How to Make Paper Flower Vase

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့ပန်းအိုးတစ်​လုံးပြုလုပ်​ထားပါတယ်​။ပန်းပွင့်​များပြုလုပ်​ပြီး၊ပန်းခက်​ပုံစံစက္ကူ​ခေါက်​​ပေါ်​ကော်​ကပ်​ပြီး၊ပန်းအိုးကိုလည်းစက္ကူအလိပ်​များပြုလုပ်​ပြီး၊စက်​၀ိုင်းပုံ​ခေါက်​ကာ၊ပန်းအိုးပုံစံ​ဖော်​ထားလိုက်​ပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေက​ရောင်​စုံစာရွက်​၊​ကော်​ဘူး၊ကတ်​​ကြေး၊tape၊ခဲတံ၊​ပေတံစသဖြင့်​လိုအပ်​ပါတယ်​။

img1542192424565.jpg

img1542192818603.jpg

ပထမဆုံးပန်းပွင့်​များပြုလုပ်​ချင်​ပါတယ်​။အ၀ါ​ရောင်​စာရွက်​ကိုတူညီတဲ့အပိုင်းများဖြတ်​ပြီး၊​ခေါက်​လိုက်​ပါတယ်​။ထိုစက္ကူ​ခေါက်​​ပေါ်ကတ်​​ကြေးဖြင့်​2/3ခန့်​အပိုင်းငယ်​များဖြတ်​လိုက်​ပါတယ်​။ပြီး​နောက်​စက္ကူ​ခေါက်​ကိုပြန်​ဖြန့်​ပြီး၊အနားတစ်​ဘက်​မှအတွင်းသို့​ခေါက်​လိုက်​ပါတယ်​။အဆုံးမှာ​ကော်​ကပ်​ပါ့မယ်​။ထိုနည်းအတိုင်းပန်းပွင့်​​လေး​တွေပြုလုပ်​လိုက်​ပါတယ်​။ထိုပန်းပွင့်​များကို​ကော်​ကပ်​ရန်​သစ်​ခက်​ပုံစံပြုလုပ်​ချင်​ပါတယ်​။ပထမဆုံးသတင်းစာစက္ကူကိုအလိပ်​များ​ခေါက်​ပြီး၊လိုအပ်​တဲ့အပိုင်းများဖြတ်​၍tapeကပ်​ပြီး၊သစ်​ခက်​ပုံပြုလုပ်​လိုက်​ပါတယ်​။ထိုအ​ပေါ်မှအစိမ်း​ရောင်​စာရွက်​အပိုင်းများဖြင့်​ထပ်​မံဖုံး၍​ကော်​ကပ်​လိုက်​ပါတယ်​။ထိုသစ်​ခက်​​တွေမှာအ၀ါ​ရောင်​ပန်းပွင့်​များပုံပါအတိုင်း​ကော်​ကပ်​လိုက်​ပါတယ်​။ဆက်​လက်​ပြီးလည်းသစ်​ရွက်​​လေး​တွေဖြတ်​ရမှာပါ။စာရွက်​ကို​ခေါက်​ပြီး၊ပုံဆွဲ၍ဖြတ်​ကာသစ်​ရွက်​ပုံပြုလုပ်​၍အနား​တွေကိုကတ်​​ကြေးဖြင့်​အပိုင်းပိုင်းဖြတ်​၍သစ်​ရွက်​ပုံ​ဖော်​လိုက်​ပါတယ်​။ပြီး​တော့ပန်းခက်​မှာသစ်​ရွက်​များထပ်​မံ​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20181113_155824.jpg

IMG_20181113_162238.jpg

IMG_20181113_152746.jpg

IMG_20181113_164511.jpg

IMG_20181114_143310.jpg

ဒီအဆင့်​မှာ​တော့ပန်းအိုးပြုလုပ်​ပါ့မယ်​။ပြုလုပ်​ရန်​အပြာ​ရောင်​စာရွက်​ကိုပထမဆုံးအလိပ်​များလိပ်​လိုက်​ပါတယ်​။ထိုအလိပ်​များကိုဆက်​ရင်း၊စက်​၀ိုင်းပုံ​ခေါက်​ကာအဆုံးမှာ​ကော်​ကပ်​လိုက်​ပါတယ်​။ထိုအပြာ​ရောင်​စက္ကူ​ခေါက်​ကိုချိန်​ဆ၍တွန်းပြီးခွက်​ပုံစံပြုလုပ်​လိုက်​ပါတယ်​။ပြီး​နောက်​ထိုပုံစံအတိုင်းအခြားစက္ကူအလိပ်​ငယ်​တစ်​ခုပြုလုပ်​လိုက်​ပါ​သေးတယ်​။ထိုနှစ်​ခုကိုဆက်​၍​ကော်​ကပ်​လိုက်​ပါတယ်​။ခုနကပြုလုပ်​ပြီးတဲ့ပန်းခက်​ကိုထည့်​ချင်​တာ​ကြောင့်​၊မလိုတဲ့ကတ်​ထူ​တွေကိုအပိုင်းအစများဖြတ်​ပြီး၊ခွက်​ထဲသို့ပန်းခက်​နှင့်​အတူထည့်​ပြီး၊ကတ်​ထူစ​တွေကိုမမြင်​​အောင်​အ​ပေါ်မှအစိမ်း​ရောင်​စာရွက်​အပိုင်းအစဖြင့်​ထပ်​မံဖုံးလိုက်​ပါတယ်​။

img1542258717768.jpg

IMG_20181114_141159.jpg

IMG_20181115_113757.jpg

img1542192758325.jpg

img1542193307741.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

နင်​လုပ်​ခဲ့ဒါ​တွေထဲမှာ ဒီဟာ​လေးသ​ဘောအကျဆုံးဘဲလို့ထင်​မိတယ်
တအားလှတယ်

ဟုတ်​လား....သဘာဝလည်း​ကျသလိုပဲ...ခုလိုအား​ပေးတာ​ကျေးဇူးပါ

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you so much

Posted using Partiko Android

လုပ်​ထားတာ​လေးတအားလှတယ်

Posted using Partiko Android

လှတယ်​ဆိုလို့​ပျော်​ပါတယ်​....😊😊

Posted using Partiko Android

လှတယ်ဗျ

ဟုတ်​ကဲ့...​ကျေးဇူးပါ...

Posted using Partiko Android

wow! လှတယ် ဗျာ။

လှတယ်​ဆိုလို့​ကျေးဇူးပါ.....

Posted using Partiko Android

အမြဲတမ်းအားပေးလျက်ပါ@aster

Posted using Partiko Android

ဟုတ်​ကဲ့...အား​ပေးတာ​ကျေးဇူးပါ

Posted using Partiko Android

ပန်းပွင့်လုပ်နည်းက အသေးစိတ်မပါဘူးနော်

Posted using Partiko Android

ဟုတ်​ပါတယ်​...စာ​ရေးရာမှာခဲတံသုံးပြီး၊အနား​တွေကိုလိပ်​တဲ့အဆင့်​ကျန်​​နေခဲ့တယ်​....ခုလိုသတိ​ပေးလို့​ကျေးဇူးပါ...

Posted using Partiko Android

ဒီပုံစံလေးကလည်း လှပကောင်းမွန်ပါတယ်။စားပွဲပေါ်မှာ အလှဆင်ပန်းအိုးလေးအနေနဲ့ ထားလို့ကောင်းပါတယ်။နှစ်သက်ပါတယ်ခင်ဗျာ။

ဟုတ်​ကဲ့...အလှဆင်​ရန်​ပါ...​ကျေးဇူးပါ
ဆက်​ကြိုးစားပါ့မယ်

Posted using Partiko Android

ပန်းပွင့်လေးတွေ လုပ်ထားတာ အသက်ဝင်တယ် တကယ့် အစစ်အတိုင်းဘဲ

Posted using Partiko Android

ဟုတ်​တယ်​...စက္ကူပန်းပုံစံလိုမဟုတ်​ဘဲသဘာဝကျတယ်​လို့ခံစားမိတယ်​....ပြုလုပ်​ပြီးတာနဲ့​ကျေနပ်​တယ်​...😊

Posted using Partiko Android

အမငီး ကြာလေ ပိုရှုတ်လေ ပိုဆိုးလေပဲ မဖြစ်ဘူး ☺

ဒီထက်​ပိုရှုပ်​​အောင်​အသစ်​အဆန်း​လေး​တွေထပ်​ကြိုးစားပါ့မယ်​😀

Posted using Partiko Android

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64664.11
ETH 3166.18
USDT 1.00
SBD 4.11