ယှဉ်ပြိုင်မှုနဲ့ခေတ်လူငယ်

in #meme5 years ago

image

ကျွန်တော်စွမ်းအင်မှာအလုပ်ဝင်ခါစက ဝန်ထမ်းခေါ်တာက ၁၉၃ ယောက်ဖြစ်ပြီး ဝင်ရောက်ဖြေဆိုသူက ၁၈၅ ယောက်ပဲရှိခဲ့တဲ့အတွက် ယှဉ်ပြိုင်မှုဆိုတာမရှိခဲ့ပါဘူး။ အလုပ်လာလျှောက်ထားခဲ့သူမှန်သမျှ အလုပ် ရခဲ့တဲ့ အနေအထားမျိုးဖြစ်ပါတယ်။ကျွန်တော်တို့ထက်စောတဲ့ သူအချို့ဆိုရင် ဂျီတီအိုင်မှာကျောင်းတက်နေ ဆဲကာလကတည်းက အလုပ်ခေါ်ချင်တဲ့ဌာနတွေက ကြိုပြီးကျောင်းဆင်းမည့်သူ စာရင်းကို လာတောင်း ထားကြတယ် လို့ဆိုပါတယ်။ လုံးဝကိုပြိုင်ဆိုင်မှုမရှိခဲ့တဲ့အနေအထားမျိုးပါ။ အဲဒီကာလလောက်က မောင်စိန် ဝင်း(ပုတီးကုန်း)နဲ့ အတူတရုတ်ပြည်သွားခဲ့တဲ့ ကျွန်တော်တို့ရဲ့ ဆရာ ဦးမြင့်ဌေးပြောပြခဲ့တာကတော့ တရုတ် လူငယ်တွေဟာ သတင်းစာတောင်ထိုင်ပြီးဖတ်ဖို့အချိန်မရတော့ပါဘူးတဲ့ သတင်းစာတွေကို ကြော်ငြာဘုတ် တွေမှာကပ်ထား ပြီးလူတွေက အပြေးအလွှားသွားလာရင်း ခဏတစ်ဖြုတ်သာဝင်ပြီးမတ်တပ်ရပ်ဖတ်ကြပါသ တဲ့။ ပြိုင်ဆိုင်မှုတွေများပြားပြီး ဘွဲ့ရရုံနဲ့မပြီးပဲ သူ့ထက်ငါ အပြိုင်အဆိုင်လေ့လာနေကြရပါတယ်။ဒါမှသာ အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ခဲ့ကြတဲ့သဘောပါ။

ဒီနေ့ခေတ်မှာတော့ မြန်မာလူငယ်တွေလာကြုံနေရပါပြီ၊ သင်တန်းမျိုးစုံတက်ပြီးသူ့ထက်ငါပိုတော်အောင်ကြိုး စားနေကြရပါပြီ။ ကျွန်တော်တို့ခေတ်ကလိုကျောင်းပြီးတဲ့နဲ့အလုပ်မရနိုင်တော့ပါဘူး။

ကိုသီဟဆိုတဲ့ တူလေးတစ်ယောက်ကိုတောင်သတိယမိပါတယ်။သူက စာတော်လွန်းလို့ မူလတန်းမှာ နှစ် စဉ်ပထမရနေခဲ့တဲ့ကလေးပါ။ စာမေးပွဲဖြေတဲ့အခါ ရမှတ်က အမြဲဘာသာတိုင်းမှာ ၉၀ နဲ့ ၁၀၀ ကြားမှာ သူရရှိခဲ့သူပါ။ သူတို့မိဘတွေမြို့ကိုပြောင်းသွားခဲ့ကြရပြီးနောက်မှာတော့ ကိုသီဟလည်းမြို့ကျောင်းကိုပြောင်း ပြီးထားပေးခဲ့ရပါတယ်။ ဒီအချိန်ကျတော့ ကိုသီဟဟာ အဆင့် ၂၆ အထိကျဆင်းသွားပါတော့တယ်။ ကိုသီဟဟာငယ်ငယ်ကလိုစာမကျိုးစားတော့ဘူးလား သူ့မိဘတွေနဲ့အတူ ကျွန်တော်တို့စိုးရိမ်မိခဲ့ကြပါတယ်။ သူ့အမှတ်တွေကိုယူကြည့်မိတော့ ရမှတ် ၉၀ နဲ့ ၁၀၀ ကြားမှာပါပဲ။ ဘာကြောင့်သူ့အဆင့်က အရမ်းနည်း သွားတာ လည်းဆိုတာလေ့လာကြည့်လိုက်တော့ သူ့လို ရမှတ် ၉၀ နဲ့ ၁၀၀ ကြားမှာရတဲ့ကျောင်းသားတွေက အများကြီးဖြစ် နေတာကိုတွေ့ရပါတယ်။သူ့မှာယှဉ်ပြိုင်မှုတွေများလာတဲ့သဘောပါဘဲ။ ဒါပေမယ့် သူတို့အ တွက် ကံကောင်းတာက Internet web site တွေပေါ်လာတဲ့အတွက် ပညာရပ်တစ်ခုကိုလေ့လာဖို့ဆရာမှ မသင်ပြလျှင်မတတ်ရတော့ဘူဆိုတဲ့ သဘောမရှိတော့ပါဘူး။ သူ့ထက်သူလူစွမ်းကောင်းလုပ်ဖို့ အခွင့်အလမ်း တွေများလာပါပြီ။ ကိုယ်လေ့လာနိုင်ရင်လေ့လာနိုင်သလေက်၊ ကိုယ်လေ့ကျင့်နိုင်သလေက် သူများထက်သာ အောင်လုပ်ယူသွားနိုင်တဲ့ခေတ်ပါ။

ဒီအခါမှာတော့ ကွာခြားမှုတွေအများကြီးဖြစ်ပေါ်လာစေတော့မှာဖြစ်ပါတယ်။ လူငယ်အချို့ဟာ Internet Web site တွေပေါ်မှာ ပလူပျံနေသလို ကျင်လည်ကျက်စားနေကြပေမယ့်၊ အချို့လူငယ်တွေကတော့ Facebook ပေါ်ထက်ရှေ့မဆက်နိုင်ကြပါဘူး။တကယ်တော့ facebook ပေါ်မှာလည်း သင်တန်းတွေတော့ရှိ ပါတယ်။ ပြောချင်တာကတော့ အပျော်ကြည့် Facebook သုံးအဆင့်မှာပဲရပ်တန့်နေကြတာကိုပြောချင်တာ ပါ။တကယ်တော့ သူတို့ကိုခေတ်ကခွင့်မပြုတော့ပါဘူး။ ယှဉ်ပြိုင်တွေနဲ့ စိမ်ခေါ်မှုတွေအတွက် မဖြစ်မနေ လေ့လာမှုနယ်ပယ်ထဲကို ဆင်းသက်မှသာလျှင် ယနေ့လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ အောင်မြင်မှုတွေကိုရယူပိုင်ဆိုင်နိုင်မှာပါ။ သမားရိုးကျအတိုင်း ကျောင်းတက်မယ်၊ ဘွဲ့ရမယ်၊ အလုပ်ရ လိမ့်မယ်လို့ ရိုးသားတွေကြည့်မြင်နေထိုင်မယ်ဆိုရင်တော့ မိမိတို့အတွက်အခွင့်အလန်းတွေ ထွက်ပြေး ပျောက်ကွယ်သွားကြမှာသာဖြစ်ကြောင်း လူငယ်များအတွက် မေတ္တာစိတ်ထားရေးသားလိုက်ပါသည်။ယနေ့ လူငယ်များပြိုင်ဆိုင်မှုများမှာကျော်လွှားနိုင်ကြပါစေ။

မင်းစိုးနိုင်

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.034
BTC 63997.36
ETH 3133.23
USDT 1.00
SBD 4.15