Rosiglitazone (ရိုစီဂလီတာဇုန်း)

in #msu6 years ago

imagej

Photo;Credit

ဆေးအသုံးပြုရန်​​ရောဂါ

သွေးချို ဆီးချို ​ရောဂါကု​ဆေး တစ်​မျိုး ဖြစ်​သည်​။ ​သွေးချို ဆီးချို​ရောဂါတွင်​ တစ်​မျိုးတည်း​သော်​လည်း​ကောင်း မက်​​ဖော်​မင်​ သို့မဟုတ်​ ဆာလိဖုန်​နိုင်း ယူရီးယညး​ဆေးတစ်​မျိုးမျိုးနှင့်​ တွဲ၍​သော်​လည်း​ကောင်း အသုံးပြုနိုင်​ပါသည်​။

ဆေးအသုံးအသုံးပြုရန်​အညွှန်း

တစ်​​နေ့လျှင်​ ၄ မီလီဂရမ်​ဖြင့်​ စ​ပေးရပါမည်​။ထို​ဆေးတစ်​မျိုးထည်းကိုဖြစ်​​စေ မက်​​ဖော်​မင်​​ဆေးနှင့်​တွဲ၍ဖြစ်​​စေ အသုံးမည်​ဆိုပါက ရှစ်​ပါတ်​ခြားပြီး တစ်​​နေ့လျှင်​ ၈ မီလီဂရမ်​အထိ တိုး​ပေးနိုင်​ပါသည်​။တစ်​ကြိမ်​တည်းဖြစ်​​စေ သို့မဟုတ်​ နှစ်​ကြိမ်​ဖြစ်​​စေ ခွဲ၍ အသုံးပြုနိုင်​သည်​။

ဘေးထွက်​ဆိုးကျိုးများ

ပျို့အန်​ခြင်း ဝမ်း​လျှောခြင်း ​ခေါင်းကိုက်​ခြင်း ​သွေးအားနည်းခြင်း ကိုယ်​အ​လေးချိန်​တိုးလာခြင်း ​ဖော​ရောင်​ခြင်း ​သွေးချိုအလွန်​ကျခြင်း ဖြစ်​တတ်​ပါသည်​။ထို့​နောက်​ ​ခြေလက်​ထုံကျင်​ခြင်း ဆံပင်​ကျွတ်​ခြင်း နုံးခြင်း ရင်​ကြပ်​ခြင်း ဖြစ်​တတ်​ပါသည်​။

သတိပြုရန်​နှင့်​ ​ရှောင်​ကျဉ်​ရန်

အသည်းကိုထိခိုက်​နိုင်​သဖြင့်​ အသည်းနှင့်​ဆိုင်​​သော ​ရောဂါမျာုးဖစ်​နိုင်​ပါသည်​။အသားဝါလာလျှင်​ ​ဆေးကိုချက်​ချင်း ရပ်​ရပါမည်​။နှလုံးအား​လျော့ခြင်း ဖြစ်​နိုင်​သဖြင့်​ နှလုံး​ရောဂါရှိသူများ သတိပြုသုံးရပါမည်​။ကျောက်​ကပ်​အား​လျော့ခြင်းတွင်​လည်း သတိပြု အသုံးပြုရပါမည်​။
အသည်းမ​ကောင်းသူများ နှလုံးအား​လျော့ခြင်း ဖြစ်​ဖူးသူများ ကိုယ်​ဝန်​​ဆောင်​မိခင်​များနှင့်​ နို့တိုက်​မိခင်​များ သတိပြူ​ရှောင်​ကျဉ်​ရပါမည်​။

အားလုံးသိရှိနိုင်​ရန်​ ​ဆေးပညာဗဟုသုတအဖြစ်​ မျှ​ဝေ​ပေးလိုက်​ပါသည်​ခင်​ဗျာ။
ကျန်းမာခြင်းနှင့်​ပြည့်​စုံပြီး ကိုယ်​စိတ်​နှစ်​ဖြာ ရွှင်​နိုင်​ကြပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်​ပါသည်​ခင်​ဗျာ။

မြန်​မာ steemit ချစ်​သူအားလုံးအ​ပေါင်းကို အစဉ်​​လေးစားလျှက်​ပါ။

MSU
NO;;;017

Sort:  

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Good knowledge,thanks bro

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66077.75
ETH 3167.77
USDT 1.00
SBD 4.01