လမ်းမမှားစေရန်

in #myanmar6 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ကျွန်တော် Steemit Platform ကိုစတင်ရောက်ရှိလာစဉ်ကတော့ ဘာရည်ရွယ်ချက်မှ မရှိပဲနဲ့ တွေ့ကရာ လျောက်ရေးမယ်ဆိုတဲ့ အလွန်ကြီးမားတဲ့ ရည်မှန်းချက်ကြီးနဲ့ပေါ့ဗျာ။ အဲဒီတွေ့ကရာလျောက်ရေးတဲ့ ရည်မှန်းချက်ကြီးကတော့ အောင်မြင် ပေါက်မြောက်သွားပြီဖြစ်ပါတယ်။ အခုလည်း တွေ့ကရာ လျောက်ရေး နေမြဲပင်ဖြစ်ပါတယ်။ Steemit မှာ စာစရေးမယ်ဆိုတော့ Facebook မှာလိုမှတ်နေတာပေါ့။ ဒါပေမယ့် Facebook မှာလို မြင်နေကျမြင်ကွင်းမဟုတ်လေတော့ ဘာကို ဘယ်လိုစရမှန်းမသိ အူလည်လည် ယောင်တောင်တောင်ဖြစ်နေတာပေါ့။ အခုလို MSC ရွာကြီးကလည်း တည်ထောင်ထားတာမဟုတ်သေးတော့ Steemit မြို့ကြီးထဲမှာ မမြင်ဖူးတာတွေ၊ မတွေ့ဖူးတာတွေလျောက်ကြည့်နေတော့တာပဲ။ နောက်အဆိုးဆုံးက Post တွေကို English Language နဲ့ရေးတင်ရမယ်ဆိုတော့ ဒုက္ခ နဲ့ လှလှ တွေ့တော့တာပေါ့။ ကိုယ်တွေက English Skill ကလည်း ကောင်းလိုက်တာက Are ကို အရီး လို့ဖတ်တဲ့အဆင့်နဲ့ ဘယ်လိုများ Post တင်ရပါ့မလဲ? စဉ်းစားနေတာနဲ့ တစ်နေကုန်နေတော့တာပဲ။ ဘာနေနေ Post ကတော့ဖြစ်အောင်တင်မှပါဆိုပြီးတော့ တင်လိုက်တဲ့ Post မှာ ပါသွားတဲ့စာက Come and See Myanmar ဆိုတဲ့စာလေးပဲ ပါသွားရှာတာပါပဲ။ အဲဒီ Post ဘယ်လိုတက်သွားမှန်းကို တကယ်မသိတာ၊ English လိုနဲ့အဆင်မပြေနိုင်ဘူးဆိုပီး မျက်စိရှေ့မြင်တာကို မြန်မာလိုရေးပြီး ထပ်တင်လိုက်တယ်။ ဒီတစ်ခါတော့ Post ဘယ်လိုတင်ရတယ်ဆိုတာ နည်းနည်းသဘော ပေါက်သွားတယ်။ နောက်တော့လည်း ဘဲဥမကွဲတော့ကွဲသွားတယ်ဗျို့ 0.02 ရလိုက်သဟ။ နည်းနည်းတော့ အားတက်လာတယ်။ တောင်ခြစ်မြောက်ခြစ်နဲ့ English လိုတစ်ခါ ဟိုဖတ်ဒီဖတ်လျောက်ရေး တင်ကြည့်ပြန် တယ်။ ဘဲဥကွဲပြီး 0.08 ထိရခဲ့တော့ ပျော်လိုက်သည့်ဖြစ်ခြင်းပေါ့။ ငါပိုက်ဆံရပြီ လို့ ထအောင်ချင်စိတ်တောင် ပေါက်သွားမိပါတယ်။ အဲဒီလို အီးယောင်းဝါးအဆင့်ကနေစခဲ့ရတာပါပဲ။ ဘယ်အရာမဆို အသေးဆုံးကနေစကြ ရတယ်ဆိုတာကို အသိရှိစေချင်ပါတယ်။ သိပြီးသားများဖြစ်သော်လည်း မေ့နေတတ်ကြလို့ပါ။


02.png


ရေးရင်းနဲ့လမ်းဘေးချော်ကျတော့မယ်ထင်တယ်။ အခြားအကြောင်းအရာတွေကို စဉ်းစားနေချိန်မရှိသလို နားစွင့် နားထောင် စာဖတ်နေဖို့လည်း အချိန်မရတော့ စိတ်ကူးတည့်ရာကုန်ကြမ်းလုပ်လို့ Post ဖြစ်အောင်ရေးတင် လိုက်ရတာပါ။ ဒီ Post မှာလည်း လူငယ်တွေကိုပဲ အဓိကထားချင်ပါတယ်ဗျ။ လူငယ်တွေရဲ့စိတ်ဓာတ်တွေကို မြှင့်တင်ပေးချင်တယ်၊ အားပေးချင်တယ်၊ တိုက်တွန်းလိုပါတယ်။ အခုခေတ်ကာလမှာ လူငယ်အများစုက ခုချက်ချင်းပညာသင် ခုချက်ခြင်း လခကောင်းကောင်းလိုချင်ကြတဲ့ခေတ်ဖြစ်နေပါတယ်။ ကျွန်တော်တို့ နိုင်ငံက လူငယ်အများစုကိုသာ ဆိုလိုချင်တာပါ။ ငွေကြေးချမ်းသာကြွယ်ဝပြီး လုပ်ငန်းကြီးတွေ၊ ကုမ္ပဏီကြီးတွေကို တည်ထောင်ထားတဲ့ လူချမ်းသာများကိုတော့ မဆိုလိုချင်ပါ။ သားသမီးများကို ကုမ္ပဏီလုပ်ငန်းကောင်းကောင်း နားမလည်သေးပဲ၊ လုပ်ငန်းအကြောင်း ဘာမှမသိသေးပဲနဲ့ ရာထူးကြီးကြိးမှာ တစ်ခါတည်း တန်းပို့လိုက်တာမျိုးတွေဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။ အခြားသော နိုင်ငံများကိုလည်း လက်လှမ်းမမှီပါဘူး။ ကိုရီးယားကားအတော်များများထဲမှာလည်း အဲဒီလိုအဖြစ်အပျက်တွေ မြင်တွေ့ရသလို တစ်ခါတစ်ရံကျတော့ လည်း ကုမ္ပဏီပိုင်ရှင်က သူ့သားသမီးတွေကို ရာထူးကြီးကြီးတွေ တန်းလုပ်ခိုင်းတာလည်း ကြည့်ရပါတယ်။ ဒါကအမှန်တကယ်ဆိုရင်တော့ မဖြစ်သင့်တဲ့ဖြစ်ရပ်တစ်ခုသာဖြစ်ပါလိမ့်မယ်။ အောက်ခြေကနေ စပြီး တစ်ဆင့်ချင်းတက်စေတဲ့ ကုမ္ပဏီပိုင်ရှင်တွေလည်း မြင်ရပါတယ်။ ဒါပေမယ့် လူနည်းစု သာဖြစ်ပါလိမ့်မယ်။ လူငယ်တွေကို အသိပေးလိုတာက ဘယ်လုပ်ငန်းမှာမဆို အောက်ခြေခိုင်သင့်တယ်လို့ ထင်ပါတယ်။ အောက်ခြေမခိုင်ရင် ထုထည်ကြီးမားလာတဲ့အချိန်မှာ မထိန်းနိုင် မသိမ်းနိုင်နဲ့ ဒုက္ခဖြစ်စေတတ်ပါတယ်။ ကိုယ်ဝါသနာပါရာ၊ ကိုယ်အားသန်ရာအတွက် သက်ဆိုင်ရာသင်တန်းတွေ၊ ဘာသာစကားတွေကို သင်ယူ လေ့လာထားကြရပါမယ်။ ငယ်စဉ်ကလေးဘ၀ ကိုယ်တိုင်ဘာမှမသိသေး အရွယ်မှာတော့ မိဘ ဆရာသမားများ ကနေ လမ်းကြောင်းပေးကြရမှာပါ။ လမ်းကြောင်းမပေးခဲ့ပဲ လမ်းလွဲလိုက်တဲ့အခါမှ လူငယ်တွေ ကို အပြစ်တင်နေလည်း ဘယ်သူမှအကျိုးမရှိနိုင်တော့ပါဘူး။ အဲဒီအချိန်မှာ အပြန်အလှန် အပြစ်တင်နေကြတော့ မှာဖြစ်သလို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့ ခက်ခဲသွားမယ်ထင်ပါတယ်။


03.png


လူငယ်ဘ၀ရောက်တဲ့အချိန်မှာ ကလေးဘ၀ကအခြေခံလေးတွေခိုင်ခဲ့တဲ့အတွက် လမ်းကြောင်းမှန်ကိုလည်း ကိုယ်တိုင် နားလည်လာမှာဖြစ်တဲ့အတွက် အကျင့်စာရိတ္တလည်း မပျက်ယွင်းသေးနိုင်သေးဘူးလို့ ယူဆနိုင်ပါ လိမ့်မယ်။ လမ်းကြောင်းလွဲမှားသွားခဲ့ရင်တော့ လူငယ်ဘ၀ရောက်တဲ့အချိန်မှာ အမှားတွေကိုရွေးချယ် မိမှာ 100% သေချာသလောက်ပါပဲ။ အဓိကအနေနဲ့က လူငယ်နဲ့ လူကြီးကြားမှာ ပြဿနာတွေ ခေတ်အဆက်ဆက်ရှိနေတတ်ကြတာပါပဲ။ လူကြီးတွေက ငါသိ ငါတတ်ဆိုတဲ့ ၀ါဒကြီးလက်ကိုင်ထားလာကြ တော့ လူငယ်တွေ ပြောသမျှ အော်ငေါက်ခံနေရတော့ လူငယ်တွေက လူငယ်အချင်းချင်းပဲ ပေါင်းချင်လာ တော့တာပါ။ အဲဒီမှာ လမ်းမှားရောက်သွားတတ်ကြတာ အများစုပါပဲ။ အဲဒီလိုလမ်းမှားရောက်သွားပြီဆိုရင် အများဆုံးလုပ်ရပ်ကလည်း မူးယစ်ဆေးဝါးတွေ ဖြစ်တယ်ဆိုတာ လူကြီးအများစုက နားလည်ထားပြီး ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အရေးထားရမယ့် အရာတစ်ခုမဟုတ်လို့ထင်နေကြပုံကြပါတယ်။ အဲဒီလိုထင်ခဲ့ကြလို့ လည်း လက်ရှိအချိန်မှာ လုယက်မှုတွေ အများဆုံးဖြစ်နေကြပါတယ်။ လုယက်တဲ့အခါမှာ မရနိုင်ဘူးထင်ရင် အသက်အန္တရာယ်ကိုပါ ရန်ရှာလာကြပါတယ်။ အဲဒီလို လုယက်မှု ဒုစရိုက်တွေကို ကျူးလွန်နေတဲ့ လူငယ်တွေ ကို ကြည့်လိုက်ရင် အသက်အားဖြင့် နှစ်ဆယ် မကျော်တဲ့ကလေးတွေဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ အသက်နှစ်ဆယ်ကျော်တဲ့ လူငယ်တွေ၊ အသက်သုံးဆယ်ကျော်၊ အသက်လေးဆယ်ကျော် တွေ မမြင်ရ မတွေ့ရသလောက်ပါပဲ။ အဲဒီလူငယ်တွေ ဆေးတစ်ခါသုံးစာ ငွေရရင်ပြီးရောဆိုတဲ့ အတွေးတွေနဲ့ လုနေပုံပါပဲ။ ဆေးတစ်ခါသုံးပြီးရင်လည်း နောက်တစ်ခါ နောက်တစ်ခါတွေအတွက် နောက်ထပ် လုယက်မှုတွေကျူးလွန်နေ မှာပါပဲ။ သူတို့ဟာ မူးယစ်ဆေးဝါးရဲ့ သားကောင်တွေဖြစ်နေကြပါပြီ။ ဘာ့ကြောင့် ငယ်ငယ်ရွယ်ရွယ် လူငယ် လေးတွေ မူးယစ်ဆေးဝါးတွေရဲ့ သားကောင်ဖြစ်သွားရသလဲ ဆိုတဲ့အဖြေကို သေချာစဉ်းစားမိရင်တော့ လူကြီးမိဘတွေရဲ့ လမ်းကြောင်းမှန်ကို ညွှန်ပြနိုင်ခြင်းမရှိလို့ပဲထင်မိပါတယ်။


04.png


နောက်တစ်ခုကတော့ မကောင်းမှု ကိုလုပ်ဖို့ အဖော်ဆိုတာ အလွယ်တကူရှိနေတတ်ပါတယ်။ ကောင်းမှုလုပ် ကြမယ်ဆိုရင်တော့ လူစုလို့မရဖြစ်နေတတ်ပါတယ်။ လူငယ်တွေသာ ဘာသာရေးလုပ်ငန်း၊ လူမှုရေးလုပ်ငန်း၊ အသင်းအဖွဲ့လုပ်ငန်းများမှာ ၀င်ရောက်လုပ်ကိုင်ခွင့်ရရှိနေကြမယ်ဆိုရင် ဒီလိုလမ်းလွဲတော့ သိပ်မရောက်နိုင် ဘူးထင်ပါတယ်။ အဲဒီလိုလုပ်ငန်းမျိုးတွေကလည်း ၀င်ငွေမရတတ်တော့ လူကြီးမိဘတွေကိုယ်တိုင်က လုပ်ကိုင် ဖို့ မတိုက်တွန်းကြတဲ့အပြင် တချို့လူငယ်တွေ လုပ်ချင်ကိုင်ချင်တာတောင် မလုပ်နဲ့ တားမြစ်နေကြသေးတယ်။ ဒါဆို လူငယ်တွေပျက်စီးကုန်တာ ဘယ်သူတွေမှာ တာဝန်ရှိနေပါသလဲ? စဉ်းစားသင့် မေးခွန်းထုတ်သင့်တယ်လို့လည်း ထင်ပါတယ်။ ဘာသာရေးလုပ်ငန်းမှာပဲဖြစ်ဖြစ်၊ လူမှုရေးလုပ်ငန်းမှာပဲဖြစ်ဖြစ် ၀င်ရောက်လုပ်ကိုင်နေတဲ့ လူငယ်အများစုကတော့ မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်မသွားတာလဲ မြင်ရပါတယ်။ မူးယစ်ဆေးဝါးရဲ့ သားကောင်မဖြစ်သွားတာကိုက အလွန်ကြီးမားတဲ့ အမြတ်တစ်ခုပဲဖြစ်လိမ့်မယ်။ မူးယစ်ဆေးဝါးတွေရဲ့ သားကောင်တွေဖြစ်နေကြတဲ့ လူငယ်လေးတွေကို မြင်ရင် ဘယ်လိုခံစားကြရသလဲဆိုတာ တွေးကြည့်တာနဲ့တင် သိနိုင်ပါတယ်။ ငါ့တူ ငါ့သားလေးများ ဒီလိုအဖြစ်တွေ မဖြစ်တာ တော်သေးတာပေါ့ ဆိုတဲ့ အတွေးတစ်ခုတော့ အရင်ဆုံးဝင်လာမှာ အမှန်ပါ။ လူငယ်လူရွယ်တွေဆိုရင်တော့ ငါ့မောင်လေးက ဒီလောက်မဆိုးရှာဘူးဆိုတဲ့အတွေး၊ ငါ့ညီမလေးက ဒီလောက်မမိုက်ပါဘူးဆိုတဲ့ အတွေးလေးတွေတော့ ၀င်မိတတ်ကြမှာပါ။ ဒါက မူးယစ်ဆေးသုံးစွဲနေတာကိုမြင်ရင် ဖြစ်လာတတ်တဲ့အတွေး ကိုယ်ချင်းစာတရားနဲ့ တွေးတဲ့အတွေးလေးတွေဖြစ်ပေမယ့် လုယက်မှုတွေ ကျူးလွန်တဲ့အချိန်မှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အတော်မိုက်ရိုင်းတဲ့ကလေးတွပဲ သေအောင်သတ်ရမှာ ဖြစ်တာတောင်နဲသေးလို့ ပြောမယ့်သူတွေ တစ်ပုံတစ်ပင် ရှိနေမှာပါ။ အဲဒီအချိန်မှာတော့ ကိုယ်ချင်းစာတရားက ပျောက်ကွယ်နေမှာပါ။ ဒီတော့ လူငယ် လူရွယ်တွေကို လမ်းမမှားစေချင်သလို စိတ်ဓာတ်တွေမြင့်မားလာတာ၊ ဇွဲ၊ သတ္တိတွေနဲ့ ကြိုးစားနေကြတာကို မြင်ချင်တယ်ဆိုရင်၊ မူးယစ်ဆေးဝါးရဲ့သားကောင်အဖြစ်မခံလိုကြဘူးဆိုရင် လူကြီးမဟုတ်ပေမယ့်လည်း လမ်းမှန်ရောက်အောင် တွန်းပို့ပေးနိုင်ကြပါစေလို့ တိုက်တွန်းရေးသားရင်း ရပ်နားလိုက်ပါတယ်။


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

7-Sept-2018 သောကြာနေ့(Friday)

Sort:  

လမ်းမှန် ကို တွန်းပို့ပေးတဲ့ စာကောင်းတစ်ပုဒ်ပါပဲ့ ဦးစိုး ကျေးဇူးပါ

အမှန်လမ်းကို တကယ်လျောက်မှ လောကမှာ ရင်ကော့ပီး နေနိုင်တာ

မူးပဲအစက ထူးကဲဘဝ ရောက်အောင် ကြိုးစားနေပါတယ်ဗျာ

ရှာနေရုံနဲ့တော့ မဖြစ်ဘူးနော်

လူကြီးဆုံးမနေလျက်နဲ့ဆိုးတဲ့ကလေးအဖို့  မတွေးဝံ့စရာပါ

နီအဆိုးဆုံးပဲနေမှာပဲ ☺☺☺

တားတားလဲ ဟိုစကားပုံလို မေးရမယ်ထင်တယ် ရေတွင်းတူးတဲ့လူတွေကျ အောက်ခြေကနေ စမလုပ်ဖူးနော် ခ်ခ် ပေါက်ကရမန့်သည် ။

အဲဒါကိုက နီ အ၀ိစိဆင်းချင်တာ အုတ်ခဲစီတာဘယ်ကစစီလို့ဒုံး

အခု​ခေတ်​လူငယ်​​လေး​တွေအတွက်​ အ​တော်​ရင်​​လေးမိတယ်​။ ပြန်​မ​ပြောနားမ​ထောင်​​လေး​တွေ....။

အဲဒီလိုဖြစ်လာတာကလည်း ငယ်ငယ်ကတည်းကအကျင့်ဖြစ်သွားတာပါပဲဗျာ

ဟုတ် ဥစိုး အရင်က 0.00ခု 0.01အာ့လောက်ရဖို့ လွယ်မှတ်လို့နော့😁

ဘဲဥ မကွဲတဲ့ ပို့စ်တေအများကြီးပါအေ

ကျေးဇူးပါဗျာ

ပျက်​စီး​နေတဲ့က​လေး​တွေကိုမြင်​ရင်​​တော့ဒီ​နေရာမှာကိုယ့်​သားသမီး၊တူ၊တူမဖြစ်​​နေရင်​ကိုယ်​လည်းခံစားရမှာ​လေ....ကိုယ်​ချင်းစာမိပါတယ်​...

အမှန်ပါ လုယက်မှု ခိုးမှုကျူးလွန်တာကို ဖမ်းမိတယ်ဆိုရင် ငယ်ငယ်လေးတွေချည်းပဲ တကယ်စိတ်မကောင်းဖြစ်မိပါတတယ်ဗျ

ငွေရှာတာဆိုတာထက် စာရေးနည်းတိုးတက်ချင်တာလည်းပါပါတယ်

အကျိုးအမြတ်တစ်ခုခုရသင့်တာပေါ့လေ ဘာကိုပဲရရ ပါ ဘာမှမရတဲ့သူတွေအများကြီးပါ

လူငယ်တွေ လမ်းမမှားကြဖို့ လူကြီးတွေမှာ တာဝန်ရှိပါတယ်။အောက်ခြေခိုင်အောင်လုပ်ပြီး တစ်ဆင့်ချင်း တက်လာမှ ပိုမိုခိုင်မာသောအောင်မြင်မှုတွေကို ရရှိနိုင်မယ်ဆိုတာလေးကိုတော့ လုံးဝထောက်ခံပါတယ်။မှတ်သားစရားကောင်းလှပါတယ်ခင်ဗျာ။

အခုလိုလာရောက်အားပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64266.94
ETH 3077.24
USDT 1.00
SBD 3.87