SMMTဆိုတာ…

in #myanmar6 years ago (edited)

သြဂုတ်လ(၂၇)ရက်နေ့မှာ
Facebookကနေ ကာကွယ်ရေး
ဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်
ရဲ့Facebookစာမျက်နှာအပါအဝင်
Account(၁၈)ခု၊Pagesပေါင်း(၅၂)
ခုနှင့်Instagram Account(၁)ခု
တို့ကို ဖယ်ရှားလိုက်ပါတယ်။
အကြောင်းပြချက်ကတော့
အမုန်းတရားစကား(Hate Speech)
တိုးပွားစေတာဖြစ်တဲ့အတွက်
Community Standardနဲ့မကိုက်
ညီဘူးဆိုပြီးScreen Shotတွေနဲ့တကွ
ထုတ်ပြန်ပေးထားပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီးနိုင်ငံတော်
သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး
ပြောကြားထားတဲ့Interviewတစ်ခု
ကိုတွေ့လိုက်ရပါတယ်။
သူပြောတာကတော့"ကျွန်တော်တို့
အစိုးရ၊ လက်ရှိအစိုးရသွားနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း တစ်နည်းတစ်ဖုံအားဖြင့် တော့ ထိခိုက်မှုတွေရှိလာနိုင်တယ်ဆိုတာ
ကျွန်တော်တို့ စိုးရိမ်တယ်။
ရှိလာမယ့်အလားအလာတွေ ရှိလာနိုင်မယ်။
ဥပမာ အားဖြင့် Social Media Monitoring Team(SMMT)လုပ်တဲ့အပေါ်မှာ အထင်လွဲမှုတွေဖြစ်လာနိုင်တယ်။
နံပါတ်တစ်ကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
Page အပါအဝင် ကျန်တဲ့ Page တွေ ဖြုတ်ချခံရခြင်းကိစ္စနဲ့ ပတ်သက် လို့ ထုတ်ပြန်ထားတဲ့အတိုင်းဖြစ်ပါတယ်။ နံပါတ်နှစ်က အစိုးရရဲ့ Input လုံးဝတစ်စုံတစ်ရာ မပါဝင်ပါဘူး။ နံပါတ် သုံးက အစိုးရကဖွဲ့စည်းထားတဲ့SMMT လည်းမပါဘူး။ ဒါကိုတော့ အတိအလင်းပြောချင်ပါတယ်။…"
ပဲဖြစ်ပါတယ်။သူပြောသွားတဲ့
အထဲမှာSMMTဆိုတာ ခဏခဏ
ပါပါတယ်။သေချာသိချင်ရင်
FacebookမှာVideo fileကြည့်ပါ။
https://www.facebook.com/myanmararnmdstam.pyaephyothura/videos/460438834441480/

တကယ်တော့ အဲ့လိုကြီးရှင်းပြနေရ
တာကိုက နိုင်ငံကလူတွေIT
Knowledgeတော်တော်မရှိမှန်း
သိသာစေပါတယ်။
Facebookဟာ ဘာအကြောင်းအရင်း
မှမရှိဘဲနဲ့ Accountတွေ Pageတွေ
ကို မဖြုတ်ချနိုင်ပါဘူး။ထိုနည်းတူ
စွာဘယ်နိုင်ငံပဲဖြစ်နေပါစေ။
Facebookအပေါ်ဖိအားပေးပြော
ဆိုလို့မရပါဘူး။အစိုးရနှင့်Social
Mediaတွေကညှိနှိုင်းပြီးဆောင်ရွက်
လို့ပဲရပါတယ်။
SMMTဆိုတာဆိုရှယ်မီဒီယာများကို ဥပဒေနှင့်အညီစောင့်ကြည့်ထိန်းကျောင်းမှု
ပြုလုပ်နိုင်ရေးအဖွဲ့
(Social Media Monitoring Team)
ရဲ့အတိုကောက်စကားလုံးပါ။
SMMTကခုမှလူသိများလာပေမဲ့
ဖွဲ့ထားတာ(၅)လကျော်ရှိပါပြီ။
မတ်လ ၁၉ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က Facebook နှင့် ဆိုရှယ်မီဒီယာများ ဥပဒေနှင့်အညီ စောင့်ကြည့်ထိန်း ကျောင်းမှု
ပြုလုပ်နိုင်ရေးSocial Media Monitoring Team-SMMT ကို ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော် သမ္မတရုံး အနေ ဖြင့် Social Media Monitoring Team-SMMT အဖွဲ့၏ လုပ်ငန်းများ ဆောင် ရွက်ရန်အတွက် Hardware and Devices , Software များဝယ်ယူရန် စုစု ပေါင်းကုန် ကျငွေ ကျပ် ၆,၄၂၆ သန်း ကို အရေးပေါ် ရန်ပုံငွေမှ ကျခံသုံးစွဲခွင့် ပြုခဲ့တာကို လွှတ်တော်က အတည်ပြု မှတ်တမ်းတင်ပေး ဖို့ တင်ပြခဲ့ပါတယ်။
အဲ့မှာမေးခွန်းထုတ်စရာတွေဖြစ်လာ
တာက သန်းပေါင်း(၆၀၀၀)ကျော်
လောက်ဘာလို့သုံးစွဲကြရသလဲ?
ဆိုတာနှင့် ပြည်တွင်းမှာရှိတဲ့
Social Mediaတွေကိုစောင့်ကြည့်
ခံရတော့မှာလား? စသဖြင့်ပေါ့လေ။
Mediaတွေကချဲ့ကားရေး
နားမလည်တဲ့လူတွေကထင်ကြေး
အမျိုးမျိုးပေးပြီး ဝေဖန်နေကြတာ
ကိုတွေ့ရပါတယ်။
ပြည်တွင်းကSocial Mediaတွေကို
စောင့်ကြည့်ဖို့မဟုတ်ဘဲ ပြည်ပကနေ
Cyber Warအနေနဲ့တိုက်ခိုက်လာ
တာတွေကို ကာကွယ်ဖို့ဖြစ်ပါတယ်။
ဒါကိုပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးဝင်းခန့်ကပြောဆိုထားတာပါ။
ကြည့်လို့ရအောင်Linkထည့်ပေးထား
ပါတယ်။
https://www.facebook.com/7DayOnlineTV/videos/1983986048339754/

https://www.facebook.com/elevenbroadcasting/videos/2126207730969033/

ဘာလို့သန်း(၆၀၀၀)အထိအကုန်
အကျခံထားလဲ?ဆိုတော့
ဖြေစရာမေးခွန်းကတစ်ခုပဲရှိပါတယ်။
အဲ့ဒီSocial Media Monitoring
Toolsတွေကဈေးအရမ်းကြီးလို့ပါ။
မြန်မာနိုင်ငံမှာ ဘာလိုToolsတွေ
Programsတွေသုံးတယ်ဆိုတာက
တော့ ပွင့်လင်းမြင်သာခိုင်းမနေပါနဲ့။
ဒီမိုကရေစီမှာလည်းပြည်သူတွေ
သိပိုင်ခွင့်ကအတိုင်းအတာရှိပါတယ်။
ကမ္ဘာ့ဒီမိုကရေစီဘိုးအေကြီး
အမေရိကန်နိုင်ငံမှာ တက်လာတဲ့
သမ္မတတိုင်းတောင်သိခွင့်မရှိတဲ့
Projectsတွေအများကြီးရှိပါတယ်။
(ဥပမာ-Area-51 လိုဟာမျိုးပေါ့)
အခုလည်း အမေရိကန်လိုဒီမိုကရေစီ
အပြည့်အဝပေးထားတဲ့နိုင်ငံမှာ
တောင် NSA(National Security
Agency)ကဖုန်းတွေကိုစောင့်ကြည့်
ပြီးအချက်အလက်တွေရယူနေခဲ့
တယ်ဆိုတာ သမ္မတအိုဘားမား
လက်ထက်မှာတကယ်ဖြစ်ခဲ့ပါတယ်။
အဲ့ဒါကိုCIAရော NSAမှာပါအလုပ်လုပ်ဖူးတဲ့
Edward Snowdenက ကမ္ဘာကို
သိအောင်ဖွင့်ချခဲ့တာပါ။
အခုDonald Trump လက်ထက်မှာ
တော့ ဒီအကြောင်းကိုဇာတ်ကား
ပြန်ရိုက်ထားတာရှိပါတယ်။
Snowden(2016)
tmp_26832-FB_IMG_15363856934221074904331.jpg
Channel Myanmar Linkလေးထည့်
ပေးထားတယ်နော်
https://channelmyanmar.org/snowden-2016/

ဒီဇာတ်ကားဟာIT Knowledge
အတော်အတန်ရှိမှအပြည့်အဝ
နားလည်နိုင်မှာမလို့Reviewsတော့
မရေးတော့ပါဘူး။
အဲ့ဇာတ်ကားထဲမှာဘယ်လို
စောင့်ကြည့်ရေးProgramတွေ
သုံးထားတယ်ဆိုတာနည်းနည်း
ပြောပြချင်ပါတယ်။
ဒီProgramတွေကဇာတ်ကားထဲမှာ
ပါတာပါ။တကယ်အပြင်မှာဖြစ်ခဲ့
တာနဲ့နာမည်လွှဲထားချင်လည်းထားမှာပါ။

XKeyscore(စောင့်ကြည့်ရေးပရိုဂရမ်)
ဒီProgramကနေရှာချင်တာမှန်သမျှ
ရှာလို့ရပါတယ်။Googleမှာက
သူတို့တင်ထားတာပဲရှာရပေမဲ့ဒီမှာတော့
လျို့ဝှက်ထားတာတွေကိုရှာလို့ရပါတယ်။
ဥပမာ တစ်ခုအနေနဲ့ရှာပြထားတာ
ကိုဇာတ်ကားထဲမှာတွေ့ရပါတယ်။
Query Name: President George Bush
(စုံစမ်းလိုတဲ့အမည်:
သမ္မတဂျော့ရှ်ဘွတ်)

Justification:
(TS//SI//REL) potential security threat
မှန်ကန်ကြောင်းထင်ရှားစေသည့်
အချက်အလက်:လုံခြုံရေးခြိမ်းခြောက်
မှုအလားအလာဖြစ်စေမှု

Date time 43Days
Start:2008-02-03
End:Toady
(2018 Feb 3ရက်နေ့ကနေစပြီးယနေ့အချိန်အထိ)

Search For: keywords
(ရှာချင်တာအတွက်စကားလုံး)
Search Value:attack bush
(ရှာပြီးထွက်လာမယ့်ရလဒ်:ဘွတ်ကို
တိုက်ခိုက်မယ်)

အကုန်လုံးသူ့Sectionတွေ
အတိုင်းထည့်လိုက်ရင်
2018 Feb 3ရက်နေ့ကနေစပြီး
ယနေ့အချိန်အထိ
သမ္မတဂျော့ရှ်ဘွတ်ကိုလုပ်ကြံမယ့်
လုံခြုံရေးခြိမ်းခြောက်မှုအလားအလာ
ရှိနိုင်သောအချက်အလက်များ
ဆိုတဲ့ရလဒ်ထွက်ပေါ်လာပါတယ်။
အဲ့ဒီလုပ်ကြံမှုနဲ့ပတ်သတ်တဲ့
စကားလုံးတွေကိုပို့ထားတဲ့Email
မှန်သမျှကိုဖတ်လို့ရပါတယ်။
ဒါဆိုရင်လုပ်ကြံမှုမလုပ်ခင်မှာ
သွားဖမ်းလိုက်ရုံပါပဲ။
အမေရိကန်အနေနဲ့လည်း9/11
လိုအဖြစ်အပျက်ကသူ့အတွက်
ခဲမှန်ဖူးတဲ့စာသူငယ်လိုဖြစ်နေပါ
တယ်။အဲ့ဒါကြောင့်ဘာမဆိုမဖြစ်ခင်
အရင်ဆုံးသိရအောင်ကြိုတင်ပြင်ဆင်
ထားတာကတော့သူ့ရဲ့အားသာချက်
ပါ။အဲ့ဒါတောင်မှအာရပ်ကမ္ဘာကနိုင်ငံ
တွေရဲ့ခြိမ်းခြောက်မှုကိုခံနေရတုန်းပါပဲ။
နောက်ထပ်အမေရိကန်အနေနဲ့
မဟာမိတ်နိုင်ငံတွေရဲ့ဆေးရုံ၊
ရေကာတာ၊လျှပ်စစ်ဖြန့်ဝေရေး
အစရှိတဲ့နေရာတို့မှာပါ
အသက်မသွင်းရသေးတဲ့
Programလေးတွေသွင်းထားပါတယ်။
တစ်နေ့နေ့တစ်ချိန်ချိန်မှာ
အဲ့ဒီမဟာမိတ်နိုင်ငံတွေထဲက
တစ်နိုင်ငံဟာ သူတိုနဲ့မဟာမိတ်
မဟုတ်ဘဲဆန့်ကျင်မယ်ဆိုရင်
တစ်နိုင်ငံလုံးကိုမီးတွေဖြတ်ချပြီး
စနစ်တွေအကုန်ပိတ်ချလိုက်မှာဖြစ်ပါတယ်။
ဒါဆိုရင် မဟာမိတ်နိုင်ငံတွေမှာ
တောင်ဒီလောက်လုပ်ထားရင်
ရန်သူနိုင်ငံတွေဆိုရင်တော့
ဒီထက်မကလုပ်ထားမှာအသေအချာ
ပါပဲ။နောက်တစ်ချက်ကတော့
ဗဟုသုတလေးဖြစ်ဖွယ်ပါ။
Laptop,Desktop,Handset အစရှိ
သောCameraပါတဲ့Deviceတွေမှာ
CameraကိုHackလို့ရပါတယ်။
ဒီဇာတ်ကားထဲမှာတော့Laptop
ကိုအဖုံးမပိတ်ထားတဲ့အတွက်
အဲ့ဒီLaptopရှေ့မှာလှုပ်ရှားသွားလာ
မှုမှန်သမျှကိုLIVEကြည့်လို့ရပါတယ်။
ဖုန်းတွေလည်းကိုယ်ဖုန်းကြည့်နေ
တုန်းမှာကိုယ့်ရဲ့လှုပ်ရှားမှုတွေကို
ကြည့်လို့ရအောင်အသက်သွင်းလို့
ရပါတယ်။အဲ့မှာ ကိုယ်ကလိင်ပိုင်း
ဆိုင်ရာပြုမူလှုပ်ရှားမှုရှိရင်တော့
သွားပါပြီ။Hackerရဲ့အလိုချင်ဆုံး
သားကောင်ရဲ့အားနည်းချက်ကို
ရသွားမှာဖြစ်ပါတယ်။
tmp_26832-FB_IMG_1536385671441-1229857731.jpg
Programတွေကစစ်ထုတ်ထားခြင်း
မရှိပါဘူး။လူတစ်ယောက်ကိုခြေရာ
ခံချင်တာနဲ့တင် သူနဲ့ပတ်သတ်သမျှ
လူတွေကိုပါခြေရာခံပါတယ်။
အဲ့ဒီပတ်သတ်သမျှလူတွေရဲ့
နောက်ထပ်ပတ်သတ်တဲ့လူတွေကို
ပါထပ်ပြီးခြေရာခံပါတယ်။
အဲ့လိုဆင့်ပွားရင်းနဲ့များလာလိုက်
တာ လူပေါင်း 2.5သန်း အထိလောက်
စောင့်ကြည့်တာခံရသွားပါတယ်။
သင်ဟာဘာအပြစ်မှလုပ်မထားလဲ
စောင့်ကြည့်ခြင်းခံနေရမယ့်သဘော
ပါ။ဒီတော့အခြေခံလူ့အခွင့်အရေး
ကိုချိုးဖောက်ပါတာသိသာထင်ရှားစေပါတယ်။

ဇာတ်ကားရဲ့နောက်ပိုင်းမှာ
SnowdenဟာNSAကိုရောက်သွား
တော့Epic Shelter ဆိုတဲ့
Backup programကိုသွားတွေ့
ပါတယ်။အဲ့ဒါကတော့ သူတီထွင်
ထားတာပါ။သူ့ရည်ရွယ်ချက်က
ဥပမာ-အကြမ်းဖက်သမားတွေက
သံရုံးတွေကိုမီးရှို့ဖို့သတင်းထုတ်ရင်
အရှေ့အလယ်ပိုင်းမှာရှိတဲ့NSAဌာန
တွေကတန်းသိမယ်။ဘယ်လိုအချက်
အလက်မှလွတ်ထွက်မသွားအောင်ပါ။
ဒါပေမဲ့နည်းလမ်းမကျ
ဘဲနဲ့သုံးနေတာကိုတွေ့ရပါတယ်။
စစ်ပွဲထဲမှာပစ်မှတ်ရဲ့နေရာအတိ
အကျကိုသိပြီး အဝေးကလှမ်းပစ်
နေတာမျိုးကိုတွေ့လိုက်ရပါတယ်။
နောက်ပြီးတော့လည်း
ဖုန်းခေါ်ဆိုမှု(ဥပမာ-Skype)
တွေကိုတစ်ကမ္ဘာလုံးကနေ
စောင့်ကြည့်နေတာပါ။
ဒါကြောင့်လည်းSnowdenဟာ
NSAကFileတွေကိုCopyကူးပြီး
ဟောင်ကောင်မှာအင်္ဂလန်သတင်း
ထောက်တွေနဲ့တွေ့ဆုံကာ
ကမ္ဘာကသိအောင်ဖွင့်ချလိုက်ပါ
တယ်။အမေရိကန်အစိုးရကတော့
Snowdenကို နိုင်ငံတော်လျို့ဝှက်ချက်
ပေါက်ကြားမှုအက်ဥပဒေနဲ့တရားစွဲ
ဆိုပြီးတရုတ်နိုင်ငံကခွင့်ပြုတာနဲ့
CIAကဖမ်းမှာပါ။တရုတ်နိုင်ငံဘက်က
လည်းအကြောင်းမပြန်ခဲ့ပါဘူး။
အဲ့ဒီမှာအမေရိကန်ကဟောင်ကောင်
အစိုးရအပေါ်တော်တော်လေးစိတ်
ပျက်ခဲ့ရပါတယ်။
အဲ့ဒီနောက်တရုတ်ကနေရုရှားကို
သွားခဲ့ပါတယ်။ရုရှားလေဆိပ်မှာ
ရောက်တော့Snowdenရဲ့Passport
ကိုအမေရိကန်အစိုးရကဖျက်သိမ်း
လိုက်ပါပြီ။ရုရှားအစိုးရကUSဝရန်း
ပြေးတစ်ယောက်ကိုဖမ်းဆီးဖို့
ငြင်းဆန်ခဲ့ပါတယ်။
အဲ့ဒီအပေါ်မှာလည်းအမေရိကန်
နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီ
ဒေါသထွက်ခဲ့ရသေးပါတယ်။
သမ္မတအိုဘားမားပြောတာကတော့ရှင်းပါတယ်။
"ကျွန်တော်(၂၉)နှစ်အရွယ်Hacker
တစ်ယောက်အတွက်တော့
တိုက်လေယာဉ်တွေလွှတ်မှာမဟုတ်
ပါဘူး"လို့ပြောခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းSnowdenဟာ
လေဆိပ်မှာသောင်တင်နေပြီး
အခုတော့သမ္မတဗလာဒီမာပူတင်
ရဲ့ခွင့်ပြုမှုနဲ့ရုရှားမှာနေထိုင်ခွင့်ရသွားပါတော့တယ်။
အခုလက်ရှိလည်းရုရှားမှာနေလို့ပါ။
နောက်ပိုင်းမှာတော့လွှတ်တော်ရဲ့
ဆုံးဖြတ်ချက်အရNSAမှာရှိတဲ့
စောင့်ကြည့်မှုအစီအစဉ်တွေအားလုံး
ကိုရပ်ဆိုင်းလိုက်ပါတယ်။
NSAကိုလည်းအသစ်ပြန်လည်ဖွဲ့စည်း
ကာအချက်အလက်တွေကူးယူမှုကို
လည်းတရားမဝင်အဖြစ်သတ်မှတ်လိုက်ပါတယ်။
tmp_26832-FB_IMG_1536385674313471547097.jpg
ကျွန်တော်ပြောတာတွေထက်ပိုပြီး
ပြည့်ပြည့်စုံစုံသိချင်သေးရင်တော့
ဒီဇာတ်ကားလေးကိုကြည့်ပါ။
Social Media Monitoring Tools
အကြောင်းတွေသိချင်ရင်တော့
Youtube မှာကြည့်လို့ရပါတယ်။
တစ်ခုထည့်ပေးလိုက်ပါတယ်။
ကျန်တာတော့Related videos
ကြည့်လိုက်ပေါ့နော်။

နောက်ဆုံးအနေနဲ့ပြောချင်တာက
တော့ အစိုးရက SMMTဆိုတာ
ငွေဖြုန်းပစ်တာမဟုတ်ပါဘူး။
အမေရိကန်မှာတောင်သူတို့နိုင်ငံ
လုံခြုံရေးအတွက် အများကြီးလုပ်
နေတာပါပဲ။ဒါကိုဘယ်ပြည်သူမှ
သိခွင့်မရှိပါဘူး။ပွင့်လင်းမြင်သာ
တယ်ဆိုတာနေရာတိုင်းမကောင်းပါ
ဘူးဗျာ။ဒီSMMTကလည်း
တကယ်လိုအပ်လို့လုပ်တာပါ။
ဥပမာတစ်ခုအနေနဲ့ပြောရရင်
ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ရိုဟင်ဂျာ
ကိစ္စကြောင့်OICနိုင်ငံတွေကHackers
တွေကငွေပေါပေါနဲ့မြန်မာနိုင်ငံက
အစိုးရWebsiteတွေကိုတိုက်ခိုက်
ခဲ့ပါတယ်။Cyber Warအသွင်ဖန်တီး
ပြီးMediaအားနဲ့သွေးထိုးလှုံ့ဆော်
ဝါဒဖြန့်ချီတာမျိုးတွေရှိခဲ့ပါတယ်။
နောက်နောင်မှာ အလားတူဖြစ်ရပ်
တွေဖြစ်လာခဲ့ရင် ကာကွယ်နိုင်ရန်
ဖွဲ့စည်းထားခြင်းသာဖြစ်ပါတယ်။
ဒီPostလေးကိုဖတ်ပြီး စာဖတ်သူတို့
ရဲ့အသိပညာအစိတ်အပိုင်းတစ်ခု
ကိုဖြည့်ဆည်းပေးနိုင်တယ်ဆိုရင်
တောင်ကျွန်တော်ရေးရကျိုးနပ်ပါတယ်ခင်ဗျား။ ။
PicsArt_01-01-11.17.19.jpg
Credit Photos:Facebook
Written by:Aung Thar Kyaw
@aungtharkyaw
MSC-138

Sort:  

စာ​ရေးနိုင်​စွမ်းကို​တော့သ​ဘော ကျသွားပြီဗျာ
ဗဟုသုတ အများကြီးရသွားပါတယ်

ဟုတ် နောက်လည်းဒီထက်ကောင်းအောင်
ကြိုးစားရေးပါ့မယ်

‌ရေးသားချက်‌ကို ချီးကျူးပါတယ်‌ညီ။‌ခေတ်‌လူငယ်‌‌တွေ အားရစရာပါ။

ဟုတ် ကျေးဇူးပါဗျ နောက်လည်းဒီထက်ကောင်း
အောင်ကြိုးစားသွားပါဦးမယ်

အသိဗဟုသုတရပါတယ်​....ဇာတ်​ကားလည်းစိတ်​၀င်​စားလို့ကြည့်​ပါ့မယ်​...

ဟုတ် ဇာတ်ကားက တကယ်ကောင်းလို့ပါ

အို မိုက် ကြိုက် ခိုက်သဗျ

ကြိုက်ရင်ကြည့်ပါဗျ

ဇာတ်ကားလေး ကြည့်ဦးမယ် cyber war တို့  hacking တို့ ဆိုတာတော့ စိတ်ဝင်စားတယ် ဒါပေမဲ့ နားမလည်နိုင်သေးဘူး

ဟုတ် Hackingဆိုတာက နှစ်တော်တော်ကြာ
လေ့လာမှ သိလာတာပါ
ကျွန်တော်ဆို ၄ ၅နှစ်ရှိတာတောင်
အခြေခံသိရုံပဲရှိသေးတယ်

ဇာတ်ကားတွေတောင်ပြန်ကြည့်ချင်လာဘီ ☺☺

ကြည့်ချင်ရင်ကြည့်လိုက်ပါ ကိုစိုးရေ

Congratulations @aungtharkyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of posts published

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

SteemitBoard - Witness Update
SteemFest³ - SteemitBoard support the Travel Reimbursement Fund.

You can upvote this notification to help all Steemit users. Learn why here!

Thanks for supporting!

ဆရာကျလွန်းပါတယ်

လေ့လာသူအဆင့်ပဲရှိပါသေးတယ်ဗျာ

စုံလင်လှပါပေ့ဗျာ ချီးကျူးပါတယ်

ကျေးဇူးပါဗျ ဇာတ်ကားလေးလည်းမကြည့်ရသေးရင်
ကြည့်ပါနော်

စိတ်ဝင်စားစရာအပြည့်နဲ့ ရေးသားချက်တွေက ထိမိပါတယ် မောင်လေးရေ

ဟုတ်အစ်မ ဇာတ်ကားကိုလည်းကြည့်ပါနော်

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66137.63
ETH 3161.38
USDT 1.00
SBD 4.13