How to Make Paper Accessories Box

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့စာ​ရေးကိရိယာ၊အတိုအထွာများထည့်​နိုင်​​အောင်​Paper Accessories Boxတစ်​ခုပြုလုပ်​ထားပါတယ်​။ကတ်​ထူ၊​ရောင်​စုံစာရွက်​၊​ကော်​၊ကတ်​​ကြေး၊ခဲတံ၊​ပေတံစသဖြင့်​လိုအပ်​ပါတယ်​။ပန်းပွင့်​များဖြင့်​လည်းအလှဆင်​ထားပါတယ်​။

ပထမအဆင့်​မှာကတ်​ထူ​လေးခုပြုလုပ်​ရမှာပါ။ဘေးဘက်​မှာထားရန်​အရွယ်​တူကတ်​ထူနှစ်​ခု၊အ​ခြေမှာတစ်​ခု၊​ကျောဘက်​မှာတစ်​ခု၊စုစု​ပေါင်း​လေးခုပြုလုပ်​ပြီး၊လိ​မ္မော်​​ရောင်​စာရွက်​​ကော်​ကပ်​ပါတယ်​။ပြီး​နောက်​ပစ္စည်း​လေး​တွေထည့်​ရန်​အခန်းသုံးခုပြုလုပ်​ချင်​တာ​ကြောင့်​အခြားကတ်​ထူသုံးခုထပ်​မံပြုလုပ်​ရပါတယ်​။ထိုကတ်​ထူသုံးခုကိုလိုအပ်​တဲ့အလျားအတိုင်းတိုင်းတာဖြတ်​၍လိ​မ္မော်​​ရောင်​စာရွက်​ဖြင့်​​ကော်​ကပ်​ပါတယ်​။ပြီး​နောက်​ပုံပါအတိုင်းကတ်​ထူများကိုညီညာစွာဆက်​လိုက်​ပါတယ်​။

ပြီး​နောက်​ပန်းသုံးပွင့်​ပြုလုပ်​ချင်​ပါတယ်​။ပြုလုပ်​နည်းကအ​ရောင်​သုံး​ရောင်​​ရွေးပြီး၊မတူညီတဲ့စက်​၀ိုင်းပုံများဖြတ်​မယ်​။တစ်​ခုနှင့်​တစ်​ခု​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​တွန့်​​ခေါက်​ပြီးအလယ်​မှ​ခေါက်​ချိုးကာ၊​ကော်​ကပ်​ပါတယ်​။ပန်းတစ်​ပွင့်​မှာထိုစက္ကူ​ခေါက်​သုံး​ခေါက်​လိုအပ်​ပါတယ်​။စက္ကူ​ခေါက်​သုံးခုကို​ကော်​ကပ်​ပြီးပန်းပွင့်​ပြုလုပ်​လိုက်​တယ်​။သုံးပွင့်​ပြုလုပ်​ရမှာပါ။ပြီး​နောက်​boxမှာအလှဆင်​လိုက်​ပါတယ်​။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64275.05
ETH 3147.49
USDT 1.00
SBD 4.29