❤ချစ်​သူရင်​ခွင်​...​ရွှေပလ္လင်​❤

in #love6 years ago

❤ချစ်​သူရင်​ခွင်​...​ရွှေပလ္လင်​❤

ပန်းခြံထဲကို​ရောက်​​တော့မြ​ရွှေလွှာကအပင်​​အောက်​မှာ​ရေကန်​ဖက်​လှည့်​ပြီး​လက်​ပိုက်​လျက်​မတ်​တပ်​ရပ်​​နေတာကို​တွေ့ရသည်​။ ပန်းနု ကမြ​ရွှေလွှာရဲ့အ​နားကို​ရောက်​​​တော့မြ​ရွှေလွှာက​နောက်​လှည့်​ကြည့်​ကာနှုတ်​ခမ်းမဲ့လိုက်​သည်​။

"​ရောက်​လာသားပဲ...ဘယ်​စိုးလို့လဲ.."

ပန်းနုကရှိသမျအားအင်​​တွေကို​လျှော့ချထားပြီး အကျိုးဆက်​ပြဿနာများဖြစ်​မလာ​စေရန်​မြ​ရွှေလွှာကို​အေး​အေး​ဆေး​ဆေးသာဆက်​ဆံရန်​ဆုံးဖြတ်​ထားသည်​..။

"မမြ​ရွှေလွှာ...ပန်းနုကိုဘာ​ပြောစရာရှိလို့လဲ.."

ပန်းနုရဲ့အသံကတိုးလွန်း​နေပြီးအင်​အားမရှိသလိုပင်​..။ မြ​ရွှေလွှာ ရဲ့​လေသံနဲ့​တော့တခြားစီပါ...။

"နင့်​ကိုငါကဘာကိစ္စချိန်းတယ်​များထင်​​နေလို့လဲ...
နင့်​လိုသူ​တောင်းစားအဆင့်​ကိုငါလာ​တွေ့တာ ဧက ကိစ္စကလွဲပြီးတခြားဘာရှိဦးမှာလဲ.."

ကိုယ်​ချင်းမစာရိုင်းပြစွာ​ပြောဆိုလိုက်​သောစ​ကားလုံးက ပန်းနုရဲ့အားအင်​​တွေပျက်​လက်​သွားသလိုခံစားလိုက်​ရ​ပေမယ့်​ရိုင်းဆိုင်းလွန်းတဲ့မြ​ရွှေလွှာကိုအတတ်​နိုင်​ဆုံးသည်းခံရန်​ဆုံးဖြတ်​ထားလိုက်​သည်​​။
ပန်းနုက​ခေါင်းငုံထားလိုက်​သည်​..။ မြ​ရွှေလွှာ ရဲ့ဓားသွားထက်​ ထတ်​လွန်းတဲ့စကားလုံး​တွေကိုနား​ထောင်​နိုင်​ရန်​ပြင်​ဆင်​ထားလိုက်​သည်​...။

"နင့်ကိုငါတစ်​ခုသတိ​ပေးထားမယ်​..နင်​ ဧက..နဲ့​ဝေး​ဝေး​နေပါ...အရှင်းဆုံး​ပြောရရင်​နင်​အလုပ်​ထွက်​လိုက်​..."

"မမြ​ရွှေလွှာ...ဧကနဲ့​ဝေး​ဝေး​နေဆို​နေပါ့မယ်​...ပန်းနု
အလုပ်​​တော့မထွက်​ပါရ​စေနဲ့..."

"ဟဲ့..တစ်ေ​နရာထဲမှာအလုပ်​လုပ်​​နေတဲ့နင်​တို့နှစ်​​ယောက်​ကိုငါဘယ်​လိုယုံရမှာလဲ..နင်​အလုပ်​ထွက်​ပြီး..အိမ်​ပြန်​လိုက်​တာအ​ကောင်းဆုံးပဲ...နင့်​မိသားစုကိုအ​ကြောင်းပြပြီးငါ့ကိုဆင်​​ခြေမ​ပေးနဲ့ နင်​သာအလုပ်​ထွက်​လိုက်​..နင်​တို့တစ်​မိသားစု​လောက်​က​တော့..ငါ​​ပေးထား​ကျွေးထားလို့ရတယ်​..ငါ့အိမ်​က​ခွေးတစ်​​ကောင်​ဖိုး​တောင်​ရှိမှာမဟုတ်​ဘူး.."

"မမြ​ရွှေလွှာ စကားကိုနဲနဲဆင်​ခြင်​​ပြောပါ..ပန်းနု မိသားစုကိုပန်းနု​ထောက်​ပံ့နိုင်​တယ်​..ရှာ​ကျွေးနိုင်​တယ်​..မမြ​ရွှေလွှာဖြစ်​​စေချင်​သလို..ဧကနဲ့​မပတ်​သတ်​ပဲ​နေ​ပေးပါ့မယ်​..အလုပ်​​တော့မထွက်​နိုင်​ဘူး..."

ပန်းနုရဲ့မျက်​လုံးအစုံကအ​ရောင်​ဝင်းသွား၏..​ပန်းနု​ရဲ့မခံချင်​စိတ်​ကအနည်းငယ်​အသက်​ဝင်​လာတာထင်​သည်​...။

"နင်​က​တော်​​တော်​​ခေါင်း​​ကြောမာ​နေပါလား..ငါ့ကို​တောင်​ပြန်​​ပြော​နေတယ်​​ပေါ့....​စေ့စပ်​ပြီးသား​ ယောက်ျားတစ်​​ယောက်​ကိုမျက်​​နှာ​ပြောင်​တိုက်​ပြီးကပ်​စား​နေရတာနင်​မရှက်​ဘူးလား...နင်​​တော်​​တော်​သိက္ခာမဲ့ပါလား..."

"​​စေ့စပ်​ပြီးသား​ယောက်ျားကိုကပ်​တွယ်​​နေတာသိက္ခာမမဲ့ဘူးမမြ​ရွှေလွှာ..​​စေ့စပ်တာကိုဗန်းပြပြီး​​ကိုယ်မပိုင်​သေးတဲ့
ယောက်ျားကိုအငန်းမရတွယ်​ကပ်​​နေတာကမှသိက္ခာမဲ့တာ"

"ဘာ.."

ပန်းနုရဲ့​လေသံ​ပျော့နဲ့ထိချက်​ပြင်း​​တဲ့စကားလုံးကမြ​ရွှေလွှာ​ဒေါသကိုမီးလျံ​တောက်​​စေသည်​..။

"နင့်​လိုကျွန်​အဆင့်​ကများငါ့ကို​ပြောရဲတယ်​​ပေါ့...

မြ​ရွှေလွှာကလက်​ကိုအားလွှဲပြီးပန်းနုရဲ့ပါးပြင်​ကိုရိုက်​ချလိုက်​သည်​...

"​ဖျောင်း...

"အ...

ပန်းနုကအ​လေ့အကျင့်​​ကောင်းထား​​သော​မြ​ရွှေလွှာရဲ့ရိုက်​ချက်​​ကြောင့်​အ​နောက်​ကိုနဲနဲယိုင်​သွားသည်​...။
ပန်းနုက နာကျင်​သွားတဲ့ပါးတစ်​ဖက်​ကိုအုပ်​ကိုင်ထားကာ​ခေါင်းငုံ့​သည်းခံ​နေသည်​...။

"မှတ်​ပလား...ငါ့ကိုပြန်​​ပြောချင်​ဦး..နင့်​ကို​နောက်​ဆုံးသတိ​ပေးမယ်​..နင်​မနက်​ဖန်​ကစပြီးအလုပ်​ထွက်​လိုက်​...​အေး..တကယ်​လို့မှ..အလုပ်​မရှိလို့..ဝင်​​ငွေမရပါဘူးဆိုရင်​လည်း...နင့်​ရုပ်​နင့်​ရည်​​လေးနဲ့...စပွန်​ဆာလည်းရမှာပါ...ပြီး​တော့..ဘယ်​hotelမဆိုနင့်​ကို​အ​နောက်​ဖက်​ကဝင်​ခွင့်​​ပေးမှာ​ပေါ့..."

မြ​ရွှေလွှာက​ပြော​ချင်​တိုင်း​ပြောပြီးလှည့်​ပြန်​သွားမည်​လုပ်​​တော့......

"မြ​ရွှေလွှာ...."

ပန်းနုကငိုသံနှင့်​ခံပြင်းစွာ​အော်​​ခေါ်လိုက်​သည်။
မြ​ရွှေလွှာရဲ့ပခုံးကိုဆွဲလှည့်​လိုက်ြ​ပီးအပြင်းထန်​ဆုံး​ဒေါသနဲ့သူ့ရဲ့ပါးပြင်​ကိုပညာပြန်​​ပေးလိုက်​၏...။

"​ဖျောင်း..."အား...."

"နင်​ငါ့သိက္ခာကို​စော်​ကားချင်​ဦး.."

"နင့်ကိုငါ​သည်းခံတယ်​ဆိုတာ...ငါ့သိက္ခာကို​စော်​ကားဖို့မဟုတ်​ဘူး...မြ​ရွှေလွှာ.."

ပန်းနုရဲ့​လေသံဟာတင်းမာလို့လာသည်​။

မြ​ရွှေလွှာရဲ့​ပါးပြင်​တစ်​ခုလုံးကွဲအက်​သွားသည်​​တောင်​ထင်​ရသည်​..။စုစည်းသည်းခံ​ထား​သော​ဒေါသပါတဲ့ရိုက်​ချက်​ကမြ​ရွှေလွှာ​တစ်​​ယောက်​မျက်​ရည်​ကျရသည်​အထိပင်​..ပြင်းလွန်း၏..။ ပန်းနုကလွန်​ခဲ့တဲ့ မိနစ်​အနည်းငယ်​ကပန်းနုမဟုတ်​​တော့​ပေ..။ ထွက်​​ပေါ်လာ​သောမာနအရှိန်​အဝါ​ကြောင့်​ ပန်းနုရဲ့ ​မျက်​နှာထားကမြ​ရွှေလွှာထက်​ပင်ပိုမိုတင်းမာလို့​နေ၏..။ ​​မျက်​နှာကိုပင့်​ထားပြီး မြ​ရွှေလွှာကို​ကောင်း​ကောင်း ပညာပြနိုင်​ဖို့ခွန်​အား​တွေအလိုလို​ရောက်​လာသည်​..။

"နင်​ကငါ့မိသားစုကို​ထောက်​ပံ့မယ်​ဆိုရ​အောင်​နင့်​ကိုနင်​​တောင်​​ထောက်ပံ့နို​င်​လို့လား...ငါကငါ့​ခြေ​ထောက်​​ပေါ်ငါရပ်​နိုင်​တယ်​..ငါမိသားစုကို..ရိုးရိုးသားသားရှာ​ကျွေးနိုင်​တယ်​...​hotel ​နောက်​​ပေါက်​ကလည်းဝင်​စရာမလိုဘူး...စပွန်​ဆာလဲရှာစရာမလိုဘူး...နင့်​မိဘ​တွေသာမရှိရင်​နင့်​ကို​တောင်​​ထောက်​ပံ့နိုင်​​တယ်​...ငါကနင့်​ကျွန်​မဟုတ်​လို့နင်​​စော်​ကားသမျကိုငြိမ်​မခံ​ဘူး...နင်​ငါ့ကိုဧကနဲ့​ဝေး​ဝေး​နေ​စေချင်​ရင်​ နင်​နဲ့ဧကနဲ့လက်​ထပ်​ထားတဲ့စာချုပ်​ငါ့ဆီယူလာခဲ့...အဲဒါဆိုငါ​ဝေး​ဝေး​နေမယ်​..ပတ်​လည်း မပတ်​သတ်​​တော့ဘူး....အဲလိုမဟုတ်​​သေးရင်​​တော့နင်​သိ​အောင်​​သေချာတာတစ်​ခု​ငါ​ပြောလိုက်​မယ်​...ဧက..ငါ့ကိုလာပတ်​သတ်​​နေသ၍..ငါလည်း ဧကအနားမခွာဘူး..ဆိုတာနင်​မြဲမြဲမှတ်​ထား.."

"​အေးမှတ်​ရမှာကနင်​..."

မြ​ရွှေလွှာကလက်​ကိုထပ်​ရွယ်​လိုက်ပြီးပန်းနုကိုရိုက်​မည်​လုပ်​​တော့ပန်းနုကမြ​ရွှေလွှာရဲ့လက်​ကိုတင်းကြပ်​စွာဖမ်းဆွဲထားလိုက်​သည်​။

"နင်​..နင်​...လွှတ်​..ငါ့လက်​ကိုလွှတ်​..."

မြ​ရွှေလွှာက​ပြော​နေရင်း​နောက်​လက်​တစ်​ဖက်​ကပန်းနု ရဲ့ဆံပင်​ကိုဆွဲဆုပ်​ထားလိုက်​၏..

"အ.."

"ဟိတ်​...ခင်​ဗျားဘာလုပ်​တာလဲ..ပန်းနုကိုလွှတ်​လိုက်​.."

ရုတ်​တရတ်​ မင်းရ​ဝေ ​ရောက်​လာပြီးမြ​ရွှေလွှာကိုဆွဲဖယ်​ပြီးတွန်းချလိုက်​သည်​..။

"နင်​..ဘာလုပ်​တာလဲ..ဘယ်​က​ကောင်​လဲ"

ရ​ဝေ ကပန်းနုကို​ပေးဖို့ဝယ်​လာ​သောနှင်းဆီပန်းစည်း က မြ​ရွှေလွှာ ရဲ့​ရှေ့တည့်​တည့်​ကိုပြုတ်​ကျသွားသည်​..။
မြ​ရွှေလွှာကရုတ်​တရတ်​​​ကြောက်​လန့်​သွား၏

"အား.....အား....မလုပ်​နဲ.. အား...."

မြ​ရွှေလွှာကရုတ်​တရတ်​ထထွက်​​ပြေးသွားသည်​...။

"​တွေ့လားပန်းနု...သူ​ကြောက်​သွားပြီ..​ပြေးလိုက်​တာတန်း​နေတာပဲ..ကြည့်​ဦး...ဟားဟား.."

ရ​ဝေ ကအံသြစွာကြည့်​​နေ​သောပန်းနုရဲ့မျက်​နှာကိုကြည့်​လိုက်​​တော့ပါးပြင်​တစ်​ဖက်​နီရဲပြီးဖောင်း​နေတာကို​တွေ့လိုက်​သည်​။

"ဟာ..ပန်းနု..နင်​ထိသွား​သေးလား..နာ​နေ​သေးလား...."

ပန်းနုကရ​ဝေ့ကိုပြုံးပြလိုက်​ပြီး...

"မနားပါဘူးဟာ..ဒီ​လောက်​က​တော့ရပါတယ်​..ဒီမှာ
ရ​ဝေ.နင်​ငါ့အ​ကြောင်းသိတယ်​မဟုတ်​လား...ငါ​တောင်​ဒီလိုဖြစ်​​နေရင်​...အဲ့ဟာမ..ဘယ်​​လောက်​ခံလိုက်​ရမလဲ..နင်​သိလား..."

"သိတာ​ပေါ့ဟာ...​သေလု​မျောပါးထိဖြစ်​သွားမှာ​ပေါ့..​နော်​..."

"ဒါ​ပေါ့ဟာ..."

••••••••••••••••• ။ •••••••••••••••••

"ဧက...နင်​အဲ​ကောင်​မနဲ့ခုချက်​ချင်းအသက်​သွယ်​ဖျက်​​နော်​...ဒီမှာနင့်​​ကောင်​မလုပ်​လိုက်​တာကြည့်​ဦး..."

မြ​ရွှေလွှာ ကညိုမဲ​နေ​သောသူရဲ့ပါးပြင်​ကိုပြပြီး​ပြောလိုက်​သည်​..။

"နင်​..ဒါဆို..သူ့ကိုပြဿနာသွားရှာတာလား နင်​..သူ့ကိုဘာလုပ်​လိုက်​လဲ..​ပြော....
နင်​သူ့ကိုဘာလို့သွား​နှောက်​ယှက်​တာလဲ..သူသာတစ်​ခုခုဖြစ်​ရင်​နင့်​ကိုအရှင်​မထားဘူး.မှတ်​.."

မြ​ရွှေလွှာကိုဧက ကတွန်းလိုက်​သည်​..။
ဧက ကချက်​ချင်းဆိုသလိုပန်းနုကိုစိတ်​ပူသွားကာ..မြ​ရွှေလွှာ..ကိုတစ်​​ယောက်​တည်းထားခဲ့ပြီးပန်းနု ဆီကိုတန်းသွားသည်​..။ မြ​ရွှေလွှာက​ပြောလိုက်​မှသူ့ကိုမသနားသည့်​အပြင်​​ဒေါသ​ထွက်​ပြီးကြိမ်း​မောင်းတာ​တောင်​ခံလိုက်​ရသည်​....။
ဧက ကပန်းနုတို့အ​ဆောင်​​ရှေ့​ရောက်​​တော့ပန်းနုက အ​ဆောင်​​ရှေ့ကိုထွက်​လာသည်​..။

"ပန်းနု...ဘာဖြစ်​သွား​သေးလဲ.."

"ဘာမှမဖြစ်​ပါဘူး..."

ပန်းနုကမျက်​နှာငယ်​​လေးနှင့်​​ဖြေလိုက်​သည်​။

"ဘာမှသာမဖြစ်​တယ်​..မျက်​နှာမှာလဲ...ညို​နေတယ်​.."

"ဘာမှမဖြစ်​ပါဘူးဆို..."

"ဘာလို့အဲ့ဘီလူးမချိန်းတာကိုသွား​တွေ့တာလဲ...ဘာလို့ကိုယ့်​ကိုမ​ပြောတာလဲ..."

"​အေး​အေး​ဆေး​ဆေး​ပြောမယ်​ထင်​လို့​ပေါ့.."

"အဲ့မိန်းက​ကြောက်​စရာ​ကောင်းတဲ့ဘီလူးမ​လေ..ဘယ်​လိုလုပ်​​အေး​ဆေး​ပြောမှာလဲ.."

ဧကရဲ့မျက်​နှာမှာစိုးရိမ်​​ဒေါသစိတ်​​တွေ​ပေါ်လွင်​​နေ၏..။

"အင်းပါ..ဧက..ရယ်​..ပန်းနုအခုဘာမှမဖြစ်​​တော့ပါဘူး...ပြန်​​တော့​နော်​..သူ့ကိုလည်းရန်​မရှာနဲ့​တော့...​နောက်ဆိုပန်းနုကပဲကြည့်​​ရှောင်​ပါ့မယ်​.."

"​ရှောင်​စရာမလိုဘူး..​နောက်​တစ်​ခါထပ်​ချိန်းရင်​ကိုယ့်​ကို​ပြော...​တောက်​!! "

"အင်းပါ..ပန်းနုအ​ဆောင်​ထဲပြန်​ဝင်​​တော့မယ်​..ပြန်​​တော့​နော်​.."

"အင်း..မျက်​နှာကိုလည်းဂရုစိုက်​​နော်​.."

ပန်းနုကအ​ဆောင်​ထဲဝင်​ပြီးတစ်​​နေရာက​နေဧကကိုပြန်​​ချောင်းကြည့်​​နေမိသည်​။
စိတ်​ပူ​နေ​သောဧကရဲ့ပုံစံကိုကြည့်​ပြီးသူ့အချစ်​​တွေကိုပန်းနုပိုမြင်​လာခဲ့သည်​..။
သူဖွင့်​​ပြောလာမည့်​အချိန်​ကိုပန်းနုက​မျှော်​လင့်​​နေမိ​တော့သည်​....။

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.031
BTC 58951.49
ETH 2505.59
USDT 1.00
SBD 2.48