လူသား နဲ့ မုသား

in #myanmar6 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ရှေးခေတ်လူသားများအချိန်ကာလတုံးကတော့ လူသားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုများ ဆက်ဆံသလဲတော့မသိဘူး။ အချင်းချင်း လိမ်လည်တဲ့ မုသားစကားတွေနဲ့ပဲ ပြောဆိုဆက်ဆံခဲ့ကြလေသလား လို့ တောင်မရောက်မြောက်မရောက်အတွေးတစ်ချို့ ၀င်လာလို့ ဒီစာကိုရေးတင်ဖြစ်ခဲ့တာပါ။ ဒါမှမဟုတ် လူသား တွေဟာ ရှေးခေတ်ကာလ ကျောက်ခေတ်လူသားတွေဘ၀တုံးကတော့ လိမ်လည်တဲ့ မုသားစကားတွေ ပြောဆို ခြင်းမပြုခဲ့ကြပါပဲနဲ့ ကာလရှည်ကြာလာတဲ့အခါမှသာ မုသားဆိုတဲ့အရာကို နှစ်နှစ်ခြိုက်ခြိုက် အသုံးပြုလာကြ လေသလားတော့မသိပါဘူး။ ယနေ့ခေတ်လူသားတွေကို တစ်စေ့တစ်စောင်း လေ့လာမိတော့ လူသားနဲ့မုသား က တွဲလျက်လိုလိုဖြစ်နေတတ်တာကို မြင်နေရတယ်။ ယနေ့ခေတ်ကာလတွင်မတော့ လူသား နဲ့ မုသားက ခွဲခြားပြီး မနေနိုင်တော့တဲ့ သဘော သက်ရောက်နေသလိုဖြစ်နေတယ်။ လူသားက မုသားကို စွဲလန်းနှစ်ခြိုက်နေ ပါပြီ။ မုသားဆိုတာကိုလည်း လွယ်လွယ်ပြောတတ်နေကြပါပြီ။ အဲဒီလို ဟန်ဆောင်လိမ်ညာ မုသားသုံးနေကြ တာကို လူမှုရေးလို့ အမည်တပ်ကုန်ကြပါပြီ။ “မုသားမပါ လင်္ကာမချော” ဆိုတဲ့စကားကိုလည်း လက်သုံးစကား အဖြစ် ရဲရဲကြီးစွဲကိုင်ကာ မုသားကျူးလွန်နေကြပါပြီ။ ဆောင်းပါးတစ်ခုထဲမှာ ဖတ်ဖူးခဲ့တာကတော့ မုသားမပါ လင်္ကာမချော ဆိုတဲ့စကားက အမှန်မဟုတ်ပါဘူးတဲ့။ “မုတ မပါ လင်္ကာမချော” ဆိုတဲ့စကားကသာ အမှန်ဖြစ်ပါသတဲ့။ လူမှုရေးနယ်ပယ်ဆိုတာကလည်း မိမိကြိုက်နှစ်သလို ဟန်ဆောင်မှုတွေကို ချယ်သလာကြပါတယ်။ တကယ့်စိတ်ရင်းနဲ့ ကူညီကြတဲ့သူတွေ မရှိဘူးလို့တော့ ပြောတာ မဟုတ်ပါဘူး။ စိတ်ရင်းနဲ့ လူမှုရေးလုပ်ကိုင်လာတဲ့သူတွေ နည်းပါးလာကြတာကတော့ အသေအချာပါပဲ။ ဒီတော့ လူမှုရေးနယ်ပယ်မှာ ကိုယ်ကြိုက်သလို မုသားပြောဆိုနိုင်နေကြသလိုပဲ ထင်မှတ်ရပါတယ်။ လူမှုရေးဆိုတာက မုသားကမ္ဘာကြီးတစ်ခုလိုဖြစ်လာသလိုပါပဲ။


02.png


လူမှုရေးနယ်ပယ်မှာ မုသားကိုအလွယ်တကူ သုံးနေကြကြောင်းကို အသုဘအခမ်းအနားတွေမှာ ပိုပြီးတွေ့မြင် ကြရပါတယ်။ ကိုယ့်အရေးကိစ္စတွေမှာ သူက စိတ်မကောင်းချင်ယောင်ဆောင်ပြ၊ သူ့ကိစ္စတွေမှာ ကိုယ်က စိတ်မကောင်းချင်ယောင်ဆောင်ပြနေကြတယ်။ ဘယ်လိုဖြစ်ရတာလဲဗျာ။ စိတ်မကောင်းလွန်းလို့ ညက အိပ်လို့ တောင်မပျော်ဘူး။ လွန်ခဲ့တဲ့ (၂)ရက်လောက်ကမှ လမ်းမှာတွေ့လိုက်သေးတယ်။ မနေ့ညကမှ ဘောလုံးပွဲ အတူတူကြည့်ကြသေးတယ် စိတ်ထဲကမပါတဲ့ အပြိုင်မုသားတွေနဲ့ လူသားတွေ နပန်းလုံးနေခဲ့ကြတာ အတော်ကို ကြာမြင့်ခဲ့ပါပြီ။ အလွန်အင်မတန်ဟန်ဆောင်ကောင်းတဲ့သူတွေကတော့ လူမှုရေးတာဝန်ကျေပွန် တယ်ဆိုတဲ့ ဘွဲ့တံဆိပ် အပ်နှင်းခံရတယ်ပေါ့။ အသုဘလိုက်ပို့လို့ သုဿန်သာရောက်ကရော သေသူရဲ့ အကြောင်း တစ်ခွန်းတစ်လေမပါ။ ပြောချင်ရာပြောပြီး အသုဘကြီးကို လိုက်ပို့နေကြလေရဲ့။ မုသားတို့သည် လူသားတို့အား ခွဲမရအောင် ရစ်ပတ်နှောင်ဖွဲ့ထားခဲ့ကြလေပြီလော။ မုသားကမ္ဘာမှ ရုန်းထွက်ရန် အင်အားမရှိ ကြတော့ပြီလောမသိ။ နေ့စဉ်ရက်ဆက်ဆိုသလို နှစ်ပေါင်းများစွာ မုသား၏ ရစ်နွယ်ခြင်းကိုခံလာရတဲ့အခါမှာ လူသားက မုသားမရှိရင် မနေနိုင်တော့သော အခြေအနေဖြစ်လာခဲ့တယ်။ ၀စီကံဟု ဆိုထိုက်သော သီလတရား တစ်ပါးကို အလွယ်တကူ ချိုးဖောက်လာကြခြင်းကပင် လူ့လောကကြီးအား ဆိုးရွားစေသောဘက်သို့ တွန်းပို့ နေပြီဖြစ်ကြောင်းကိုမူ သတိရကြလိမ့်မည်မဟုတ်။ မုသားဆိုသည့်အရာကိုလည်း လုံးလုံးမပြောလျှင်လည်း မဖြစ်သောကိစ္စများ ရှိနေပြန်ပါတယ်။ အခြေအနေအရ မုသားသုံးရမည့်အရာများ ရှိနေတတ်ပေရာ လူသားသည် မုသားနှင့် လွတ်ကင်းသွားရန်ကလည်း မဖြစ်နိုင်ပြန်ပေ။ ထိုအခါတွင် အဖြူရောင်မုသားများဟု ဆိုကာ မုသားနှင့်နပမ်းလုံးကြရပြန်ပါတယ်။ ဒီတော့လည်း မုသားမရှိရင် မနေတတ်သော လူသားဖြစ်နေတာ အဆန်းတော့မဟုတ်ပြန်ပါဘူး။


04.png


စိတ်ထဲမှာပေါ်လာတဲ့အမှန်တရားကို ငါတော့မလိမ်နိုင်ဘူးလို့ ဆုံးဖြတ်ကာ အမှန်အတိုင်းပြောဆိုခဲ့ပါလျှင်လည်း လူတစ်ဦးနှင့်တစ်ဦး အပြန်အလှန်သတ်ဖြတ်နေကြပေလိမ့်မယ်။ အပြန်အလှန် အသုဘတွေပို့နေကြရတာနဲ့ပဲ ဘာမှလုပ်ရလိမ့်မယ်မဟုတ်ပါဘူး။ မှန်တိုင်းလည်း မကောင်းဘူး ဆိုသကဲ့သို့ပင်။ စိတ်မှာ မှန်သည်ထင်တိုင်း၊ ကိုယ်မှန်သည်ဆိုတိုင်း အမှန်ကို ပါးစပ်က ဖွင့်ပြောနေလျှင် မည်သူမှာမှ ကောင်းကျိုးမရနိုင်ပါဘူး။ အမြင်မကြည် လင်တဲ့လူတစ်ဦးကို မင်းကို ငါ ကြည့်မရတာ အတော်ကြာပြီ လို့များ စိတ်ထဲရှိတဲ့အတိုင်း သွားပြောကြည့်ရင် နောက်ဆက်တွဲရလဒ်က ကောင်းနိုင်မယ်မထင်ပါ။ ယောက်ျားသေလို့ နှပ်တွဲလောင်းကျအောင်ငိုနေတဲ့ မိန်းမကို ကိုယ့်စိတ်က ပိုလွန်းတယ်လို့ထင်လို့ အမှန်အတိုင်း သွားပြောမိရင်လည်း နောက်ဆက်တွဲရလဒ် မကောင်းနိုင်ဘူးထင်ပါတယ်။ အမှန်အတိုင်းမပြောသင့်တဲ့အရာတွေ လောကမှာ အများအပြားရှိနေလေတော့ မုသားဆိုတဲ့အရာကို အသုံးပြုလာခဲ့ကြရတာပဲဖြစ်မယ်ထင်ပါတယ်။ ဒီလိုတွေရေးနေတာက လိမ်လည်ပြောဆို ကြပါလို့ အားပေးအားမြှောက်ပြုတာမဟုတ်ဘူးနော်။ တော်ကြာနေ လူလိမ်အားပေးဖြစ်နေမှာလည်းစိုးရသေး တယ်။ မုသားကိုပဲဆိုဆို အမှန်ကိုပဲပြောပြော အခြေအနေ အချိန်အခါ နေရာဒေသကတော့ လိုအပ်ပါလိမ့်မယ်။ မုသားပြောလိုက်လို့ လူတစ်ယောက်အသက်ချမ်းသာသွားမယ်ဆိုရင် မုသားပြောသင့် မပြောသင့်၊ အမှန်တရား ဘက်တော်သားကွ ဆိုပြီး အမှန်ကိုပြောဆိုမိလို့ လူတစ်ယောက်အသက်ဆုံးရှုံးသွားခဲ့မယ်ဆိုရင် အမှန်ကို ပြောသင့်မပြောသင့် စဉ်းစားရမှာပေါ့။ တစ်ခါတစ်ရံ လူအချို့က ငါက မှန်တာပဲပြောမယ်ဆိုတဲ့စကားမျိုးတွေ ပြောတတ်ကြတာ တွေ့ရပါတယ်။ အထက်ကလို ကိုယ်က အမှန်ပြောလိုက်လို့ လူတစ်ယောက်အသက်ဆုံးရှုံးမှု ဖြစ်သွားခဲ့မယ်ဆိုရင် အမှန်ပြောတဲ့သူ ငါကွ ဆိုပြီး ၀မ်းမြောက် ၀မ်းသာဖြစ်နေနိုင်မလား။


03.png


မည်သို့ပင်ဆိုစေကာမူ ရှေးနှစ်ပေါင်းများစွာကပင် လူသားနှင့်မုသားတို့သည် ထွေးလုံးရစ်ပတ် သံယောဇဉ် အမျှင်တန်းခဲ့တဲ့အတွက်တော့ ကွဲကွာသွားနိုင်လိမ့်မယ်မဟုတ်ဘူးလို့ထင်ပါတယ်။ လူသားကိုယ်တိုင်က မုသားကို နှစ်ခြိုက်စွဲလမ်းနေခဲ့တာဖြစ်ပါတယ်။ တကယ်လို့များ လူသာ နဲ့ မုသားကို အတင်းခွဲခွာဖို့ကြိုးစားခဲ့မယ်ဆိုရင်လည်း ဘိန်းဖြူစွဲနေသူကို ချက်ချင်းလက်ငင်း ဘိန်းဖြူဖြတ်လိုက်သလိုပဲ ဖြစ်ပါလိမ့်မယ်။ ဖြတ်မယ်ဆိုရင်တောင်မှ ဖြည်းဖြည်းချင်းဖြတ်ကြရမှာမဟုတ်လား။ ဒါမှလည်း အသက်အန္တရာယ် ကနေ လွတ်ကင်းနိုင်မယ်။ နို့မို့ ဇွတ်အတင်းဖြတ်ခဲ့ရင်တော့ ချက်ချင်းလက်ငင်း ဘ၀ကူးသွားနိုင်တယ်။ လူသား နဲ့ မုသား ကလည်း အတူတူပဲဖြစ်လိမ့်မယ်။ မုသားကို လက်တွဲဖြုတ်ဖို့ စဉ်းစားမယ်ဆိုရင်တော့ ဖြည်းဖြည်းချင်း လုပ်ဆောင်ရလိမ့်မယ်။ ချစ်မိတ်ဆွေတွေထဲမှာလည်း မုသားနဲ့ လမ်းခွဲချင်သူတွေ ပါကောင်း ပါနေနိုင်ပါလိမ့်မယ်။ ဘိန်းဖြူကို ရုတ်တရက်ဖြတ်သလိုတော့ မဖြတ်နဲ့နော်။ ဖြည်းဖြည်းဖြတ်ကြနော်။ ကျွန်တော်ကတော့ မုသားကို လမ်းခွဲဖို့ သိပ်မစဉ်းစားသေးပါဘူး။ အပေါ်မှာရေးခဲ့သလိုပဲ မုသား ပြောသင့်တဲ့အချိန်၊ မုသားပြောသင့်တဲ့နေရာမှာ မုသားကို တွင်တွင်ကျယ်ကျယ် သုံးစွဲနေပါဦးမယ်။ အမှန်ဆိုတာ ကိုလည်း ပြောသင့်တဲ့အချိန်၊ ပြောသင့်တဲ့နေရာမှာ ပြောဆိုနေရဦးမှာပါပဲ။ ပုံသေကားချ ပြောဆိုနေမှာတော့ မဟုတ်သေးပါဘူး။ လူသား နဲ့ မုသားကို ချက်ချင်း ကွဲကွာသွားအောင် မခွဲနိုင် မခွာရက် ဖြစ်နေတုံးပါပဲ။ အသည်းနုတော့ ဖြည်းဖြည်းပဲ မုသားနဲ့ ခွဲခွာသွားမှာဖြစ်ပါကြောင်း အသိပေးရေးသားရင်း ရပ်နားလိုက်ပါတယ်။


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

2-Oct-2018 အင်္ဂါနေ့(Tuesday)

Sort:  

မုသားမပါ လင်္ကာမချောဆိုပြီး ညာတုတ်နေကြတဲ့ လူတွေ ပေါသဗျ


မုတ မပါ ရင် လင်္ကာ ဆိုတာမချောဘူးလို့ပြောခဲ့တာလို့ဆိုထားပါတယ် ကိုဟိန်းရေ

မုသားမပါလကာၤမေခ်ာ

Posted using Partiko Android

အဲဒီဆောင်ပုဒ်လက်ကိုင်ထားပြီးတော့ လိမ်နေကြသလားအောက်မေ့မိပါတယ်

လိမ်တာတွေများလာတော့ယုံကြည်မှုတွေပျောက်ဆုးံ

အမှန်အတိုင်းပြောလို့က မဖြစ်

စမီး လင်္ကာချောအောင် မုသား နဲနဲ ပြောပါရစေ😊ကောင်းသော မုသားပဲ ပြောမာဘာ


မလိမ်ရင် မိုးကြိုးပွတ်လိမ့်မယ်

မလိမ်နဲ့နော် မယုံဘူး

လိမ်သင့်တဲ့အချိန်မှာတော့ လိမ်ရပါလိမ့်မယ်

မုသားရဲ့ဆိုးကျိုးကို‌သေချာမသိ‌တော့ အလွယ်ေ ပြာ‌နေကြတယ်‌။စတာ ‌နောက်‌တာ ‌တောင်‌ မုသား‌လေးသုံးကြတယ်‌။အ‌လေ့အကျင့်‌နဲ့ လည်းဆိုင်‌ပါတယ်‌။စိတ်‌ဓာတ်‌နဲ့ဆိုင်‌ရင်‌‌တော့ ဆိုးရွားသွားပြီ။

အမြဲမှန်နေလို့လည်းမဖြစ်ဖူးရယ် ရွာပြင်ပို့ခံရတယ်

တစ်ပါးသူ စိတ်ချမ်းသာတဲ့ မုသားလေးတော့
ပြောမိပ

တူတူပါပဲ မုသားဆိုလေတိုင်းမကောင်းဘူး လို့မှပြောမရတာ မိဘ က သားသမီးကို ပြောတဲ့ မုသားမျိုးလေးတွေတော့ ပြောနေဆဲ ပြောမဆဲပါ

လိမ်​တာက နှစ်​မျိုးရှိ​လောက်​တယ်​ဗျာ့
သူများကိုဒုက္ခ​ရောက်​​အောင်​လိမ်​တာနဲ့
သူများကိုဒုက္ခမ​ရောက်​​အောင်​လိမ်​တာ
လိမ်​တိုင်းလဲ အပြစ်​မရှိဘူးထင်​တယ်

ဟုတ်လောက်တယ်ဗျနော်

လူသားနှင့်​မုသား​တော်​ရုံခွဲမရဘူးထင်​တယ်​...ပိုစ့်​မှာ​ပြောထားသလိုတဖြည်းဖြည်းချင်း....


ခွဲမရဘူးလေ ဘိန်းကို စွဲသလို မူးယစ်ဆေးကိုစွဲသလိုစွဲနေတာ အသေချာပါ အမှန်အတိုင်းတွေလိုက်ပြောရင် အသတ်ခံရတာ မြင်နိုင်တယ်လေ

လိမ်တက်တဲ့သူကို တော်တော်များများရှောင်ကျတယ် စကားကိုပြီးစလွယ်ပြောခြင်းဟာလည်း လိမ်ခြင်းတစ်မျိုးဘဲ


ကိုယ့်ကိုယ်ကိုယ် မလိမ်ဖို့က အရေးကြီးဆုံးဖဲ မတ် မတ် စု ☺

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63851.10
ETH 3059.36
USDT 1.00
SBD 3.85