခံရလားမသိဘူး
ကိုယ်​​တွေမှာ ​တနိုင်​ငံလုံ ​ကျောင်း​တေပိတ်​ထားလို့ ၁၀တန်းမ​အောင်​ခဲ့ဘူး​လေ သိတဲ့သူ​တွေကိုဘာလို့ ပိတ်​ထာလဲ​မေး​တော့ ပြည်​သူ​တွေပညာတပ်​ရင်​သူတို့ကိုကာပြန်​လို့တဲ့ ​အော်​ အာဏာရှင်​ အာဏာရှင်

ဒါကြောင်းလည်းသူတို့စိတ်တိုင်းကျခြယ်လှယ်ခဲ့တာပေါ့ဗျာ

ဝေဖန်ခြင်းဟာ လွယ်ကူပေမဲ့ လိုက်ပါဆောင်ရွက်ဖို့တော့ ခက်ခဲပါတယ် မြန်မာပြည်က လူအယောက် ၁သန်းမှာ တစ်သန်းလုံးရဲ့ အကျွမ်းကျင်ဆုံးအလုပ်က ဝေဖန်ရေးဘဲ

ဝေဖန်သံတွေ ဆူညံလာတော့ တက်ဆဲ အစိုးရက ကျက်ဖြေပညာရေးကြီးကို ပြောင်းလဲဖို့အတွက် စတင်ကြိုးစားခဲ့ကျတယ်
KGတန်းနဲ့ ပထမတန်းကစလို့ စာမသင်စေတော့ဘဲ IQနဲ့ဆိုင်တဲ့ Lessonတွေကို ပို့ချစေတယ်

ဒါပေမဲ့ စိတ်မကောင်းစရာက ဒီပညာရေးစနစ်ကို ယုံကြည်သူနည်းပါးပြီး မိဘတွေကိုယ်တိုင်က ဆရာတွေနဲ့ ပူးပေါင်းပြီး စာတွေခိုးသင်ကျပြန်တယ်

အဲ့တော့ ဒီပညာရေးစနစ်ကို အခုကစပြီး စနစ်တကျပြန်လုပ်မယ်ဆိုရင်တော့ နောင်၁၅နှစ်လောက်မှာ ပြောင်းလဲချင်ကောင်း ပြောင်းလဲပါလိမ့်မယ်

အကောင်းဆုံးကိုပဲမျှော်လင့်ရတာပေါ့ဗျာ

😁 အဲလောက်တော်တဲ့ ကျောင်းသား တွေ့ဖူးသေးဘူး😁

ဆရာဘဝရဲ့အတွေ့အကြုံဆန်းတွေပေါ့ဗျာ

အင်္ဂလိပ်စာမပြောနဲ့ မြန်မာစာတောင် နားမလည်တာတွေလဲတပုံကြီးပါ

အမှန်ပဲပေါ့ဗျာ

အခြေခံကျကျ သေချာမသင်ခဲ့ရလို့ပါ။သင်ခဲ့လည်း များများမကျက်မှတ် မလေ့လာ ခဲ့တော့ မေ့သွားတာဖြစ်မှာပါ။ဒါနဲ့ စကားမစပ် ဒီpostကို steem-myanmar မှာ ခုချိန်ထိ postတင်တာ မတွေ့မိလို့။postတင်ဖို့ မေ့များ မေ့နေလားလို့။

ဟုတ် ကျေးဇူးပဲ အစ်မပြောလို့ ပြန်ပြင်လိုက်တယ်
Postမှားချမိထားတာ

ကြိုးစားရမှာပေါ့

ဒါပေါ့ဗျာ

အမှန်ပါပဲ ပညာရေးစနစ်သာမကပါဘူး အခြားကဏ္ဍတွေမှာလည်း ထို့အတူတူ နိမ့်ကျကျန်နေခဲ့ပါပြီ

ဟုတ်တယ် တွေးကြည့်ရင် ရင်လေးစရာကြီး

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64647.93
ETH 3160.25
USDT 1.00
SBD 4.09