ဆံပင်ပေါင်းတင်မယ်

in #my6 years ago (edited)

မင်္ဂလာပါရှင်
ဆံပင်ပေါင်းတင်နည်းလေးတင်ချင်ပါတယ်ဆံပင်ပေါင်းတင်ခြင်းကဆံပင်ပျော့စေတယ် ဆံပင်အရှည်မြန်စေတယ် ဆံပင်နစ်ခွဖြစ်ခြင်းမှလည်းကာကွယ်ပေးပါတယ် ဆံပင်ကိုကျန်းမာသန်စွမ်းစေပါတယ်ကျမပြောပြမဲ့ဆံပင်ပေါင်းတင်နည်းလေးကတော့ ပြုလုပ်ရတာရိုးရှင်းလွယ်ကူပါတယ်
ပါဝင်ပစ္စည်း(5)မျိုးပါ

  1. ကြက်ဥ
    image
  2. ရှားစောင်းလက်ပတ်
    image
  3. ပျားရည်
    image
  4. သံလွင်ဆီ
    image
  5. ကြက်စူဆီ
    image
    အထက်ပါ(5)မျိုးလုံးကိုပေါင်းစပ်ပြီး ပေါင်းတင်ရမှာဖြစ်ပါတယ်
    image
    ပြုလုပ်ပုံကတော့ ပထမဆုံးအနေနဲ့ ကြက်ဥ အနစ်နဲ့အကာ ခွဲလိုက်ပါမယ် ပြီးရင် အကာကိုပဲသုံးပါမယ် ပန်ကန် (သို့ )ခွက်ကလေးတလုံးထဲထည့်ပါမယ် ဒုတိယအနေနဲ့ရှားစောင်းလက်ပတ်ထည့်ပါမယ် လျှားသောင်းလက်ပတ်တစ်ခုကို ထက်ခြမ်း ခြမ်းလိုက်ပါမယ်ပြီးရင် ဇွန်းလေးနဲ့ပါးပါးလေးခြစ်ပေးရပါမယ် ခြစ်ပြီးသားလျှားသောင်းလက်ပတ်တွေကို စောစောကကြက်ဥထည့်ထားတဲ့ပန်ကန်လေး(သို့ )ခွက်လေးထဲထည့်လိုက်ပါမယ် လျှားသောင်းလက်ပတ်ကို မိမိကြိုက်နစ်သက်သလောက်ထည့်နိုင်ပါတယ် ၁ခု ၂ခု ၃ခု ဆံပင်အထူအပါးအတိုအရှည်ပေါ်မူတည်ပြီးကြိုက်နစ်သလိုထည့်နိုင်ပါတယ် ကျမကတော့ဆံပင်ရှည်တဲ့အတွက် ၂ခု ထည့်ပါတယ်တတိယအနေနဲ့ ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်း (သို့ )တစ်ဇွန်းခွဲမိမိကြိုက်နစ်သလိုထည့်နိုင်ပါတယ် စတုထ္တအနေနဲ့သံလွင်ဆီ စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပေးရပါမယ် ပဉ္စမအနေနဲ့ ကြက်ဆူဆီလဖက်စားဇွန်း တစ်ဇွန်း (စားပွဲတင်ဇွန်: တစ်ဝက်)ပါးဝင်ပစ္စည်းအားလုံးသမအောင်ရောမွှေပေးရပါမယ်ပြီးရင်ဆံပင်တလွှာချင်းစီ သုတ်လိမ်းပေးရပါမယ် သုတ်လိမ်းပြီး မိနစ် ၂၀ (သို့ )မိနစ်၃၀မိမိကြိုက်နစ်သလိုထားနိုင်ပါတယ် ပြီးရင် ရေနဲ့ဆေးချရပါတယ် ပြီးရင် shampoo တစ်မျိုး နဲ့ခေါင်းပြန်လျှော်ပေးရပါမယ် ပေါင်းဆေးမသုံးမှီ မိမိဆံပင်ကလျှော်ပြီးသား ခြောက်ပြီးသားဖြစ်နေဖို့ လိုအပ်ပါတယ်နော် ဒီနည်းလေးအသုံးပြုချင်းက ပျော့ပြောင်းနက်မှောင်စေတဲ့အပြင်ဆံပင်ံနှစ်ခွဖြစ်ချင်း ဆံပင်ကြမ်းချင်း ဆံပင်အရှည်နှေးချင်းမှလည်းကာကွယ်ပေးပါတယ် တစ်လတစ်ကြိမ် (သို့ )၂ကြိမ် ပြုလုပ်ပေးချင်းဖြင့် ကျန်းမာသန်စွမ်းပြီးလှပတဲ့ဆံပင်ကိုပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်
    image
  6. ကြက်ဥ= ဆံပင်ပျော့သည်
  7. ရှားစောင်းလက်ပတ်= ဆဲလ်အသေများဖယ်ရှားပေးသည် ဆဲလ်အသစ်များပြန်လည်ရရှိစေသည်
  8. ပျားရည် = ဆံပင်ပျော့သည် ဆံပင်အုန်ထူစေသည် ဆံပင်ပေါက်သည်
  9. သံလွင်ဆီ= ဆံပင်ပျော့ပြောင်းနက်မှောင်စေသည် ဆံပင်ကျန်းမာသန်စွမ်းသည် ဆံပင်နစ်ခွဖြစ်ခြင်းမှကာကွယ်သည်
    ကြက်စူဆီ= ဆံပင်ရှည်မြန်စေသည်
    ဒီနည်းလေးကိုအသုံးပြုပြီး ကျန်းမာသန်စွမ်းသောဆံပင်ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 63576.35
ETH 3066.39
USDT 1.00
SBD 3.80