Steemitmyanmarမှ​ကျေးဇူးတင်​ထိုက်​သူများsteemCreated with Sketch.

in #myanmar6 years ago (edited)

Steemit ကိုစတင်​ဝင်​​ရောက်​လာတုန်းအခါက စမ်းတဝါးဝါးနှင့်​ဖြစ်​ပါသည်​။ ဘယ်​က​နေဘယ်​လိုလုပ်​ရမလည်းမသိ အ​ကောင့်​​လေး​တောင်​ဘယ်​ကဖွင့်​ရမလည်းနားမလည်​၊ အကိုဆန်းမင်းထွန်း ရဲ့အဖွဲ့မှာအ​ကောင့်​ဖွင့်​နည်း​လေးစ​တွေခဲ့ရာက​​နေ steemit မှာစတင်​​လျှောက်​လျှမ်းဖို့အရာလမ်းစ ​တွေ့ရှိခဲ့ရပါတယ်။steemit ကိုစတင်ဖို့အတွက်​​လမ်းစပြေ​ပးခဲ့သည့်ေ​ဆရာဆန်းမင်းထွန်းကို ​ကျေးဇူးတင်​ပါတယ်​ လို့ ဒီ​နေရာက​နေ​ပြောကြားလိုပါတယ်​။
ဒုတိယ အ​နေနဲ့က​တော့ ဆရာချစ်​ချစ်​ပါ။
Steemit အ​ကောင့်​​လေးက​တော့ ရရှိသွား​တော့လည်း ဘယ်​​နေရာက ပို့တင်​ရမည်​၊ဘယ်​​နေရာက ကွန်​မန့်​​ရေးရမည်​ကို မသိ​သေး​လေ​တော့ ဆရာချစ်​ချစ်​ရဲ့ facebook
မတ်​​ဆေ့​ဘောက်​မှာ သွား​မေးမြန်းရ​တော့တာ​ပေါ့။
ဆရာချစ်​ချစ်​ကလည်း သ​ဘော​ကောင်းရှာပါတယ်​၊ သူ့​နေနှင့်​ရှင်းပြ​ပေးရန်​ အချိန်​မလုံ​လောက်​​ကြောင်း၊သင်​ကြား​ရေး အဖွဲ့တစ်​ခုထဲမှဆရာ တင်​လှိုင်​ဦးကို​ပြော​ပေးရှာပါသည်​။
ထို့​ကြောင့်​ ဆရာချစ်​ချစ်​ ကိုလည်းဒီ​နေရာက​နေ ​ကျေးဇူးတင်​ရှိပါ​ကြောင်း​ပြောကြားလိုက်​ရပါသည်​။
. . . ဆရာတင်​လိုင်​ဦး သင်​ကြား​ပေး​သောအဖွဲ့တွင်း​ရောက်​ရှိလာမှသာ steemit အ​ကြောင်းကို အ​တော်​အသင့်​နားလည်​လာ​တော့တယ်​။
ဆရာဟာဖြင့်​ steemit အ​ကြောင်းသာမက လူမှုဆက်​ဆံ​ရေး၊စိတ်​ဓာတ်​တက်​ကြွ​စေ​ရေး၊​ခေါင်း​ဆောင်​မှုစွမ်းရည်​များ ကျွန်​​တော်​လို တပည့်​သားသမီး အားလုံ​ပေါ် ​စေတနာ၊
မေတ္တာ ၊အနွံနာ ခံသင်​ကြား​ပေးသည်​ကိုလည်း ဆရာအဖွဲ့အတွင်းရှိကြသည့်​ တပည့်​သားသမီးများအားလုံးအသိ ဖြစ်​ပါတယ်​။
ဆရာ့ အဖွဲ့​လေးထဲမှာလည်း မိသားစုစိတ်​ဓာတ်​ပြည့်​ဝသူများ နှင့်​​တွေ့ရှိရသဖြင့်​ ​ကျေနပ်​အားရမိပါတယ်​။
ကျွန်​​တော်​အ​နေနဲ့ အင်္ဂလိပ်​စာ အားနည်းခြင်း​​ကြောင့်​ အကို ​အေးချမ်း၊အမ စ​နေ စသည့်​ကအကိုအမများထံသို steemit tag တွဲနည်းများကို​မေးမြန်းသင်​ကြား​နေရဆဲပြစ်​ပါသည်​။ထို့​ကြောင့်​လည်း ဆရာတင်​လှိုင်​ဦးအပါဝင်​ သင်​ကြား​ရေးအဖွဲ့​​လေးအတွင်းမှ အကို၊အမ များကိုလည်း​ကျေးဇူးတင်​ရှိပါသည်​။ကျွန်​​တော်​တို့ အဖွဲ့​လေးတွင်းမှ အကို၊အမများနှင့်​လည်း တစ်​ဦးကမှား​နေလျှင်​၊တစ်​ဦးက ရှင်းပြနှစ်​သိမ့်​​ပေးခြင်းမျိုး ညီအကို၊​မောင်​နှင့်​နှမ စိတ်​ဓာတ်​မျိုးဖြင့်​ ​ရေရှည်​လက်​တွဲသွားလိုပါသည်​။
ကျွန်​​တော်​ ပထမဆုံးအ​ကောင့်​​လေး မှာနိုင်​ငံခြားသားများတင်​သည့်​ပို့​အောက်​တွင်​ သူတို့မကြိုက်​တာမန့်​မိသည့်​အတွက်​ flag အလုပ်​ခံရသည်​ ဖြစ်​​ကြောင်း facebook လိုဆိုလျှင်​ မိမိအ​ကောင့်​​လေးအား repoprt အထုခံရခြင်းမျိုးဖြစ်​​ကြောင်း ကိုလည်း အကို Waz Ok Taht မှရှင်းပြ​ပေးလို့သိရှိခဲ့ရပါသည်​။
ဆရာ A Tar Oo မှလည်း ကျွန်​​တော်​အ​ကောင့်​​လေးအ​နေဖြင့်​ pro စရင်းထဲထည့်​​ပေးလို့မရရှိ​ကြောင်း၊အ​ကောင့်​သစ်​နဲ့ပြန်​စတင်​သင့်​​ကြောင်း ရှင်းပြအကြံ​ပေးခဲ့ပါသည်​။
ထို့အတွက်​လည်း ဆရာ A Tar Ooအား​ကျေးဇူးတင်​ရှိပါသည်​။
steemit myanmar မိသားစုဝင်​အားလုံး၊​ကျေးဇူးတင်​ထိုက်​သူအားလုံးကို ဒီ​နေရာက​နေ ​ကျေးဇူးအထူးတင်​ရှိပါ​ကြောင်း ​ရေးသားလိုက်​ရပါသည်​။

Streemit မိသားစုဝင်​အားလုံး စိတ်​ချမ်းသာ ကိုယ်​ချမ်းသာစွာဖြင့်​ ​နေ့သစ်​တိုင်းကို ဖြတ်​​ကျော်​နိုင်​ကြပါ​စေဗျာ
@aunggyi100
Msc no 179 image
image

Sort:  

Up Vote ပါ။

ဆရာ ဂရုစိုက်​​ပေတာကို ​ကျေးဇူးအထူးတင်​ပါတယ်

အားပေးနေတယ် အစ်ကို

ကျေးဇူးပါပဲ အကို

အားပေးလျှက်ပါ bro

ကျေးဇူးတင်​ပါတယ်​ အကို​ရေ

ဆက်၍ ဆက်၍ လျောက်လှမ်းနိုင်ပါစေ

ကျေးဇူးပါပဲ bro

Thank you bro

ကျေးဇူးသိတာ မင်္ဂလာတစ်ပါးပါပဲ

ကျေးဇူးပါပဲ အကို

ရောက်တာနောက်ကျပေမဲ့ခေတ်ကောင်းချိန်နဲ့ကွက်တိပါပဲ Fighting

ကျေးဇူးပါ အကို

အ​ရေးအသား​ကောင်းတယ်​​​မောင်​​လေး။

ကျေးဇူးပါ အမ

အတူကြိုးစားကြတာပေါ့..bro..
အားပေးနေပါတယ်...

ကျေးဇူးတင်​ပါတယ်​ အကို

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 62432.37
ETH 3003.22
USDT 1.00
SBD 3.78