How to Make Paper Pencil Holder

in #myanmar5 years ago

ဒီတစ်​ခါမှာလည်းစက္ကူ​ခေါက်​ပြီး၊စက္ကူ​ခေါက်​တစ်​ခုနှင့်​တစ်​ခုဆက်​ကာ၊ပန်းနှစ်​ပွင့်​အလှဆင်​ထားတဲ့paper pencil holderတစ်​ခုပြုလုပ်​ထားပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေက​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံ၊စသဖြင့်​လိုအပ်​ပါတယ်​။

ပထမအဆင့်​မှာ​တော့အလျား၊အနံတူညီတဲ့စာရွက်​​လေးရွက်​လိုအပ်​ပါတယ်​။စာရွက်​ကိုအလယ်​မှတစ်​၀က်​​ခေါက်​ပြီး၊ထပ်​မံ၍တစ်​၀က်​ဆက်​​ခေါက်​မယ်​။ရလာတဲ့အလယ်​မျဉ်းအထိတစ်​ဘက်​စီမှစာရွက်​ကိုပုံပါအတိုင်း​ခေါက်​ရမယ်​။ပြီး​နောက်​​ဘေးဘက်​နှစ်​ဘက်​ကို​​ခေါက်​ချိုးလိုက်​ပါတယ်​။ဘေးဘက်​​ခေါက်​ထားတဲ့​နေရာချန်​ပြီး၊ကျန်​​နေရာကို​ကော်​ကပ်​လိုက်​ပါတယ်​။ထိုနည်းအတိုင်းစက္ကူ​ခေါက်​သုံးခုပြုလုပ်​ရမယ်​။စက္ကူ​ခေါက်​​တွေကိုတစ်​ခုနှင့်​တစ်​ခုပုံပါအတိုင်းဆက်​၍​ကော်​ကပ်​လိုက်​ပါတယ်​။စက္ကူ​ခေါက်​သုံးခုကိုဆက်​ပြီးရင်​၊​နောက်​စက္ကူ​ခေါက်​တစ်​ခုပြုလုပ်​ရမယ်​။ပြုလုပ်​နည်းကစာရွက်​ကို​ခေါက်​ပြီးအလယ်​မှတ်​ယူလိုက်​တယ်​။ထိုအလယ်​မှတ်​အထိ​ထောင့်​စွန်း​လေးခုကို​ခေါက်​ချိုးမယ်​။နောက်​တစ်​ဆင့်​မှာလည်းအလယ်​မှတ်​အထိ​ထောင့်​စွန်း​လေးခုထပ်​မံ​ခေါက်​ကာ၊လိုအပ်​တဲ့​နေရာ​ကော်​ကပ်​ပြီး၊ခုနကပြုလုပ်​ပြီးတဲ့စက္ကူ​ခေါက်​နှင့်​ပုံပါအတိုင်းဆက်​ကာ၊​ဘေးဘက်​အစွန်း​လေးခုကို​ကော်​ကပ်​လိုက်​ပါတယ်​။

ဒီအဆင့်​မှာ​တော့ပန်းပွင့်​နှစ်​ပွင့်​ပြုလုပ်​ပါတယ်​။ပန်းပွင့်​ပြုလုပ်​နည်းကစက္ကူ​ခေါက်​​တွေပြုလုပ်​ရမယ်​။ပန်းတစ်​ပွင့်​မှာစက္ကူ​ခေါက်​ငါးခုပါဝင်​ပါတယ်​။စက္ကူ​ခေါက်​နည်းကစာရွက်​ကိုအလျားအနံတူညီစွာဖြတ်​ပြီး၊ပုံပါအတိုင်းအဆင့်​ဆင့်​​ခေါက်​လိုက်​တယ်​။ပြီး​တော့အ၀ါ​ရောင်​စာရွက်​များဖြတ်​ကာ၊​ကော်​ကပ်​ပြီး၊အ​ရောင်​နှစ်​​ရောင်​စပ်​စက္ကူ​ခေါက်​​လေး​တွေပြုလုပ်​မယ်​။စက္ကူ​ခေါက်​ငါးခုကိုတစ်​ခုနှင့်​တစ်​ခု​ကော်​ကပ်​ဆက်​ပြီးပန်းပွင့်​နှစ်​ပွင့်​ပြုလုပ်​ထားပါတယ်​။ပြီး​နောက်​ပန်းပွင့်​ဖြင့်​အလှဆင်​ပါတယ်​။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

အနီရောင်ပန်းသီးလေးတစ်လုံး အဲ
ဘောက်စ်လေးဖြစ်ချင်တယ် 😁

ပန်းသီးပုံ​ဘောက်​စ်​လား....​နောက်​တစ်​ခါကြိုးစားကြည့်​ပါ့မယ်​...​ကျေးဇူးပါ

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64106.00
ETH 3129.71
USDT 1.00
SBD 4.16