How to Make Paper Photo Frame

in #myanmar5 years ago

ဒီတစ်​ခါမှာလည်းပုံ​လေး​တွေထည့်​လို့ရတဲ့ဓာတ်​ပုံ​ဘောင်​တစ်​ခုပဲပြုလုပ်​ထားပါတယ်​။အဖြူ​ရောင်​စက္ကူအလိပ်​များ၊ပန်းပွင့်​များနှင့်​လိပ်​ပြာ​လေး​တွေဖြင့်​ပုံ​ဖော်​ထားပါတယ်​။

ပထမအဆင့်​မှာ​တော့အဖြူ​ရောင်​စက္ကူအလိပ်​များပြုလုပ်​လိုက်​ပါတယ်​။အရွယ်​တူစက္ကူအလိပ်​များပါ။ပြီး​နောက်​ကတ်​ထူကိုစက်​၀ိုင်းပုံဖြတ်​ပြီး၊အဖြူ​ရောင်​စာရွက်​​ကော်​ကပ်​ကာ၊ထိုကတ်​ထူ​ပေါ်အဖြူ​ရောင်​စက္ကူအလိပ်​​တွေကိုညီညာစွာစီ၍​ကော်​ကပ်​ထားပါတယ်​။ပြီး​နောက်​ထိုစက်​၀ိုင်းပုံကတ်​ထူနှင့်​အရွယ်​တူအခြားကတ်​ထူတစ်​ရွက်​ကိုဖြတ်​၍ခရမ်း​ရောင်​စာရွက်​​ကော်​ကပ်​ပြီး၊ကတ်​ထူနှစ်​ခုကိုဆက်​၍​ကော်​ကပ်​လိုက်​ပါတယ်​။ဆက်​လက်​ပြီးအနီ​ရောင်​ပန်းပွင့်​များပြုလုပ်​ပါတယ်​။ပထမဆုံးပန်းပွင့်​ပုံတစ်​ခုဆွဲ​၍ဖြတ်​ပြီး၊ထိုပန်းပွင့်​အတိုင်းအခြားအနီ​ရောင်​ပန်းပွင့်​များပြုလုပ်​လိုက်​ပါတယ်​။ပန်းပွင့်​​တွေကို​တော့စက္ကူ​ဘောင်​​ပေါ်ပုံပါအတိုင်း​ကော်​ကပ်​လိုက်​ပါတယ်​။

ဒီအဆင့်​မှာ​တော့လိပ်​ပြာ​လေး​တွေ​ခေါက်​မှာပါ။ခေါက်​နည်းကစာရွက်​ကိုအလျားအနံတူ​အောင်​ဖြတ်​မယ်​။ပြီး​နောက်​​ထောင့်​ဖြတ်​မှ​တစ်​ဘက်​စီ​ခေါက်​မယ်​။အလယ်​တစ်​၀က်​မျဉ်းနှစ်​​ကြောင်း​ခေါက်​မယ်​။အတွင်းသို့ထပ်​မံ၍ပုံပါအတိုင်း​ခေါက်​လိုက်​တယ်​။နောက်​တစ်​ဆင့်​မှာ​ဘေးဘက်​​တွေကိုကတ်​​ကြေးဖြင့်​ဝိုက်​၍ဖြတ်​လိုက်​တယ်​။အလယ်​မျဉ်းအထိတစ်​ဘက်​စီမှ​ခေါက်​မယ်​။ပြီး​နောက်​လိပ်​ပြာပုံရ​အောင်​ပုံပါအတိုင်းဆက်​လက်​​ခေါက်​လိုက်​ပါတယ်​။လိပ်​ပြာ​ကောင်​​လေး​တွေ​ခေါက်​ပြီး​တော့အလှဆင်​​ကော်​ကပ်​လိုက်​ပါတယ်​။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

လူရိုင်းခေါင်းဆောင်းနဲ့ တူသလို

ဟုတ်​တယ်​​နော့ 😁😁

Posted using Partiko Android

လုပ်တတ်ပါပေ့နော်

Posted using Partiko Android

ဟုတ်​ကဲ့...​ကျေးဇူးပါ...

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64223.84
ETH 3158.34
USDT 1.00
SBD 4.29