How to Make Paper Pop-up Card

in myanmar •  19 days ago 

ဒီတစ်​ခါမှာ​တော့paper pop-up cardတစ်​ခုပြုလုပ်​ထားပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူ၊​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံစသဖြင့်​လိုအပ်​ပါတယ်​။ပြုလုပ်​ရမည့်​အဆင့်​​တွေကကတ်​ထူတစ်​ခုအလယ်​မှ​ခေါက်​ချိုးပြီး၊​ရောင်​စုံစာရွက်​​ကော်​ကပ်​ရမယ်​။ပန်းပွင့်​များပြုလုပ်​ရမယ်​။နေလုံးပုံစံနှင့်​တိမ်​ပုံစံများဖြတ်​ရမှာပါ။

ပထမအဆင့်​မှာကတ်​ထူတစ်​ရွက်​ကိုယူပြီး၊အတွင်းဘက်​မျက်​နာမှာခရမ်းနှင့်​အ၀ါ​ရောင်​စာရွက်​များဖြင့်​ပုံပါအတိုင်းပုံ​ဖော်​ရမယ်​။ပြီး​နောက်​ကတ်​ထူကိုအလယ်​မှ​ခေါက်​ချိုးပြီး၊မျဉ်းများဆွဲ၍ဖြတ်​လိုက်​မယ်​။ထိုဖြတ်​ထားတဲ့အတိုင်းအတွင်းသို့​ခေါက်​ချိုးပြီး၊ကဒ်​ရဲ့အပြင်​မှအ၀ါ​ရောင်​စာရွက်​ဖြင့်​ထပ်​မံ​ကော်​ကပ်​ရမယ်​။ဆက်​လက်​ပြီးပန်းပွင့်​များပြုလုပ်​ရန်​စာရွက်​ကိုအလျား၊အနံတူညီစွာဖြတ်​မယ်​။ပြီး​နောက်​ပုံပြထားတဲ့အတိုင်းအဆင့်​ဆင့်​​ခေါက်​ပြီး၊ပုံဆွဲ၍ဖြတ်​ကာ၊ပန်းပွင့်​များပြုလုပ်​လိုက်​ပါတယ်​။

ပြီး​နောက်​​နေလုံးပုံစံနှင့်​တိမ်​ပုံစံများဆွဲ၍ပြုလုပ်​မှာပါ။နေအတွက်​လိ​မ္မော်​​ရောင်​စာရွက်​ကိုအပိုင်းငယ်​များဖြတ်​ပြီး၊စက်​၀ိုင်းပုံစာရွက်​ထပ်​မံဖြတ်​၍​ကော်​ကပ်​ကာပုံ​ဖော်​လိုက်​ပါတယ်​။တိမ်​အတွက်​အဖြူ​ရောင်​စာရွက်​​ပေါ်ပုံဆွဲ၍ဖြတ်​ပြီး၊အနားတစ်​​လျောက်​အပြာ​ရောင်​​ဆေးခြယ်​လိုက်​ပါတယ်​။ကဒ်​ရဲ့အတွင်းဘက်​မှာပန်းပွင့်​များ​ကော်​ကပ်​ပါတယ်​။ကဒ်​ရဲ့အပြင်​ဘက်​မှာ​တော့အရွယ်​မတူတဲ့အသည်းပုံ​လေးခုဆွဲ၍​ကော်​ကပ်​ကာ၊အနားမှာလည်းအနီ​ရောင်​ပန်းပွင့်​​လေး​တွေ​ကော်​ကပ်​အလှဆင်​ပါတယ်​။


Written by @asterkame
MSC-008
By my photos & made by me

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you

Posted using Partiko Android

creativecoin tag တွဲပါ

Posted using Partiko Android

ဟုတ်​ကဲ့...တွဲလိုက်​မယ်​...​ကျေးဇူးပါ...

Posted using Partiko Android