How to Make Paper Pencil Holder

in myanmar •  2 months ago 

ဒီတစ်​ခါမှာလည်းစက္ကူ​ခေါက်​ပြီး၊စက္ကူ​ခေါက်​တစ်​ခုနှင့်​တစ်​ခုဆက်​ကာ၊ပန်းနှစ်​ပွင့်​အလှဆင်​ထားတဲ့paper pencil holderတစ်​ခုပြုလုပ်​ထားပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေက​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံ၊စသဖြင့်​လိုအပ်​ပါတယ်​။

ပထမအဆင့်​မှာ​တော့အလျား၊အနံတူညီတဲ့စာရွက်​​လေးရွက်​လိုအပ်​ပါတယ်​။စာရွက်​ကိုအလယ်​မှတစ်​၀က်​​ခေါက်​ပြီး၊ထပ်​မံ၍တစ်​၀က်​ဆက်​​ခေါက်​မယ်​။ရလာတဲ့အလယ်​မျဉ်းအထိတစ်​ဘက်​စီမှစာရွက်​ကိုပုံပါအတိုင်း​ခေါက်​ရမယ်​။ပြီး​နောက်​​ဘေးဘက်​နှစ်​ဘက်​ကို​​ခေါက်​ချိုးလိုက်​ပါတယ်​။ဘေးဘက်​​ခေါက်​ထားတဲ့​နေရာချန်​ပြီး၊ကျန်​​နေရာကို​ကော်​ကပ်​လိုက်​ပါတယ်​။ထိုနည်းအတိုင်းစက္ကူ​ခေါက်​သုံးခုပြုလုပ်​ရမယ်​။စက္ကူ​ခေါက်​​တွေကိုတစ်​ခုနှင့်​တစ်​ခုပုံပါအတိုင်းဆက်​၍​ကော်​ကပ်​လိုက်​ပါတယ်​။စက္ကူ​ခေါက်​သုံးခုကိုဆက်​ပြီးရင်​၊​နောက်​စက္ကူ​ခေါက်​တစ်​ခုပြုလုပ်​ရမယ်​။ပြုလုပ်​နည်းကစာရွက်​ကို​ခေါက်​ပြီးအလယ်​မှတ်​ယူလိုက်​တယ်​။ထိုအလယ်​မှတ်​အထိ​ထောင့်​စွန်း​လေးခုကို​ခေါက်​ချိုးမယ်​။နောက်​တစ်​ဆင့်​မှာလည်းအလယ်​မှတ်​အထိ​ထောင့်​စွန်း​လေးခုထပ်​မံ​ခေါက်​ကာ၊လိုအပ်​တဲ့​နေရာ​ကော်​ကပ်​ပြီး၊ခုနကပြုလုပ်​ပြီးတဲ့စက္ကူ​ခေါက်​နှင့်​ပုံပါအတိုင်းဆက်​ကာ၊​ဘေးဘက်​အစွန်း​လေးခုကို​ကော်​ကပ်​လိုက်​ပါတယ်​။

ဒီအဆင့်​မှာ​တော့ပန်းပွင့်​နှစ်​ပွင့်​ပြုလုပ်​ပါတယ်​။ပန်းပွင့်​ပြုလုပ်​နည်းကစက္ကူ​ခေါက်​​တွေပြုလုပ်​ရမယ်​။ပန်းတစ်​ပွင့်​မှာစက္ကူ​ခေါက်​ငါးခုပါဝင်​ပါတယ်​။စက္ကူ​ခေါက်​နည်းကစာရွက်​ကိုအလျားအနံတူညီစွာဖြတ်​ပြီး၊ပုံပါအတိုင်းအဆင့်​ဆင့်​​ခေါက်​လိုက်​တယ်​။ပြီး​တော့အ၀ါ​ရောင်​စာရွက်​များဖြတ်​ကာ၊​ကော်​ကပ်​ပြီး၊အ​ရောင်​နှစ်​​ရောင်​စပ်​စက္ကူ​ခေါက်​​လေး​တွေပြုလုပ်​မယ်​။စက္ကူ​ခေါက်​ငါးခုကိုတစ်​ခုနှင့်​တစ်​ခု​ကော်​ကပ်​ဆက်​ပြီးပန်းပွင့်​နှစ်​ပွင့်​ပြုလုပ်​ထားပါတယ်​။ပြီး​နောက်​ပန်းပွင့်​ဖြင့်​အလှဆင်​ပါတယ်​။

Written by @asterkame
MSC-008
By my photos & made by me

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အနီရောင်ပန်းသီးလေးတစ်လုံး အဲ
ဘောက်စ်လေးဖြစ်ချင်တယ် 😁

ပန်းသီးပုံ​ဘောက်​စ်​လား....​နောက်​တစ်​ခါကြိုးစားကြည့်​ပါ့မယ်​...​ကျေးဇူးပါ

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks

Posted using Partiko Android