ကျောင်း​ပြေး (အပိုင်း၂)

in #myanmar6 years ago (edited)

အပိုင်း ၁ အားဤ​နေရာတွင်​ပြန်လည်​​​ဖတ်​ရှုနိုင်​ပါသည်​။https://steemit.com/myanmar/@aunggyi100/undefinedng-eyap-apong-1-f5711e2308dc3
ကျွန်တော်အနေနဲ့တွက်တတ်စရာ အကြောင်းကလည်း လုံးဝ မရှိပါ။ ဆရာမသင်ပြတုန်းကလည်း ကျွန်တော်ကကျောင်းပြေးနေသည်မဟုတ်လား။ပေတေလေလွင့် နေခြင်းများကြောင့် အဘယ်သို့ တွက်တတ်ပါမည်နည်း။ ကျွန်တော်၏ မိခင်၊ဖခင်တို့မှာလည်း မနက်ခင်း ဝေလီဝေလင်း မှာပင် လယ်ယာ လုပ်ငန်းသို့ သွားလာလုပ်ကိုင်နေသောကြောင့် ကျွန်တော်ကျောင်း သို့သာ သွားရောက်၍ ပညာဆည်းပူးလေ့လာ နေသည်ဟုပင်ထင်မှတ်နေရှာပါသည်။ အမကြီးမှာလည်း အိမ်မှုကိစ္စ များနှင့် မအားလပ်ရှာပါ။ ဤသို့သော ကျွန်တော်မိသားစုများသည် မိမိတို့အလုပ်ကိစ္စများကြောင့် ကျွန်တော်ကျောင်းပြေးခြင်းကို သတိမထားမိဖြစ်နေပါ၏။
အချို့ရက်များမှာကျောင်း လာချိန်နှင့်ကြုံကြိုက်၍ ဆရာမရှင်းပြသည်နှင့်ဆုံပါသည်။ သို့သော်လည်း ဆရာမရှင်းပြသင်ကြားပေးသည်များကို ကျွန်တော်ကနားမလည်၊ ရှုပ်ထွေး လှသဖြင့်ပို၍ပင်စိတ်ညစ်ရပါသည်။ သချာင်္ပုစ္ဆာ ကိုအသီးသီးတွက်ပြီး တခြားကျောင်းသူ၊ကျောင်းသားများ ဆရာမထံ စာပြကြသည့် အခါမျိုးတွင် ကျွန်တော်က သချာင်္ပုဒ်စာများ၏အစ၊အနပင်မတွေ့သေးပေ၊ခေါင်းကိုတဗျစ်ဗျစ်နေအောင် ကုတ်လျှက်အဖြေရှာနေဆဲဖြစ်သည်။ ထိုသို့ဖြစ်နေသော ကျွန်တော့်ကို ဆရာမက ကြာရှည်စွာကြည့်နေရင်းစိတ်မရှည်တော့ပေ။ ကျွန်တော်ကိုခေါ်ကာ စာအုပ်ပေါ်တွင် လက်ထပ်ရေးပြီး ရှင်းပြတော့သည်။ ထိုသို့သောအခါမျိုးမှာ ကျွန်တော်ဖြင့် မသက်သာတော့ပါ။
image
ဆရာမက သူမသင်ကြားပြပေးထားသော သချာင်္ပုစ္ဆာများကိုဖျက်လိုက်ပြီး ကျွန်တော်ကို ပြန်လည်တွက်ခိုင်းပါသည်။ ကြောက်စိတ်မွှန်နေသော ကျွန်တော်ကတွက်၍မရ။ ဒီတော့ဆရာမက ရိုက်ပါတော့သည်။ ကျွန်တော်တွင် ဆရာမရိုက်သောဒဏ်ကြောင့် ပူလောင်စပ်လှပါသည်။ ထိုစဉ်အချိန်ခါက ဆရာမ၏ စေတနာ၊မေတ္တာ များကိုအမှန်ပင် နားမလည်ခဲ့ပါ။ ဆရာမက ထပ်ခါထပ်ခါပြန်လည်တွက်ပြပါသည်။ ကျွန်တော်ကိုလည်းပြန်လည်တွက်ခိုင်းပါသည်။ မရပါ၊ ရနိုင်စရာ အကြောင်းလည်းမရှိပေ။ ကြောက်စိတ်လွန်ကဲမှုကြောင့် ဆရာမရှင်းပြ သည့်သချာင်္ပုစ္ဆာများကို ဘာမှနားမလည်လိုက်ပါ။ ဒီတော့ ဆရာမရိုက်သည်ကို ခံလိုက်ရပြန်ပါသည်။
ထိုကဲ့သို့သော အချိန်မျိုးတွင် ကျွန်တော့်ကိုကျနော် အားမနာတမ်း နှိုင်း ယှဉ်ရမည်ဆိုပါက လှည်းတပ်မောင်းရာတွင် မသွားဘဲ ပေကပ်နေသော နွားတစ်ကောင်နှင့်တူပါသည်။ သခင်ကရိုက်လည်း နွားကမသွားဘဲ ပေနေသည်။ သွားလည်းမသွားနိုင်၊ တစ်လှမ်း နှစ်လှမ်း သွားပြန်တော့လည်း ခြေတောက်တွေက ဆတ်တငန့်ငန့် ဖြစ်နေပါသည်။ ဤနွား၏ ခြေထောက်သည် တုတ်နာကျနေခြင်းကြောင့် ဖြစ်ပါသည်။ သူ့ခများလည်း သွားချင်ရှာပေလိမ့်မည်။ တုတ်နာကျခြင်းကြောင့်သာ မသွားနိုင်ခြင်းဖြစ်ပေမည်။ အဘယ်မှာပင် သူ့အသားကို အနာခံချင်ပါမည်နည်း။ ကျွန်တော်လည်း ထိုနည်းလည်းကောင်း ဖြစ်နေပါတော့သည်။ ကျွန်တော်ဆရာမ ရိုက်ခြင်း ကိုမခံလိုပါ။
ကျွန်တော်အသားကို အဘယ်မှာပင် အနာခံချင်ပါအံ့နည်း။ တတ်နိုင်ပါက သချာင်္ပုစ္ဆာ များကို ကျွမ်းကျင်စွာ ကျွန်တော်တွက်ပြလိုက်ချင်ပါသည်။ သို့သော်လည်း ကျွန်တော်မတွက်တတ်တော့မတွက်ပြနိုင်ပေ။ ကျွန်တော်တစ်ယောက် တုတ်ကျသည့်နွားငယ် ပမာ ဖြစ်ရပါလေသည်။ တုတ်ကျနေသော နွားသည် သွေးပူသွားသည့် အခါတွင်သာ အနာခေတ္တပျောက်၍ သွားနိုင်လာနိုင် ဖြစ်သွားတတ်ပါသည်။
ကျွန်တော်သည်ကား သွေးပူရုံမက ချွေးများပင် ဒီးဒီးကျ သော်လည်း နွားကဲ့သို့မသွားနိုင်၊ သချာင်္ပုစ္ဆာကို မတွက်နိုင်ပါ။ ဒီတော့လည်း ဆရာမ ရိုက်ခြင်းကိုသာ လိမ့်ခံနေရပါသည်။ လက်ရှိကျွန်တော်၏ အဖြစ်ကတုတ်ကျသည့် နွားငယ်ထက်ဆိုးလှပါသည်။ အဝီစိငရဲ တွင်ခံစားရသည်ကား ကျွန်တော်လောက်ဆိုးမှဆိုးပါလေမလားဟူ၍ပင် ကျွန်တော်စိတ်ထဲ ထင်ရောင်ထင်မှား ဖြစ်ခဲ့မိလေသည်။
တစ်ခါတလေများ ဆရာမသည် ကျွန်တော်အား ရှင်းလည်း မပြ၊ရိုက်လည်းမရိုက်ပါ။ ထိုသိုသော အချိန်မျိုးတွင် ကျွန်တော်အနာသက်သာပါသည်။သို့သော်လည်း အရှက်ရပါ၏။ အဘယ့်ကြောင့်ဆိုသော် ဆရာမသည် ကျွန်တော်နှင့် အတန်းတူ ပညာတော်သည့် ကျောင်း သားတစ်ယောက်ကို ကျွန်တော်ကျောပေါ် တက်စီးစေပြီးကျောင်းကို တစ်ပတ် ပတ်ပြေးခိုင်းသောကြောင့်ဖြစ်ပါသည်။ ထိုသို့ ပြေးရသည့်အချိန်မျိုးတွင် ကျောင်းသူ ကျောင်း သား များက ဂျော်ကီမြင်းပြေးသည့်အလား လက်ခုပ်လက်ဝါးတီးကာ လှောင်ပြောင်ကြပါတော့၏။
စာသင်ကျောင်းဆောင်ကို ပတ်၍ပြေးခိုင်းခြင်းမျိုးတွင်လည်း ကျွန်တော်ကိုဝိုင်းကြည့်နေကြသော အတန်းဖော်များ၏ မျက်ဝန်းများထဲတွင် သနားခြင်း ၊ လှောင်ပြောင်ခြင်း၊ အထင်းသေးခြင်း အမျိုးမျိုးသော မျက်လုံးများနှင့်လည်း ကြုံတွေ့ ခဲ့ရပါ၏။ ကျွန်တော်ရှက်မိပါတယ်၊ကျွန်တော် ငိုချင်မိလာသည်။ လူစင်စစ်က မြင်းဖြစ်ရသည့် အတွက်လည်းအလွန်ခံပြင်းမိပါသည်။ ထို့ကြောင့် ကျွန်တော်သည် ဤအဖြစ်မျိုးနှင့်ဝေးအောင် ကျောင်းကို လစ်နိုင်သမျှလစ်ခြင်း၊ပြေးနိုင်သမျှ ပြေးခြင်း ဖြစ်လေတော့သည်။ . . . . .
. image

.( အပိုင်း ၃ ဇာတ်သိမ်း မျှော်​)
photo credit;Google Image.
Msc no 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​စေ

Sort:  

အ​ရေးအသား​တွေ​ကောင်းတယ်​ bro

ကျေးဇူးပါပဲ အကို

ကျေးဇူးပါပဲ အကို

အရေးအသားကောင်းပါတယ်

ကျေးဇူးပါပဲ ဗျာ

အ​နော်​က​တော့ ​state ​ကျောင်းသားဘဝကို လွမ်း​နေဆဲပါ

ဟုတ်​အကို

ပုံ​လေး​တေမြင်​စာ​လေးကိုဖတ်​ရ​တော့​ကျောင်းသားဘဝကိုလွမ်းမိတယ်​ဗျာ😰😰

ဟုတ်​အကို

ကြိုက်တယ် bro

ကျေးဇူးပါပဲ အကို

good အပိုင်း ၃ ကိုမျော်နေမယ်

ဟုတ်​ အကို

အပိုင်း(3)စောင့်မျှော်နေပါမည်

ဟုတ်​bro

ကောင်းပါတယ်ဗျာ

ကျေးဇူးပါ အကို

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 63648.37
ETH 3125.02
USDT 1.00
SBD 3.87