ဘဝအတွက် ဆောင်ရဇန် ရှောင်ရဇနင်္ အချက်များ

in #msu5 years ago

image
ပျင်းရိခြင်း
လုံ့လဝီရိယနှင့်ဆန့်ကျင်ဘက်သည် ပျင်းရိခြင်း ပေါ့လျော့ခြင်းဖြစ်၏။ ပျင်းရိခြင်း ပေါ့လျော့ခြင်းကို မိမိကိုယ်မှ ခွာထုတ်ပစ်လိုက်သည်နှင့် လုံ့လဝီရိယသည် အလိုလို ရောက်လာပေမည်။ လုံ့လဝီရိယအရာတွင် 'ခြ' နှင့် 'ပျား' တို့ကို နမူနာယူထိုက်၏။ 'ခြ' နှင့် 'ပျား' တို့သည် အကောင်ပင်ငယ်သော်လည်း လုံ့လဝီရိယအရှိဆုံး ဇွဲရှိဆုံး သတ္တဝါငယ်ကလေးများ ဖြစ်ကြ၏။
'မျောက်' နှင့် 'ငှက်' သတ္တဝါတို့ကို ကြည့်လျှင် မျောက်သည် လူကဲ့သို့ ခြေလက်အစုံရှိသော်လည်း လုံ့လဝီရိယမရှိ အကျိုးမဲ့လှုပ်ရှာနေတတ်သော သတ္တဝါဖြစ်သဖြင့် မိုးရာသီရောက်လျှင် တစ်ကိုယ်လုံးရွှဲရွှဲစိုလျက် သစ်ကိုင်းသစ်ခတ်များကြားတွင် ရာသီဥတုဒဏ်ကို အလူးအလဲခံရ၏။ ငှက်တို့မူကားခြေလက်ဖြင့် အလုပ်မလုပ်နိုင်သော်လည်း လုံ့လဝီရိယအားကိုးလျှက် လေကွယ်ရာတွင် နှုတ်သီးဖြင့် အသိုက်လုပ်နိုင်ခြင်းကြောင့် မိုးလုံလေလုံနေရ၏။
မျောက်ပျင်းကဲ့သို့ ကျင့်ကြံကြသူများသည် လုံ့လဝီရိမဲ့ခြင်းအကျိုးကို မျောက်ကဲ့သို့ခံရပေမည်။ တိရစ္ဆာန်သော်မှ လုံ့လဝီရိယရှိသော သတ္တဝါသည် လောကဓံကို ကြံ့ကြံ့ခံကာကွယ်နိုင်သည်။ ငုတ်တုတ်ထိုင်ပြီး ဒုက္ခမခံပေ။ ခြ ပျားနှင့် ငှက်တို့၏ လုံ့လဝီရိယမျိုးကို အတုယူသင့်၏။ မျောက်ငပျင်းကို အတုမယူသင့်ပေ။
MSU-007

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ဆောင်ရဇန် ရှောင်ရဇနင်္ က ဘာတွေလဲ😁

Posted using Partiko Android

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64014.44
ETH 3064.06
USDT 1.00
SBD 3.86