...>အညာဘုရားပွဲ<...

in #myanmar6 years ago (edited)

အဖြူ နီ ပြာ ဝါ အ​ရောင်​စုံ ကာလာစုံ ဝတ်​ဆင်​သွားလာ​နေကြတဲ့ ဘုရားပွဲ​တော်​တခုမှာ ကျွန်​​တော်​တို့သူငယ်​ချင်းတစ်​စုလည်း
ပွဲ​ဈေးလမ်း​လျှောက်​ ​ရင်း ကာလာစုံ အ​ရောင်​စုံ လူစုံကြားမှာ ​ရောက်​ရှိ​နေပါ​တော့တယ်
§ § §
ဘုရားပွဲ​ဈေးတ​လျှောက်​ ကျွန်​​တော်​က​တော့ ဟို​ငေးဒီ​ငေး​ပေါ့
ဆိုင်​ခန်းတခု​ရှေ့​ရောက်​​တော့ သူငယ်​ချင်း​တွေက သ​ရေကွင်းပစ်​ရ​အောင်​ တိုက်​တွန်းတာနဲ့ ပစ်​ခဲ့ကြ​သေးတယ်​ဗျ
အသိ​တွေအိမ်​မုန့်​လိုက်​စားကြ ​ပျော်​စရာကြီး​ပေါ့ တစ်​အိမ်​ဝင်​တစ်​အိမ်​ထွက်​စားလာလိုက်​ကြတာ သူငယ်​ချင်းတစ်​စု ဗိုက်​ကိုတင်း​နေ​ရော § §
ရွာသူ
ွလှပျိုဖြူ ​လေး​တွေကလည်း အစွမ်းကုန်​ ချယ်​သ ပြင်​ဆင်​ထား​တော့ ကြည့်​ရတာ ရှုလို့မဝ ​ငေးလို့မဆုံးပါဘဲ
တချို့က နွားညီ​နောင်​ ရုန်းတဲ့ လှည်းယဉ်​က​လေး​တွေနဲ့ လာကြသဗျ
§ § §
တချို့ကြ သူ့အဖွဲ့ ကို့အဖွဲ့​လေး​တွေနဲ့ လမ်း​လျှောက်​လို့ လာကြပါတယ်
မုန့်​​လေ​ပွေ မုန့်​ကျွဲသဲ က​ရေကရာ ထိုးမုန့်​ လမုန့်​ စသည့်​စသည့်​ သ​ရေစာမုန့်​ဆိုင်​တန်း
လေးများကလည်း သူ့​နေရာနဲ့သူ စီစီရီရီ ​လေး​ပေါ့
ကျွန်​​တော်​တို့ရွာရဲ့ ​ဘောလုံးကွင်းအလည်​တည့်​တည့်​မှာ​တော့ ဇာတ်​ပွဲရုံကြီး တည်​​ဆောက်​ထား​လေရဲ့
မြို့ပြရပ်​ကွက်​​တွေလို ပွဲကြည့်​စင်​များဝယ်​ကြည့်​စရာကိုမလိုဘူး ကို့အိမ်​က သင်​ဖြူးဖျာ​လေးယူ
ကိုယ်​လိုချင်​တဲ့​နေရာခင်း အရင်​ဦးရတဲ့ စနစ်​​ပေါ့
တချို့တချို့ ကာလသား​တွေကလည်း
သူတို့ပိုးပန်း​နေတဲ့ ရွာသူလှပျိုဖြူ​လေး​တွေနား ကပ်​ကြည့်​ခွင့်​ရ​အောင်​ ကြိုးစားပြီး ​နေရာဦး​နေပုံ​တွေ

ဇာတ်​စင်​​ရှေ့မလှမ်းမကမ်း မှာ​တော့ မြန်​မာရိုးရာ ခြင်းဝိုင်းတစ်​ခု ​ဘေးကေ​န​လေး​ယောက်​​​ရံပြီး အလယ်​က တစ်​​ယောက်​ခပ်​နေတာ
စက်​ဝိုင်းပုံ လည်​ပတ်​ပြီး ခပ်​​နေတာများ
ကြည့်​ရှုသူ​တွေ ပါးစပ်​ဖျားမှာ ဟာခနဲ ဟင်​ခနဲ အာ​​မေဒိတ်​ အသံများနဲ့ သူ့​နေရာ​လေးမှာ စည်​ကား​နေပြန်​​ရော​လေ 
ရောက်​လက်​စနဲ့​ရှေ့ဆက်​​ရှောက်​ကြည့်​လိုက်​​တော့ ​ရောင်​စုံမီး​တွေနဲ့ ရဟတ်​ကြီးတစ်​စင်း ရဟတ်​လှည့်​တဲ့လူကိုကြည့်​ရင်း ကျွန်​​တော်​ အံ့အားသင့်​ မိတယ်​ အရှိန်​ရ​အောင်​ အမြင့်​ပိုင်းမှာရှိတဲ့ ရဟတ်​နဲ့ချိတ်​ဆက်​ထား​သော ခုံ​အောက်​​ခြေများကိုဆွဲ လူပါတွဲလိုက်​ရတာ ​မြေပြင်​နား​ရောက်​​တော့ ​နောက်​မှ ခုံမထိ​အောင်​​ရှောင်​တိမ်း သွားတာများ အချိန်​နဲ့ အရှိန်​ကိုတိတိကျကျ လုပ်​သွားတာ ကျွမ်းကျင်​ရာလိမ္မာဆိုတဲ့ စကားပုံ ​တောင်​သတိရမိ​သေး
အညာ​ဒေသ ရဲ့ဘုရားပွဲ​လေး
မ​ရောက်​ဖြစ်​တာ​တောင်​အ​တော်​ကြာပါ​ပေါ့လား

Msc no179
@aunggyi100
Steemitmyanmar မိသားစုဝင်​အားလုံး​ပေ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​စေ image

Sort:  

အဓိက ပုဒ်ထီး၊ ပုဒ်မ။ မချတာပဲ၊ Tag မှာ Culture, photograph, write ကိုပဲသုံးသင့်ပါတယ်
letter မရှိပါ။

ဟုတ်​ ဆရာ ပြင်ုက်​ပါ့မယ်

ဆရာ ကျွန်တော့ ဖုန်းကတော့ ပုဒ်မ ပါတယ် ပုဒ်ထီးမပါဘူးဗျာ ကိုယ်က ထည့်ချင်ပေမဲ့ တစ်ခါတစ်လေ အခြေအနေကြောင့် ထည့်မရတဲ့အခါ ဘယ်လိုမှ မတတ်နိုင်တာတွေ ရှိပါတယ် ဆရာ သူ့ ဖုန်းကတော့ ကျွန်တော်လည်း မသိပါဘူး လေးစားလျက်ပါ ဆရာ

ရွာကို သတိရသွားပြီ

ကျွန်​​တော်​လည်း ရွာကိုသတိရ​နေတာပါ

သွားချင်လိုက်တာ

လာလည်​ပါ

လာလယ်​မယ်​ bro

လာပါဗျ

အညာဘုရားပွဲတွေက ပျော်စရာကောင်းပါတယ်

ငယ်တုန်းကတော့ ဘုရားပွဲလည်ရတာ ပျော်စရာ ပါ

အခုလည်း​ပျော်​စရာ​ကောင်းပါတယ်​sis

ဘယ်ရွာကလဲ ညီရေ လမ်းသင့်ရင် ဘုရားလေးလေး ဖူးချင်လို့ ပါ။

မုံရွာကပါအကို

အားပေးလျက်ပါ fri

Thnak bro

အ​ရေးအသား​ကောင်းတယ်​​မောင်​​လေး။

Thank you အမ

I liked it 👍

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70638.80
ETH 3565.34
USDT 1.00
SBD 4.73