How to Make Paper Pencil Holder

in #myanmar6 years ago

Paper Pencil Holder

img1534685291136.jpg

ဒီတစ်​ခုက​တော့paper pencil holderပါ။ခဲတံ၊​ဘောလ်​ပင်​စတာ​တွေထည့်​လို့ရ​အောင်​ပြုလုပ်​ထားတာပါ။စက္ကူ​ခေါက်​​တွေအများကြီးပြုလုပ်​ပြီး​တော့မှတစ်​ခုနှင့်​တစ်​ခုဆက်​ပြီးပုံ​ဖော်​ထားတာပါ။ပြီး​နောက်​အနီ​ရောင်​ပန်းပွင့်​လည်းပါပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေကပန်းစက္ကူ၊​ရောင်​စုံစက္ကူ၊ကတ်​​ကြေး၊​ကော်​ဘူး၊​ပေတံ၊ခဲတံတို့လိုအပ်​ပါတယ်​။ပြုလုပ်​ရမည့်​အဆင့်​​တွေကpencil holderတစ်​ခုဖြစ်​ရန်​စက္ကူ​ခေါက်​​တွေဆက်​ပြီးပြုလုပ်​ရမှာဖြစ်​တဲ့အတွက်​စက္ကူ​ခေါက်​​တွေပြုလုပ်​ရမယ်​။ပြီး​နောက်​တစ်​ခုနှင့်​တစ်​ခုဆက်​ရမယ်​။ပြီး​တော့ပန်းပွင့်​တစ်​ပွင့်​ပြုလုပ်​ရမှာပါ။

img1534684729422.jpg

စက္ကူ​ခေါက်​နည်းကအလျား၊အနံတူညီတဲ့စာရွက်​ကိုအလယ်​မှ​ခေါက်​ချိုးရမယ်​။အလယ်​မျဉ်းထိတစ်​ဘက်​စီ​ခေါက်​လိုက်​ပါ့မယ်​။ဒါဆိုရင်​အညီအမျှပိုင်း​လေးပိုင်းရမှာဖြစ်​ပြီး၊စာရွက်​ကိုပြန်​ဖြန့်​ကာ​ထောင့်​စွန်းနှစ်​ဘက်​မှစက္ကူစကိုပုံပါအတိုင်း​ခေါက်​ပါဦးမယ်​။ပြီး​တော့စာရွယ်​ကိုအလယ်​မျဉ်းသို့ပြန်​​ခေါက်​ရမယ်​။ဆက်​လက်​ပြီးပုံပါအတိုင်း​ခေါက်​မှာပါ။

IMG_20180816_104712.jpg

IMG_20180816_104726.jpg

IMG_20180816_104804.jpg

ဒီအဆင့်​မှာ​တော့ပုံပါအတိုင်းနှစ်​ဘက်​လုံး​ခေါက်​လိုက်​ပါ့မယ်​။

IMG_20180816_104842.jpg

IMG_20180816_104957.jpg

ပြီး​နောက်​​ဘေးဘက်​အစွန်းနှစ်​ခုကိုအတွင်းသို့​ခေါက်​မှာပါ။

IMG_20180816_113433.jpg

ဒီနည်းအတိုင်းစက္ကူ​ခေါက်​24ခုပြုလုပ်​ရမှာပါ။ဒီပုံမှာ​တော့အပြာ​ရောင်​စက္ကူနှင့်​ပန်းစက္ကူကို​ရော၍ပြုလုပ်​ထားတာပါ။အပြာ​ရောင်​စက္ကူ​ခေါက်​12ခု၊ပန်းစက္ကူ​ခေါက်​12ခုပြုလုပ်​ပါ့မယ်​။စက္ကူ​ခေါက်​​တွေကိုအ​ရောင်​တစ်​ခုချင်းစီခြားပြီးအဆင့်​ဆင့်​ဆက်​သွားလိုက်​မှာပါ။တစ်​ခုနှင့်​တစ်​ခုဆက်​တဲ့အခါလည်း​ကော်​ကပ်​ပြီးဆက်​သွားမှာပါ။ပုံများနှင့်​ပြထားပါတယ်​။

IMG_20180816_114317.jpg

စက္ကူ​ခေါက်​ဆက်​ပုံပါ။

IMG_20180816_114924.jpg

IMG_20180816_120117.jpg

IMG_20180816_120523.jpg

IMG_20180826_200532.jpg

pencil holderပုံစံရလာရင်​​တော့တစ်​ဘက်​ကိုကတ်​ထူစက္ကူနှင့်​ပိတ်​လိုက်​ပါ့မယ်​။ပြီး​နောက်​အနီ​ရောင်​ပန်းတစ်​ပွင့်​ပြုလုပ်​ပါ့မယ်​။အလျား၊အနံတူညီတဲ့စာရွက်​ကိုအလယ်​မှ​ခေါက်​ချိုးပြီး၊အလယ်​မျဉ်းသို့တစ်​ဘက်​စီ​ခေါက်​လိုက်​မယ်​။ပြီး​တော့အ​ပေါ်ဘက်​စက္ကူစကို​ခေါက်​ချိုးလိုက်​မယ်​။

IMG_20180816_123243.jpg

IMG_20180816_123330.jpg

စက္ကူ​ခေါက်​ကိုဖြန့်​ပြီးပုံပါအတိုင်းဆက်​​ခေါက်​ပါ့မယ်​။

IMG_20180816_123344.jpg

ထိုစက္ကူ​ခေါက်​ကို​ကျောဘက်​သို့​ခေါက်​ချိုးပါ့မယ်​။

IMG_20180816_123417.jpg

ကျန်​တစ်​ဘက်​ကိုပုံပါအတိုင်းဆက်​လက်​​ခေါက်​ပါ့မယ်​။

IMG_20180816_123432.jpg

IMG_20180816_123448.jpg

IMG_20180816_123512.jpg

ဒီနည်းအတိုင်းအနီ​ရောင်​စက္ကူ​ခေါက်​ငါးခုပြုလုပ်​ကာတစ်​ခုနှင့်​တစ်​ခုဆက်​ပြီး၊ပန်းပွင့်​ပြုလုပ်​လိုက်​တယ်​။ပြီး​နောက်​pencil holderမှာ​ကော်​ကပ်​လိုက်​ပါ့မယ်​။

IMG_20180816_123703.jpg

IMG_20180816_124355.jpg

img1534685078273.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

ကဲ resttm ယူပြီဗျာ wall ထဲအလည်လာတဲ့သူတွေလည်း လုပ်တတ်စေချင်မိတယ်

ဟုတ်​ကဲ့...ယူပါ...အခြားသူ​တွေလည်းအသုံးဝင်​ရင်​​ပျော်​ပါတယ်​....​ကျေးဇူးပါ...

GREAT WORK @asterkame ,detailed pics helps us to try it easily.Very useful craft work.Keep it up.

Thank you so much for comment

wow beautiful dear keep doing

Thank for your comment

ဒါလေးလည်းကြိုက်လိုက်တာ ထရန်ကွက်လေးနဲ့ အမြင်လေးဆန်းလို့

ဆက်​ပြီးလည်းဆန်းပြားတာ​တွေလုပ်​ပါ့မယ်​...ခုလိုအား​ပေးတဲ့အတွက်​​ကျေးဇူးပါ....

အမြဲအားပေးလျက်နော်@aster

ဟုတ်​ကဲ့...အား​ပေးလို့​ကျေးဇူးပါ

လှနေရော စားပွဲပေါ် တင်ထားချင်တယ်😍

လှတယ်​ဆိုလို့​ကျေးဇူးပါကြည်​...

pencil holder လေး အလှလေးပါ။စာရေးစားပွဲပေါ် အလှဆင်ထားလို့ ကောင်းမယ်နော်။Good idea!

ဟုတ်​ကဲ့...အား​ပေးမှုအတွက်​​ကျေးဇူးပါ...စာ​ရေးစားပွဲ​ပေါ်တင်​လို့ရပါတယ်​....

လုပ်ပြီး စားပွဲပေါ်တင် သုံးလို့ လှတယ်ဗျာ

ဟုတ်​တယ်​...စားပွဲတင်​လို့လည်းရပါတယ်​...

ဒါ​လေးက ​ဘော့ပင်​တို့ ခဲတံတို့သိမ်းထားလို့Ok တာ​ပေါ့
စက္ကူအစား တခြား​ရောင်​စုံ ခိုင်​ခန့်​တာ​လေးနဲ့ဆိုရင်​okဘဲ

ဟုတ်​တယ်​​နော့...စက္ကူအစားထိုးအခြားပစ္စည်း​တွေနဲ့လည်းရပါတယ်​...ခုလိုအကြံ​ပေးလို့​ကျေးဇူးပါ...

MSC ကထုတ်တဲ့ မဂ္ဂဇင်းမှာ ဒီကဏ္ဍလေးထည့်ရမယ်

ဒီလိုဆို​ပျော်​ပြီ​ပေါ့......​ကျေးဇူးပါ...ဆက်​ကြိုးစားပါ့မယ်​.. .

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66598.01
ETH 3236.65
USDT 1.00
SBD 4.66