သူများမကောင်း ငါသာကောင်းသူများsteemCreated with Sketch.

in #msu6 years ago

ကိုယ်တိုင်က ၀မ်းစာမပြည့် ၊ကိုယ့်စိတ်နဲ့ မတွေ့ရင် အကုန်ပတ်ဆဲ ၊ သူများမကောင်း ငါပဲကောင်း၊ မင်းသိင်္ခလောက်ဖတ်ပြီးရင်ကိုယ့်ကိုယ်ကို စာတော်တော်ဖတ်ထားတယ်ထင်ပြီး ကျန်တဲ့သူ လူမထင်တဲ့ပိုစ်မျိုးတွေ ပဲ social media တွေမှာ ရေးတဲ့လူတွေကို un ပြန်ရင်လည်း ကိုယ်က အမြင်မတူတာကို သဘောထားနုတယ် ဘာတယ်ဖြစ်ဦးမယ်။

ကိုယ်တွေလည်း မြင်မတူတာတွေ အတော်များများကို လူမတိုက်ဘဲ တော်တော်လေးပြောဖူးပါတယ်။

အမြင်မတူတာတွေကို အသေအကြေငြင်းပြီး အမြင်မတူလို့ တဂရုထဲ မနေတော့သူတွေနဲ့လည်း အပြင်မှာတော့ အေးဆေး ဘာပြဿနာမှ မရှိ။ အဖုအထစ်မရှိ ပြောဆိုပေါင်းသင်းနေတာပဲ။

အမြင်မတူတာတွေကို ရိထေ့ကလိပြီး ကိုယ်နဲ့ငြင်းခုန် ဖဲ့ရွဲ့နေတဲ့သူနဲ့လည်း CB မှာ သူလိုအပ်တာ ကိုယ်လိုအပ်တာ အပြန်အလှန် ဘာပြဿနာမှမရှိ အေးဆေး ပြောဆိုနေတာပဲ။

ကိုယ်နဲ့အမြင်မတူတဲ့သူတွေကို နှိမ်ချဖဲ့ရွဲ့ပြီး ပါစင်နယ်ဆန်ဆန် ရိုင်းစိုင်းစွာ ထိုးနှက်တာမျိုးကျတော့ ဘယ်လိုမှ လက်ခံလို့မရဘူးရယ်။ သူ့အယူအဆကိုလက်မခံတိုင်း သူ့ပါစင်နယ်တိုက်စရာမှမလိုတာ။ ကိုယ့်အမြင်ကိုလက်မခံတိုင်း ဒီလူကို ထိုးနှက် စော်ကားနှိမ့်ချနေစရာမှ မလိုတာရယ်။

အဲ့လိုလူတွေမှာ ကိုယ်မသိထားတဲ့ အသိတွေ ရှိရင်တောင် အဲ့တာကို အသိပညာလို့ မယူဆဘဲ အလွတ်ကျက်အားကောင်းသူမှတ်ဥာဏ်ကောင်းသူလို့ပဲ လက်ခံထားတယ်။

ကွန်ပြူတာတစ်လုံထဲ စာတွေရိုက်ထည့်ပြီး search နဲ့ပြန်ရှာတာကတောင် အဲ့လိုလူတွေထက်ပိုပြီး အဆင်ပြေသေးတယ်။ ကွန်ပြူတာက ငါမှတ်ထားနိုင်တယ်ဆို မာန်မတက်ဘူးလေ။

ကိုယ်တွေနားလည်တဲ့ အသိဥာဏ်ပညာရှိသူဆိုတာ သူ ဖတ်မှတ်ကြားနာဖူးတာတွေကို ကိုယ်ပိုင်အသိနဲ့ပြန်ပေါင်းစပ် လူနဲ့ ၀ါဒ၊ လူနဲ့ လုပ်ရပ်၊ လူနဲ့ ကိစ္စရပ် သပ်သပ်စီခွဲခြားနိုင်သူ ၊ ကိုယ်ဖတ်မှတ်ထားတဲ့ အရာတွေက ကိုယ့်ကိုပြန်လည်ထိမ်းသိမ်းထိမ်းကြောင်းနိုင်ပြီး တစ်ကျပ်ဖိုးဖတ်ရင် ၁၀ ဖိုးလောက် အသစ်ထပ်ပွားများနိုင်သူ၊ လောကမှာရှိတဲ့ဘယ်လို အရာကနေဆို ပညာထုတ်နုတ်ယူပြနိုင်သူ၊ လောကမှာရှိတဲ့ အရာတိုင်းကို အချစ်တရားနဲ့ မြင်တတ်သူ၊ မကောင်းတဲ့သူကို အပြစ်ပေးတာတောင် ချစ်ခြင်းတရားနဲ့ အပြစ်ပေးတတ်သူ အဲ့လို လူကိုမှ တကယ် အသိဥာဏ်ပညာရှိသူလို့ ယူဆတာ။

Kyaw Thu Ra
MSU - 056
Photo Credit

Studentthinking-273x300.jpg

Sort:  

ကိုယ်တွေနားလည်တဲ့ အသိဥာဏ်ပညာရှိသူဆိုတာ သူ ဖတ်မှတ်ကြားနာဖူးတာတွေကို ကိုယ်ပိုင်အသိနဲ့ပြန်ပေါင်း စပ် လူနဲ့ ၀ါဒ၊ လူနဲ့ လုပ်ရပ်၊ လူနဲ့ ကိစ္စရပ် သပ်သပ်စီခွဲခြားနိုင်သူ ၊ ကိုယ်ဖတ်မှတ်ထားတဲ့ အရာတွေက ကိုယ့် ကိုပြန်လည်ထိမ်းသိမ်းထိမ်းကြောင်းနိုင်ပြီး တစ်ကျပ်ဖိုးဖတ်ရင် ၁၀ ဖိုးလောက် အသစ်ထပ်ပွားများနိုင်သူ၊ လောကမှာရှိတဲ့ဘယ်လို အရာကနေဆို ပညာထုတ်နုတ်ယူပြနိုင်သူ၊ လောကမှာရှိတဲ့ အရာတိုင်းကို အချစ်တရားနဲ့ မြင်တတ်သူ၊ မကောင်းတဲ့သူကို အပြစ်ပေးတာတောင် ချစ်ခြင်းတရားနဲ့ အပြစ်ပေးတတ်သူ အဲ့လို လူကိုမှ တကယ် အသိဥာဏ်ပညာရှိသူလို့ ယူဆတာ။

ရေးချက်တွေကတော့ လန်ထွက်နေတာပဲ။

ဆရာစာတွေကို တစ်လုံးချင်းလိုက်ဖတ်ရတယ် မှားမှာကြောက်လို့ ခွန်းအားရှိသောစာဆိုတာ စာလုံးတိုပြီး သက်ရောက်မှုအားကောင်းတယ်လေ။

တကယ်ကြီး အားပေးတယ်ပေါ့လေ :)

write tr good dl bro

👍 အားပေးလျက်

ကျေးကျေး

ရေလည်​ဂွတ်​တယ်

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64359.90
ETH 3105.50
USDT 1.00
SBD 3.87