Wifi.Internet (Chapter 2)

in MSC6 years ago

IMG_4862-01.jpeg

သို့နှင့် internet ဆိုင် ယဉ်ကျေးမှုလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားရလေတော့၏။ မိမိ အိမ်မှာပင် internet ကို phone ကနေ တဆင့် အလွယ်တကူ သုံးလို့ ရနေပြီ ဖြစ်သဖြင့် ယခင်လို internet ဆိုင်များမှာ လူမများတော့ပေ။ ထို့ကြောင့်ပင် internet ဆိုင် တော်တော်များများ ပိတ်လိုက်ကြရ၏။ ပျောက်ကွယ်သွားရ၏။ အချို့တော့ Dota 2 ဂိမ်းဆိုင်များ အဖြစ် ပြောင်းလဲ လိုက်ကြ၏။ ADSL လိုင်းနှင့် internet ဆိုင်၊ service ပေးသူများသည် အသုံးပြုသူ နည်းပါးလာပြီးနောက် လက်ရှိ စက်များကို ပြန်လည် မရောင်းချလိုက်ကြသဖြင့် Network ဂိမ်းဆိုင် အဖြစ်သို့ ပြောင်းလဲ လိုက်ကြ၏။

ဤနေရာမှာ အမှန်တော့ Dota 1 အရင်လာခြင်း ဖြစ်၏။ Dota 1 က internet မလိုပေ။ ဒီအတိုင်း network ရှိလျှင် ရပြီ၊ အဆင်ပြေပြီ ဖြစ်၏။ ထို့ကြောင့် ယခင် ယူထားသည့် internet များကို ပြန်အပ်ခြင်း၊ တဆင့် ပြန်လည် ရောင်းချခြင်းများ ပြုလုပ်ပြီး ဂိမ်းဆိုင် အဖြစ်သို့ လုံး၀ ပြောင်းလဲ လိုက်ကြ၏။ သို့သော် Dota 2 ထွက်ပေါ်လာမှု နှင့်အတူ internet ဆိုင်ကလေးများ ရွေ့လျားမှုသည် တဖန် ပြန်လည် ရပြန်၏။ အသုံးပြုသူများ၏ လိုအင်၊ လိုအပ်ချက်များကြောင့် Dota 1 ဂိမ်းဆိုင်လေးများသည် Dota 2 သို့ အဆင့်မြှင့် ရပြန်တော့၏။ internet ပြန်လည် တပ်ဆင်ရပြန်၏။

IMG_20200129_182615.jpg

အချို့ ဆိုင်တွေကတော့ internet ပြန်မတပ်လိုကြသဖြင့် ဆိုင်ကို ဖြုတ်၊ ပိတ်သိမ်းလိုက်ကြတော့၏။ ရွေးချယ်စရာ mobile sim card တွေ များပြားလာမှု နှင့်အတူ internet ဆိုင်များ ပျောက်ကွယ်သွားတော့၏။ ခုချိန်မှာ ခေတ်စားနေသည်က အိမ်သုံး internet, ရုံးသုံး internet, ဆိုင်သုံး internet ဖြစ်၏။ operator များ များပြားစွာ ပေါ်ပေါက်လာမှု နှင့်အတူ Broadband ယဉ်ကျေးမှု ထွန်းကားလို့ လာတော့ ပြန်၏။

Mobile sim card တွေကနေ internet အသုံး ပြုလို့ ရသည် ဆိုပေမယ့် Data ဖိုးက အတော်လေး ကုန်ကျ၏။ internet အသုံး များသူ အဖို့ data ဖိုးက phone bill ဖိုးထက် ပိုပြီး များနေလေ့ ရှိ၏။ ခဏတာမှာ မသိသာပေမယ့် ရေရှည်မှာ သိသာလာ၏။ ထိလာ၏။ သက်သာအောင် မည်သို့ လုပ်လျှင် ကောင်းမည်နည်းဟု ကြံစည်ကြ၊ တွေးတော ကြတော့၏။ data plan တွေ ဝယ်သုံး သော်လည်း သေချာ ပြန်လည် တွက်ချက် ကြည့်ပါက မကိုက်နေပြန်ပေ။ သို့နှင့် broadband တွေ ခေတ်စားလာလေတော့၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Data ကုန်ချက်က စနင်းဈေးကျလို့ ငိုရပါပြီဗျ

Coin Marketplace

STEEM 0.12
TRX 0.34
JST 0.033
BTC 111758.49
ETH 4150.85
USDT 1.00
SBD 0.87