မရတဲ့အခါရပ်လိုက်တယ်

in #life6 years ago

@bobokyaw.jpg
နည်းသည်ဖြစ်စေ များသည်ဖြစ်စေ လုပ်နေရမှာပါဘဲ နည်းလို့မလုပ်တဲ့အခါ ထပ်နည်းသွားခဲ့ရင် လုံးဝရပ်တန့်သွားလိမ့်မယ်လေ
နည်းနည်းရလည်း ရနေသေးတယ်ဆိုတော့ မဆိုးဘူးပြောလို့ရပါတယ် အရင်က တစ်ရက်ရှာလို့ရတာက အခု ဆယ်ရက်ရှာနေရ
တာလည်း ဖြစ်ချင်ဖြစ်မယ် တစ်လရှာနေရတာလည်းဖြစ်ချင်ဖြစ်မယ် အရင်က ဘယ်လို ဘယ်ညာ ဒါတွေ ပြန်တွေးပြီး စိတ်ပျက်နေဖို့
အချိန်မရှိပါဘူး အရင်ကအရင်ဘဲလေ အခုကအခု ယခင်နဲ့ယခု ယခုသည်သာ အရေးအကြီးဆုံးမဟုတ်လား
ငယ်တုန်းက ရွှေထီးဆောင်းတာ ပြန်တွေးနေလို့လည်း အချိန်ကုန်ယုံသာ ရှိပါ့မယ်။ယခု လုပ်နိုင်တာကို အကောင်းဆုံးလုပ်ကြည့်ပါ့မယ်
နောင်အခါ အတွက်လည်း အများကြီး လှမ်းတွေးနေလို့ မရဘူးဆိုတာ ဒီလောက်ဆို သဘောပေါက်ပါပြီ
ကိုယ်ထိန်းချုပ်လို့မရတဲ့ အရာ ကိုယ်ဖန်တီးလို့မရတဲ့အရာတွေထဲမှာ နောင်အခါ ဆိုတာလည်း ပါတယ်လေ
လုပ်တာတော့ လုပ်နေတာပါဘဲ မနေ့ကအထိပေါ့ မနေ့ကတော့ ဘာမှ လုပ်မရလိုက်ဘူးရယ်
ဘယ်လုပ်လို့ရမတုန်း ဖွင့်လို့တောင်မရတာဆိုတော့ ဘာမှ လုပ်မရ ဒီအတိုင်း ထိုင်ကြည့်နေရတယ်
တစ်ရက်တစ်လေ မလုပ်လိုက်ရတာကိုဘဲ တစ်ခုခုလိုနေတယ်ဆိုတာ သိပ်သိသာတယ်
ဟာတာတာ ဒီရင်ထဲဆိုသလိုပေါ့ ပျက်များ ပျက်သွားပြီလားပေါ့ တော်ပါသေးရဲ့ ပို့စ်တွေသာ တင်မရ ဖတ်မရတာ
ဝေါလက်လေးတော့ ကြည့်လို့ရနေသေးတော့ ပျက်တော့ မပျက်သေးပါဘူးပေါ့
မကြာခဏကြုံရတော့ နည်းနည်း စိတ်ပူတာ သက်သာပါတယ် ဒါပေမယ့် အဲ့သလိုဖြစ်တိုင်း ခေါင်းချွေးပြန်လာတက်တယ်
ပျက်များပျက်သွားရင်တော့ မောရချည်သေးရဲ့
ရနိုးရနိုး ကောင်းနိုးကောင်းနိုးနဲ့ ထိုင်စောင့်တာ ညနက်သည်အထိ မရတော့မှာ စိတ်လျှော့ပြီး ဒီတစ်ရက်တော့ အလဟသ
ဖြစ်ပါပြီ ဆိုပြီး အိပ်လိုက်ရတယ်
ဒါနဲ့ဘဲ ဟိုဘက်ရပ်ကွက်ပြေးပြီး လုပ်စရာရှိတာလေးတွေ လုပ်နေရတာပေါ့ ရပ်ကွက်အသစ်လေး ရှိနေတော့ တော်ပါသေးတယ်
အလုပ်တော့ သိပ်မပျက်ဘူး ထင်တာဘဲ ဟိုဘက်မှာကလည်း ဒီဘက်နဲ့ ထပ်တူ လုပ်စရာတွေ ရှိနေတော့ နေသာပါတယ်လေ
ဟိုဘက်ရပ်ကွက်ကတော့ တစ်နေ့တစ်ခြား ကြီးထွားလို့လာနေတာ သတိထားမိတယ် အချို့လည်း ယုံကြည်ချက်အပြည့် အားကျိုးမာန်တက်အပြည့်ပေါ့ တစ်ချို့လည်း မယုံတစ်ဝက် ယုံတစ်ဝက် သို့လော သို့လော သံသယတွေနဲ့ပေါ့ အချို့ကတော့
စောင့်ကြည့်နေဆဲဘဲ
ဒီဘက်က နိုင်ငံခြားသား ဂုရုကြီးတွေလည်း ခြေလှမ်းပြင်နေတာတွေ တွေ့လာရပါပြီ အခြေနေကတော့ ဘာမဆိုဖြစ်လာနိုင်တယ်လေ
အခုက အစပိုင်းလောက် မလွယ်ကူတော့ပါဘူး တဖြည်းဖြည်း စည်းမျဉ်းတွေ တိုးတိုးလာပြီ ဒါကောင်းတဲ့ အလားအလာပေါ့
ခုဆို အကောင့်တစ်ခုရဖို့တောင့် အရင်လို မလွယ်တော့ဘူး ဘောနပ် ပါဝါ တစ်ရာ ရဖို့လည်း အသံဗလံတွေ ထွက်နေကြရပြီ
သိနေတယ်လေ ဒီလိုဖြစ်လာမယ်ဆိုတာ။
ခုချိန်ကတော့ ဟိုဘက်ဒီဘက် အားစမ်းတဲ့ အခြေအနေထိတော့ မရောက်သေးပါဘူး။ ဟိုဘက်က ရုန်းကန်နေဆဲပါဘဲ
အခြေအနေကတော့ အဖြေကတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားကြရပါတော့မယ်
အခြေအနေကတော့ ဂျိုကာဖဲလေး တစ်ချပ်လောက် ရှာထားသင့်တယ်ပေါ့ ဘာလာလာဒေါင်းလို့ရတယ် မဟုတ်လား

Sort:  

မရတာတော့ ကြာပါပြီ ရလာမလားလို့ လုပ်နေတာ

ဘာလာလာ ဒေါင်းအောင်း ဖဲကိုစီထားရတာပ

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66137.63
ETH 3161.38
USDT 1.00
SBD 4.13