ကံသုံးပါးလုံး လုံအောင်ထိန်းနည်း

in #my6 years ago (edited)

ကံသုံးပါး လုံး လုံအောင်ထိမ်းနည်း
မင်္ဂလာပါရှင်
image
ကံသုံးပါး လုံး လုံအောင်ထိမ်းနည်းဆိုတဲ့ခေါင်းစဉ်နဲ့ postလေးတခုတင်ချင်ပါတယ် ကံသုံးပါးလို့ ပြောလိုက်တာနဲ့ မိတ်ဆွေတို့ အားလုံးသိကြမှာပါ ။

  1. ကာယကံ
  2. ဝစီကံ
  3. မနောကံ
    ဆိုပြီးတော့ ကံသုံးပါးရှိပါတယ် ။ ကျမတို့ ကိုးကွယ်နေတဲ့ ဒေရဝါဒ ဗုဒ္ဓဘာသာ မြတ်စွာဘုရားဟောကြားခဲ့တဲ့ ကံသုံးပါး ပါ ။ကျမတိုတတွေမြတ်စွာဘုရားဟောကြားခဲ့တဲ့
    ကံသုံးပါးကိုတတ်နိုင်သမျှစောင့်ထိမ်းကြတယ် ။ကျမတို့ တတွေအမြဲတမ်းတော့မလုံနိုင်ဘူးပေါ့ လေ ကျမတို့ ကပုထုစဉ်တွေလေ အဲ့တော့တခါတလေ မစောင့်ထိန်းနိုင်တဲ့အခါလည်းရှိကြတာပေါ့ ။ ကံသုံးပါကိုစောင့်ထိန်းနေတဲ့အချိန်မျိုးမှာ ပေါ့ ကျမတို့ တတွေအမြဲတမ်းကံ၂ပါးပဲလုံပါတယ် ။သုံးပါးလုံး လုံတဲ့သူလည်းရှိမှာပါ။ ကိုယ့်ကို ကိုကံသုံးပါးလုံး လုံ မလုံစစ်ကြည့်ကြမယ် ။ ကံသုံးပါးလုံး လုံမလုံ စစ်ကြည့်တဲ့အခါမှာ ပထမအရေးကြီးဆုံးက ကိုယ့်ကိုအမှန်တိုင်းမြင်နိုင်ရမယ် ကိုယ့်ကိုကို ဘက်မလိုက်မိစေဖို့ ဖြစ်ပါတယ် ကိုယ့်ကို ကိုအမှန်တိုင်းမမြင်နိုင်ဘူးဆိုရင် ကံသုံးပါးမှာ ဘယ်နပါးလုံလဲဆိုတာ တိတိကျကျ သိရမှာမဟုတ်ပါဘူး။အဲ့ဒါကြောင့် ဘက်မလိုက်မိစေဖို့ အရေးကြီးပါတယ် ။ကဲ ကိုယ့်ကိုကိုအမှန်တိုင်းမြင်နိုင်ပြီဆိုရင် ကံဘယ်နပါးလုံးလဲစစ်ကြမယ်။ ဥပမာ ပြသနာလေးတစ်ခုဖြစ်ပြီဆိုပါတော့ ပြသနာကအရမ်းကြီးကြီးမားမားမဟုတ်ဘူး အဲ့ပြသာနာ တစ်ခု အဆုံးသတ်ဖို့ အတွက် ကျမတို့ သည်းခံလိုက်ကြတယ်ဆိုပါတော့ အကြောင်း မျိုးမျိုးကြောင့်ကျမတို့ သည်းခံခဲ့ကြတယ်။ဘယ်လိုအကြောင်းတွေနဲ့သည်းခံခဲ့လဲဆိုရင်
    နံပါတ် ၁ ရေရှည်ကြည့်ပြီးသည်းခံလိုက် တယ်
    နံပါတ် ၂ နစ်ကောင်မဖြစ်ချင်လို့ သည်းခံလိုက်တယ်
    နံပါတ် ၃ ကိုယ့်သိက္ခာကို ထိမ်းတဲ့အနေနဲ့သည်းခံလိုက်တယ်
    နံပါတ် ၄ ကိုယ့်ဟာလူယဉ်ကျေးတစ်ယောက်အနေနဲ့သည်းခံလိုက်တယ်
    နံပါတ် ၅ ဒေါသမထွက်ချင်လို့ သည်းခံလိုက်တယ်
    အစရှိသဖြင့် အကြောငိးအမျိုးမျိုးကြောင့် ကျမတို့ သည်းခံခဲ့ကြပါတယ် ။

ယခုလို အကြောင်းအမျိုးမျိုးကြောင့်ကျမတို့ သည်းခံလိုက်ကျတဲ့အခါ ကျမတို့ မှာ ကံနပါးလုံသွားတယ် ။ ဘာကံတွေလဲဆိုရင် ကာယကံ ရယ် ဝစီကံရယ်ဆိုပြီးတော့ ကံနစ်ပါးလုံသွားပါတယ် ။ဒါဆိုမေးစရာရှိပါတယ် မနောကံကကော မလုံဘူးလားဆိုတာ မေးစရာဖြစ်နေပါတယ် ။ဟုတ် ပါတယ် မနောကံကတော့မလုံပါဘူး ။ ဘာကြောင့်လဲဆိုရင် မနောကံ မလုံ တဲ့အချက်တွေ ဟာ အထက်ဖော်ပြပါ အချက် ၅ချက်ကြောင့် မလုံချင်းဖြစ်ပါတယ် ။ ဒါဆို မနောကံ လုံအောင်ဘယ်လိုလုပ်ရမလဲ ။မနောကံ ပါလုံအောင်ဆိုရင် ပထမဆုံးထားရှိရမှာက စိတ်ထားပါ ပြသာတစ်ခုပေါ်မှာ စပြီးပြသနာစဖြစ်ကတည်းက ဖြစ်ပျက်ဆိုတာ နားလည်နိုင်ရမယ်မေတ္တာ ကိုအခြေခံထားရမယ် ဖြစ်ပြီးရင် ပျက်သွားမယ် ပြီးတော့လည်းပြီးသွား ဒါပဲလေ ဘာမှတည်မြဲတာမှမဟုတ်ပဲ ကို ယ့်အသားလည်းပဲ့ပါသွားတာမဟုတ်ပဲ ဆိုပြီးတော့ မေတ္တာကိုအခြေခံပြီး သည်းခံလိုက်မယ်ဆိုရင် မနောကံ ကောလုံသွားတယ် ။ကုသိုလ်လည်းရတာပေါ့ ။ အလှူအတန်းလုပ်မှမဟုတ်ပါဘူး ။ ကံသုံးပါးလုံး လုံရင်လည်းကုသိုလ်ရပါတယ် ။ဒီနည်းလေးနဲ့ကံသုံးပါးလုံး လုံအောင် စောင့်ထိန်းကြပါစို့ ။ကျမအခုပြောခဲ့တဲ့နည်းလေးကတော့ ကျမကိုယ်တိုင်ကျင့်သုံးနေပါတယ် တခါတလေ မကျင့်သုံးနိုင်တဲ့အခါလည်းရှိတာပေါ့လေ ။ကျမတို့ ကပုထုစဉ်လူသားဆိုတော့လည်း အမြဲတမ်းတော့ဘယ်ကျင့်သုံနိုင်ပါ့မလဲ လေ နော် ။ ကျမပြောခဲ့တဲ့နည်းလေးတွေမှာ အမှားတွေပါနေရင်လည်း ထောက်ပြပေးပါ ။အကြံပေးပါ ။ကျမလည်း ကျမအသိညဏ်လေးနဲ့ လက်လှမ်းမှီသလောက်ရေးသားထားတာ ဖြစ်တဲ့ အတွက် အမှားတွေပါခဲ့ရင် ဖြည့်စွပ် နားလည်ပေးပါ လို့မေတ္တာရပ်ခံပါတယ်။ ကျမရေးသားတင်ပြထားတဲ့ အကြောင်းရာလေးကို အဆုံး ထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင် ။ မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကျုယ်၏ကျန်းမာခြင်း နဲ့ပြည့်စုံပါစေရှင်
image

Sort:  

ဗဟုသုတရပါတယ်ီမလေး

ဟုတ်ကျေးဇူးပါ

ကံသုံးပါးလုံအောင် ဘာနဲ့ အုပ်ထားရမလဲဟင်

စိတ်နဲ့ အုပ်ထားလိုက်ပါနော် စိတ်နော် ဆိတ်မဟုတ်ဘူး

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66540.93
ETH 3186.50
USDT 1.00
SBD 4.11