အမုန်းမြို့သူ

in #life6 years ago

အမုန်းမြို့သူ

ကျ​နော်​လည်း အိမ်​ကိုတရက်​တ​လေ ​စော​စောပြန်​လာခဲ့​လေသည်​ အိမ်​လည်း​ရောက်​​ရော သူမမျက်​နှာမမြင်​ရ၍ ကျ​နော်​ အန်​တီ​မေကို ​မေးကြည့်​မိလိုက်​​လေသည်

အန်​တီ​မေ •••••ခွန်​နန်းဆက်​​ရော???

အော်​•••••••သား​လေး သမီး​လေးနန်းက သူမိဘ​တွေအိမ်​ခဏပြန်​သွားတယ်​​လေ

ဘာ•••••သူက သူမိဘ​တွေအိမ်​ပြန်​သွားတယ်​ ​တောက်​••••ဘယ်​သူခွင့်​ပြုချက်​နဲ့လည်း???

သား​လေးရယ်​ •••••သမီး​လေးကလည်း သူအိမ်​ကိုလွမ်းလို့ပြန်​သွားတာ​နေမှာပါ

ကျ​နော်​လိုက်​​ခေါလိုက်​အုန်းမယ်

ကားကိုအရှိန်​တင်​ကာ သူမရဲ့အိမ်​ကို လိုက်​လာခဲ့​လေသည်​ သူမအိမ်​​ရောက်​​တော့ ခြံထဲမှာ ကားတစီး ရပ်​ထား​လေရဲ့•••••

ကျ​နော်​ အိမ်​ထဲကို ဝင်​လာလိုက်​​တော့ မြင်​လိုက်​ရတဲ့မြင်​ကွင်း​ကြောင့်​ ကျ​နော်​​ဒေါသ​တွေ ငယ်​ထိပ်​အထိ မြင့်​တတ်​လာ​လေသည်

ဟို​ကောင်​ ​ကောင်​မြတ်​ကို ဧည့်သည်လုပ်ပြီး သူတို့မိသားစုတွေ တခမ်းတနားဧည်ခံနေလေရဲ့

ကျနော်နဲ့ဆို သူမျက်နှာက အမြဲတည်နေတဲ့လူက ဟိုအကောင်ရှေ့ကျတော့ သွား၃၂ချောင်ကိုဖြဲထားလေရဲ့

တောက်••••••ကျ​နော်​ရဲ့ ​တောက်​​ခေါက်​သံ​ကြောင့်​ သူတို့အားလုံးရဲ့ အာရုံ​တွေ ကျ​နော်​ဆီ လွှင့်​ပြန်​လာ​လေသည်

အော်​••••••သား​လေး လိုက်​လာတာလား ???သမီး​လေးလည်း​ရောက်​လာတာမကြာ​သေးပါဘူး လာ​လေ

ကျ​နော်​ ရုပ်​တည်​ကြီးနဲ့ သူမ​ဘေးနားဝင်​ထိုင်​လိုက်​ကာ သူမရဲ့လက်​ကိုခက်​တင်းတင်းဆွဲထားကာ ဟန်​မပျက်​ထိုင်​​နေ​လေရဲ့

သား​လေး•••••ဒီ​နေ့အိမ်​မှာ ရှမ်း​ခေါက်​ဆွဲလုပ်​စားကြတာ စားပြီးမှပြန်​​နော်

ရပါတယ်​ ••••ကျ​နော်​မစား​တော့ပါဘူးး အိမ်​မှာအလုပ်​​တွေရှိ​သေးလို့ နန်းကိုစိတ်​မချလို့ လာကြို​ပေးတာပါ

သူပါးစပ်​က ထွက်​ကျလာတဲ့ နန်းဆိုတဲ့ စကားလုံး​လေ​ကြောင့်​ ကျမသူမျက်​နှာကို ကြည်​ကာအံ​သြေ​နေမိသည်

ဒါဆို ကျ​နော်​တို့ကို ခွင့်​ပြုပါအုန်း​နော်​ အ​ဖေနဲ့အ​မေ

အော်​••••​အေး​အေး ​ကောင်း​ကောင်းပြန်​ကြ​တော့​နော်

အဲဆို ••••သမီးပြန်​​တော့မယ်​​နော်​ အ​ဖေနဲ့အ​မေ

ကျန်​မာ​ရေးဂရုစိုက်​​နော်​ သမီး​လေး

               @@@@@@

သူရဲ့ထုံးစံအတိုင်းဘဲ ကျမရဲ့လက်​ကို တင်းကျပ်​စွာ ကိုင်းထားသည်​မှ အလွန်​ကိုနာကျင်​လာပါပြီ

လာခဲ့•••••••မင်းထိကိုလာ???

ဖြေး​ဖြေးလုပ်​ပါ ကျမရဲ့လက်​နာလို့ •••••လွှတ်​ပါ

မလွှတ်​ဘူး•••••​တောက်​•••ငါ့မ​ပြောလိုက်​ချင်​ဘူးကွာ•••???

အားနာတယ်​ ကျမရဲ့လက်​ကိုလွှတ်​ပါ ရှင့်​ ဘာ​တွေဖြစ်​​နေတာလဲ???

မင်း ​ယောင်္ကျားလုပ်​သူက အပြင်​မှာပင်​ပင်​ပန်းပန်းအလုပ်​လုပ်​ပြီ ပြန်​လာတာကို ဖီလိမ်းပြင်​ဆင်​ပြီ​စောင့်​​နေမယ်​ မရှိဘူး အခု​တော့ မိဘအိမ်​ပြန်​ပြီ ငယ်​ချစ်​​ဟောင်းနဲ့ ပလူး​နေတယ်​​ပေါ့

ရှင့်​ •••ဘာစကား​ပြောတာလဲ???

ဘာစကား​ပြောရမှာလည်း မှန်​တာ​တွေ​ပြော​နေတာ​လေ မင်းရဲ့မိဘ​တွေက လည်း မင်းတို့ကို လွှတ်​ထား​ပေးတယ်​ အလိုတူအလိုပါ​တွေ​ပေါ့​လေ

ရှင့်​ ကျမမိဘ​တွေကို မ​စော်​ကားပါနဲ့ ကျမမိဘ​တွေနဲ့မဆိုင်​ဘူး

မင်းမိဘ​တွေ သူနဲ့သ​ဘောတူရင်​ အစကတည်းက မင်းကိုသူနဲ့​ပေးစာူးပါလား??ဘာလို့ ငါ့ကနွားဖြစ်​​အောင်​ယူ​နေ​သေးလဲ???

ဟုပ်​တယ်​ ••••••ရှင့်​သာ​ပေါမလာရင်​ ကျမက ​ကောင်​မြတ်​ကိုယူမလိုဘဲ ရှင့်​ကရုတ်​တရက်​​ပေါလာပြီး ကျမကို​ငွေ​တွေနဲ့ ဖိထားလို့ ယူခဲ့ရတာ

ဘာကွ•••••???မင်းဘာစကား​ပြောတာလဲ???

အမှန်​​တွေ​ပြောတာ​လေ••••ရှင့်​မှာ မိဘ​တွေမရှိ​တော့တိုင်း ကျမရဲ့မိဘ​တွေကိုမ​စော်​ကားပါနဲ့

ဘာ •••••ငါ့မိဘ​တွေ အ​ကြောင်းမင်းလို လူမျိုးပါးစပ်​ကထည့်​မ​ပြောနဲ့ မတန်​ဘူး ငါ့မိဘ​တွေက မင်းတို့မိဘ​တွေလို မယုတ်​မာဘူး မ​ကောက်​ကျစ်​ဘူး ကိုယ့်​ချမ်းသာဖို့ထက်​ သူတပါးရဲ့အသက်​ကို ရင်းပြီး သျများမိသားစုကို ဖျက်​ဆီးကတဲ့ လူ​တွေမဟုပ်​ဘူး ????

(ကျ​နော်​ ​ဒေါသ​ကြောင့်​ စကား​တွေလွန်​ကုန်​​လေသည်​)

ရှင့်​•••••ရှင့်​ဘာ​ပြောတာလဲ???ကျမမိဘ​တွေက ဘာလုပ်​ခဲ့လို့လဲ???

မင်းသိစရာမလိုဘူး •••••မင်းသိထားရမှာက ငါ့မသိဘဲ ဘယ်​ကိုမှမ​သွားနဲ့ ဘယ်​သူနဲ့မှမ​တွေ့နဲ့ မင်းဒီ​နေ့လိုမျိုး ကိုယ့်​သ​ဘောနဲ့ ကိုယ်​ထွက်​သွားမယ်​ဆိုရင်​ ငါ့အ​ကြောင်းမင်းသိမယ်

ရှင့်​အတ္တတော်တော်ကြီးပါလား???

မင်းငါ့ကိုပြန်​မ​ပြောနဲ့ ငါ့စကားကိုသာ မင်းနား​တောင်

ရှင်​•••••ရှင့်​?????

သူ​ပြောချင်​ရာ​ပြောပြီ သူထွက်​ခွာ​သွား​လေသည်

                 @@@@@@@

သမီး​လေးရဲ့ မင်္ဂလာ​ဆောင်​ပြီးကတည်းက ကျ​နော်​ဦးထွန်​​တောက်​ရဲ့ ပိုင်​ဆိုင်​သမျှကို လုပ်​ငန်းအားလုံးကို သမက်​လုပ်​သူကို အကုန်​လွှဲ​ပြောင်း​ပေးထားခဲ့တာပါ

အခုလည်း ဘုရားသွားရင်​ အပြန်​ ကျ​နော်​ရဲ့ကြိုးစားအားထုတ်​ခဲ့ရတဲ့ ကျ​နော်​ရဲရုံး​လေးထဲကို ဝင်​လာလိုကိ​​လေသည်

ဟာ•••••ဆရာ လာလည်​တာလား???

ဟုပ်​ပါဗျာ•••မ​ရောက်​တာကြာလို့ ဝင်​လာခဲ့လိုက်​​တာ​လေ

ဆရာရဲ့ သမက်​​လေးက ​တော်​လိုက်​တာဗျာ အကုန်​လုံးကို သူလက်​သူ​ခြေကြီးဘဲ ရုံးရဲ့ရှယ်​ယာရှင်​​တွေကို လည်းသူ​ဘဲ​ခေါခဲ့တာ​လေ သူကြောင့်​ပြန်​ရပ်​တည်​နိုင်​ခဲ့တာ​လေ

ဗျာ••••မဟုပ်​ပါဘူး ရှယ်​ယာ​တွေက ကျ​နော်​လက်​ထဲမှာကတည်းက အကုန်​တည်​တည်​ငြိမ်​ငြိမ်​ပါဘဲ ရှယ်​ယာ​တွေဆုံးရူံးမှာဆိုးလို့ ကျ​နော်​အိမ်​နဲ့တိုက်​​တောင်​ ​ပေါင်းထားခဲ့တာပါ

ဆရာလွှဲ​နေပြီထင်​တယ်​​နော်​•••ဟိုတခါ ​ဆောက်​လုပ်​​ရေး​တွေအရုံး​ပေါကတည်းက ဆရာရဲ့ရုမံှးာ ရှယ်​ယာရှင်​​တွေ အကုန်​နူတ်​ထွက်​ကုန်​ကြတာပါ
အဲဒါကို ဆရာရဲ့သမက်​က ရှယ်​ယာ၇၀%ကို သူဘဲဝယ်​လိုက်​တာပါ

ဗျာ•••••ရှယ်​ယာ​တွေကို သူဝယ်​လိုက်​တာ ဟုပ်​လား???

ဟုပ်​ပါတယ်​ ဆရာ သူကအဲကတည်းက ကျ​နော်​တို့ရုံးရဲ့ CEOဖြစ်​ခဲ့တာပါ ဒါ​ပေမဲ့ သူက CEO​နေရာကိုမယူဘဲ ဆရာကိုဘဲ​ပေးထားတာပါ သူကဆရာကိုဖွင့်​မ​ပြောပါနဲ့အုန်းဆိုလို့ပါ

သူက ဘာသ​ဘောလဲ??ငါ့ရဲ့​နောက်​​ကျောကို ​နောက်​က​နေဓားနဲ့ ထိုး​နေခဲ့တာလား??သူက ငါ့မိသာစုကို ကာကွယ်​​ပေးတာလား???တတ်​နင်းတာလား???မသိ​တော့ပါဘူး

ကျ​နော်​ကကိုယ့်​ကို ကိုယ်​​တော်​လှပြီထင်​​နေခဲ့တာ အခု​တော့မှ သူက ငါ့ကိုပါ အကွက်​​ရွှေ့သွားတာလား??? မုန်းမာန်​ခ မင်းကဘယ်​သူလဲ???

Sort:  

Congratulations @niy! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

SteemitBoard - Witness Update
Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.032
BTC 61572.53
ETH 2995.53
USDT 1.00
SBD 3.73